မန္တလေးတိုင်း၀န်ကြီးချုပ် နှလုံးခုန်ရပ်သွားတဲ့သတင်းဟာ ကောလဟလသာဖြစ်

မန္တလေး ဇန်နဝါရီ ၈-၂၀၂၀
ဖြူဖြူ(VOM)

ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နှလုံးခုန်ရပ်သွားတဲ့အတွက် အရေးပေါ်ကုသနေရတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာထွက်ပေါ်နေတဲ့သတင်းတွေဟာ ကောလဟလဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ သိရပါတယ်။

“ဝန်ကြီးချုပ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ထွက်နေတဲ့ ကောလဟလသတင်းတွေက မဟုတ်ပါဘူး။ဆေးကုသမှုခံတာမှန်ပါတယ်။ တိုးတက်မှုရှိတယ်။ အခုဆေးရုံကနေပြီးလို့ သူခေတ္တတည်းခိုတဲ့ တိုက်ခန်းမှာ နားနေပါတယ်။ စောစောကပဲ ကျနော်တို့ ဝန်ကြီးချုပ်နဲ့တိုက်ရိုက် ဖုန်းပြောပြီးပါပြီ။”လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

အခုလို သတင်းတွေထွက်ပေါ်လာတဲ့အခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မိသားစုတွေထံ စုံစမ်း အတည်ပြုပြီးမှ ယုံကြဖို့ကိုလည်း ဦးတင်ထွဋ်ဦးက တိုက်တွန်း‌ပြောဆိုထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်၊ NLD ပါတီဒုဥက္ကဌလည်းဖြစ်တဲ့
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်ဟာ သွေးကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၈ ရက်မှာ အခုလို ကောလဟလ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေနဲ့ ထိုင်းနိုင်ငံမှာ ပထမအကြိမ်အဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာ နောက်ဆုံးပတ်အထိ ဆေးကုသမှုခံယူခဲ့ပြီး ဇန်နဝါရီ ၅ ရက်က နောက်တစ်ကြိမ် သွားရောက်ကုသမှုခံယူနေတာဖြစ်ပါတယ်။

ပြန်လာမယ့်ရက်ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

#VOM #voiceofmyanmar #မန္တလေး #၀န်ကြီးချုပ် #ဒေါက်တာဇော်မြင့်မောင် #ကောလဟလသတင်း

Zawgyi

မႏၲေလးတိုင္း၀န္ႀကီးခ်ဳပ္ ႏွလုံးခုန္ရပ္သြားတဲ့သတင္းဟာ ေကာလဟလသာျဖစ္

မႏၲေလး ဇန္နဝါရီ ၈-၂၀၂၀
ျဖဴျဖဴ(VOM)

ထိုင္းႏိုင္ငံမွာ ေဆးကုသမႈခံယူေနတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ႏွလုံးခုန္ရပ္သြားတဲ့အတြက္ အေရးေပၚကုသေနရတယ္ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာမွာထြက္ေပၚေနတဲ့သတင္းေတြဟာ ေကာလဟလျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။

“ဝန္ႀကီးခ်ဳပ္က်န္းမာေရးနဲ႔ပတ္သက္ၿပီး ထြက္ေနတဲ့ ေကာလဟလသတင္းေတြက မဟုတ္ပါဘူး။ေဆးကုသမႈခံတာမွန္ပါတယ္။ တိုးတက္မႈရွိတယ္။ အခုေဆး႐ုံကေနၿပီးလို႔ သူေခတၱတည္းခိုတဲ့ တိုက္ခန္းမွာ နားေနပါတယ္။ ေစာေစာကပဲ က်ေနာ္တို႔ ဝန္ႀကီးခ်ဳပ္နဲ႔တိုက္႐ိုက္ ဖုန္းေျပာၿပီးပါၿပီ။”လို႔ မႏၲေလးတိုင္းေဒသႀကီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးတင္ထြဋ္ဦးက ေျပာပါတယ္။

အခုလို သတင္းေတြထြက္ေပၚလာတဲ့အခါ သက္ဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ မိသားစုေတြထံ စုံစမ္း အတည္ျပဳၿပီးမွ ယုံၾကဖို႔ကိုလည္း ဦးတင္ထြဋ္ဦးက တိုက္တြန္း‌ေျပာဆိုထားတာ ျဖစ္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ NLD ပါတီဒုဥကၠဌလည္းျဖစ္တဲ့
ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ဟာ ေသြးကင္ဆာေရာဂါနဲ႔ ထိုင္းႏိုင္ငံမွာ ေဆးကုသမႈခံယူေနတာျဖစ္ၿပီး ဒီကေန႔ ဇန္နဝါရီ ၈ ရက္မွာ အခုလို ေကာလဟလ သတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနနဲ႔ ထိုင္းႏိုင္ငံမွာ ပထမအႀကိမ္အျဖစ္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလကေန ဒီဇင္ဘာ ေနာက္ဆုံးပတ္အထိ ေဆးကုသမႈခံယူခဲ့ၿပီး ဇန္နဝါရီ ၅ ရက္က ေနာက္တစ္ႀကိမ္ သြားေရာက္ကုသမႈခံယူေနတာျဖစ္ပါတယ္။

ျပန္လာမယ့္ရက္ကိုေတာ့ တိတိက်က် မသိရေသးဘူးလို႔ မႏၲေလးတိုင္းေဒသႀကီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးတင္ထြဋ္ဦးက ေျပာပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #၀န္ႀကီးခ်ဳပ္ #ေဒါက္တာေဇာ္ျမင့္ေမာင္ #ေကာလဟလသတင္း

Related posts

Leave a Comment

VOM News

FREE
VIEW