စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ စာသင်နှစ်တိုးမြင့်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်

စစ်ကိုင်း၊ ဇန်နဝါရီ ၈-၂၀၂၀
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်မှာရှိတဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဒီကနေ့မနက်ပိုင်းက အခြေခံပညာရေးကျောင်းတွေ စာသင်နှစ်တိုးမြင့်တာကို စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ် )က ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက မတ်လကုန်ထိ စာသင်ကာလသတ်မှတ်တာကို ကန့်ကွက်တဲ့ အနေနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမအနီး ဖဲကြိုးစိမ်းကမ်ပိန်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားများသမဂ္ဂ က အောက်ခြေဆန္ဒသဘောထားမပါတဲ့ ပညာရေးဝန်ကြီးဌာန ရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တယ်လို့ ဟောပြောခဲ့ပြီး ပညာရေးတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ကျောင်းသားများသမဂ္ဂအဖွဲ့က ဖဲကြိုးစိမ်းတပ်ဆင်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ခုလို့ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းကမ်ပိန်းကို မနေ့က မကွေးပညာရေးကောလိပ်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ စစ်ကိုင်းမြို့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ပညာရေးတက္ကသိုလ် #ဖဲကြိုးစိမ်း

Zawgyi

စစ္ကိုင္းပညာေရးတကၠသုိလ္မွာ စာသင္ႏွစ္တုိးျမင့္တာကို ကန္႔ကြက္တဲ့ ဖဲႀကိဳးစိမ္းကမ္ပိန္း ျပဳလုပ္

စစ္ကိုင္း၊ ဇန္နဝါရီ ၈-၂၀၂၀
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကုိင္းျမိဳ႕၊ ပတၱျမားရပ္ကြက္မွာရွိတဲ့ စစ္ကုိင္းပညာေရးတကၠသုိလ္မွာ ဒီကေန႔မနက္ပိုင္းက အေျခခံပညာေရးေက်ာင္းေတြ စာသင္ႏွစ္တုိးျမင့္တာကို စစ္ကိုင္းပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ( ဗကသမ်ားအဖြဲ႕ခ်ဳပ္ )က ကန္႔ကြက္တဲ့အေနနဲ႔ ဖဲႀကိဳးစိမ္းကမ္ပိန္း ျပဳလုပ္ခဲ့ပါတယ္။

ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနက မတ္လကုန္ထိ စာသင္ကာလသတ္မွတ္တာကို ကန္႔ကြက္တဲ႕ အေနနဲ႔ စစ္ကိုင္းပညာေရးတကၠသိုလ္၊ ဘြဲ႕ႏွင္းသဘင္ခန္းမအနီး ဖဲႀကိဳးစိမ္းကမ္ပိန္လွုပ္ရွားခဲ့တာ ျဖစ္ပါတယ္။

ေက်ာင္းသားမ်ားသမဂၢ က ေအာက္ေျခဆႏၵသေဘာထားမပါတဲ့ ပညာေရးဝန္ႀကီးဌာန ရဲ႕ လုပ္ရပ္ေတြကုိ ကန္႔ကြက္တယ္လုိ႕ ေဟာေျပာခဲ့ျပီး ပညာေရးတကၠသိုလ္ေက်ာင္းသားေက်ာင္းသူေတြကုိ ေက်ာင္းသားမ်ားသမဂၢအဖြဲ႔က ဖဲႀကိဳးစိမ္းတပ္ဆင္ေပးတာေတြ ျပဳလုပ္ခဲ့ပါတယ္။

ခုလို႔ကန္႔ကြက္တဲ့အေနနဲ႔ ဖဲႀကိဳးစိမ္းကမ္ပိန္းကို မေန႔က မေကြးပညာေရးေကာလိပ္မွာ စတင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီကေန႔ စစ္ကိုင္းၿမိဳ႕မွာ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ပညာေရးတကၠသိုလ္ #ဖဲႀကိဳးစိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW