နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျောက်မျက်ပွဲကနေ ကျောက်မျက်နဲ့ကျောက်စိမ်း ကျပ်သန်း၆၀နီးပါး ရောင်းချခဲ့ရ

နေပြည်တော်၊ ဇန်နဝါရီ ၈-၂၀၂၀
ကိုထွန်း(VOM)

နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျောက်မျက်ပွဲကနေ ကျောက်မျက်နဲ့ကျောက်စိမ်း ကျပ်သန်း (၆၀)နီးပါး ရောင်းချခဲ့ရတယ်လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကနေ သိရပါတယ်။

ကျောက်မျက်နဲ့ကျောက်စိမ်းရောင်းချပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကနေ ဇန်နဝါရီ(၇)ရက်နေ့ထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ၅ ရက်တိုင် ကျင်းပခဲ့တာဖြစ်ပါတယ်။

“ကျောက်မျက်ပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၃၆၉၅)တွဲ တင်ပြရောင်းချခဲ့ရာ (၃၄၉၁) တွဲ ရောင်းချနိုင်ခဲ့ပြီး မြန်မာကျပ်ငွေ (၅၉၄၅၉.၈၀) သန်းရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောက်မျက်(၂၈၂)တွဲကိုလည်း ခင်းကျင်း ပြသရောင်းချခဲ့ရာ (၉)တွဲ ရောင်းချခဲ့ရပြီး မြန်မာကျပ်ငွေ (၃၆.၉၂) သန်းရရှိခဲ့တယ်”လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသက်ခိုင် က ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ယခင်ပြုလုပ်တဲ့ ကျောက်မျက်ပွဲမှာ ကျောက်စိမ်းအတွဲ (၃၁၀၈) တင်ပြရောင်းချခဲ့ပြီး (၃၀၁၁) တွဲ ရောင်းချနိုင်ခဲ့ပြီး ကျောက်မျက် (၂၆၀)တွဲ တင်ပြရောင်းချခဲ့ရာ (၄၉)တွဲ ရောင်းချနိုင်ခဲ့ကာ စုစုပေါင်း မြန်မာငွေကျပ်သန်း (၆၀၈၉၁.၉၇) ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယခုပွဲကို ရတနာကုန်သည် ၂၀၂၃ ဦး တက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လမှာလုပ်ခဲ့တဲ့ ကျောက်မျက်ပွဲထက် ရောင်းချရငွေ အနည်းငယ်ကျဆင်းသွားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ကျောက်မျက် #ရောင်းချရငွေပမာဏ

Zawgyi

ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ ေက်ာက္မ်က္ပြဲကေန ေက်ာက္မ်က္နဲ႔ေက်ာက္စိမ္း က်ပ္သန္း၆၀နီးပါး ေရာင္းခ်ခဲ့ရ

ေနျပည္ေတာ္၊ ဇန္နဝါရီ ၈-၂၀၂၀
ကိုထြန္္း(VOM)

ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ ေက်ာက္မ်က္ပြဲကေန ေက်ာက္မ်က္နဲ႔ေက်ာက္စိမ္း က်ပ္သန္း (၆၀)နီးပါး ေရာင္းခ်ခဲ့ရတယ္လို႔ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္း၀ယ္ေရးလုပ္ငန္းကေန သိရပါတယ္။

ေက်ာက္မ်က္နဲ႔ေက်ာက္စိမ္းေရာင္းခ်ပြဲကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက္ေန႔ကေန ဇန္နဝါရီ(၇)ရက္ေန႔ထိ ေနျပည္ေတာ္ မဏိရတနာေက်ာက္စိမ္းခန္းမမွာ ၅ ရက္တိုင္ က်င္းပခဲ့တာျဖစ္ပါတယ္။

“ေက်ာက္မ်က္ပြဲတြင္ ေက်ာက္စိမ္းအတြဲေပါင္း (၃၆၉၅)တြဲ တင္ျပေရာင္းခ်ခဲ့ရာ (၃၄၉၁) တြဲ ေရာင္းခ်ႏိုင္ခဲ့ၿပီး ျမန္မာက်ပ္ေငြ (၅၉၄၅၉.၈၀) သန္းရရွိခဲ့ပါတယ္။ ဒါ့အျပင္ ေက်ာက္မ်က္(၂၈၂)တြဲကိုလည္း ခင္းက်င္း ျပသေရာင္းခ်ခဲ့ရာ (၉)တြဲ ေရာင္းခ်ခဲ့ရၿပီး ျမန္မာက်ပ္ေငြ (၃၆.၉၂) သန္းရရွိခဲ့တယ္”လို႔ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္း၀ယ္ေရးလုပ္ငန္းမွ အေထြေထြမန္ေနဂ်ာ ဦးသက္ခိုင္ က ဇန္နဝါရီလ ၇ ရက္ေန႔မွာ သတင္းမီဒီယာေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ယခင္ျပဳလုပ္တဲ့ ေက်ာက္မ်က္ပြဲမွာ ေက်ာက္စိမ္းအတြဲ (၃၁၀၈) တင္ျပေရာင္းခ်ခဲ့ၿပီး (၃၀၁၁) တြဲ ေရာင္းခ်ႏိုင္ခဲ့ၿပီး ေက်ာက္မ်က္ (၂၆၀)တြဲ တင္ျပေရာင္းခ်ခဲ့ရာ (၄၉)တြဲ ေရာင္းခ်ႏိုင္ခဲ့ကာ စုစုေပါင္း ျမန္မာေငြက်ပ္သန္း (၆၀၈၉၁.၉၇) ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ယခုပြဲကို ရတနာကုန္သည္ ၂၀၂၃ ဦး တက္ေရာက္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇြန္လမွာလုပ္ခဲ့တဲ့ ေက်ာက္မ်က္ပြဲထက္ ေရာင္းခ်ရေငြ အနည္းငယ္က်ဆင္းသြားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ေက်ာက္မ်က္ #ေရာင္းခ်ရေငြပမာဏ

Related posts

Leave a Comment

VOM News

FREE
VIEW