၂၀၁၉ခုနှစ်မှာ မန္တလေးခရိုင်အတွင်း မီးလောင်မှုပေါင်း(၈၈)ကြိမ်နဲ့ သန်း၂၂၀နီးပါးမီးလောင်ဆုံးရှုံးခဲ့

မန္တလေး၊ ဇန်နဝါရီ ၈-၂၀၁၉
လင်းခိုင်(VOM)

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကာလအတွင်း မန္တလေးခရိုင်ထဲမှာ မီးလောင်မှုပေါင်း(၈၈)ကြိမ်နဲ့ တန်ဖိုးငွေကျပ် သန်း(၂၂၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ဖြစ်တာအများစုကတော့ ပေါ့ဆမီးပေါ့ ၊ ပေါ့ဆမီးထဲမှာမှ လျှပ်စစ်ကြောင့်ဖြစ်တာများတယ်။ အရင်ကတည်းကစစ်တမ်းအရ မီးလောင်မှုဖြစ်ပွားရင် ၃ကြိမ်မှာ ၂ကြိမ်က လျှပ်စစ်မီးကြောင့်ဖြစ်ပွားမှုနူန်းများပါတယ်”လို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှ ခရိုင်မီးသတ်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းကပြောပါတယ်။

၂၀၁၉ခုနှစ်မှာ မန္တလေးခရိုင်အတွင်း မြို့နယ်(၇)မြို့နယ်ဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်မှာ မီးလောင်မှု(၆)ကြိမ်၊ အောင်မြေသာစံမြို့နယ်မှာ (၁၃)ကြိမ်၊ မဟာအောင်မြေမြို့နယ်မှာ(၁၆)ကြိမ်၊ ချမ်းမြသာစည်မြို့နယ်မှာ(၁၂)ကြိမ်၊ ပြည်ကြီးတံခွန်မြို့နယ်မှာ(၁၃)ကြိမ်၊ အမရပူရမြို့နယ်မှာ(၁၃)ကြိမ်၊ ပုသိမ်ကြီးမြို့နယ်မှာ(၁၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုစာရင်းတွေကို နိူင်းယှဉ်ချက်အရ ၂၀၁၈ခုနှစ်မှာ မီးလောင်မှုအကြိမ်ရေ (၈၅)ကြိမ် နဲ့ ၂၀၁၉ခုနှစ်မှာ မီးလောင်မှုအကြိမ်ရေ(၈၈)ကြိမ်ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၈ခုနှစ်ရဲ့ မီးလောင်ဆုံးရှုံးမှုမှာ ကျပ်သန်း(၂၉၀)ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #၂၀၁၉ #မီးလောင်မှုစာရင်း

Zawgyi

၂၀၁၉ခုႏွစ္မွာ မႏၲေလးခ႐ိုင္အတြင္း မီးေလာင္မႈေပါင္း(၈၈)ႀကိမ္နဲ႔ သန္း၂၂၀နီးပါးမီးေလာင္ဆုံးရႈံးခဲ့

မႏၲေလး၊ ဇန္နဝါရီ ၈-၂၀၁၉
လင္းခိုင္(VOM)

ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ကာလအတြင္း မႏၲေလးခ႐ိုင္ထဲမွာ မီးေလာင္မႈေပါင္း(၈၈)ႀကိမ္နဲ႔ တန္ဖိုးေငြက်ပ္ သန္း(၂၂၀)နီးပါး မီးေလာင္ဆုံးရႈံးခဲ့တယ္လို႔ မႏၲေလးခ႐ိုင္မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

“ျဖစ္တာအမ်ားစုကေတာ့ ေပါ့ဆမီးေပါ့ ၊ ေပါ့ဆမီးထဲမွာမွ လွ်ပ္စစ္ေၾကာင့္ျဖစ္တာမ်ားတယ္။ အရင္ကတည္းကစစ္တမ္းအရ မီးေလာင္မႈျဖစ္ပြားရင္ ၃ႀကိမ္မွာ ၂ႀကိမ္က လွ်ပ္စစ္မီးေၾကာင့္ျဖစ္ပြားမႈႏူန္းမ်ားပါတယ္”လို႔ မႏၲေလးခ႐ိုင္မီးသတ္ဦးစီးမွ ခ႐ိုင္မီးသတ္မီးသတ္ဦးစီးမႉး ဦးေက်ာ္ဆန္းကေျပာပါတယ္။

၂၀၁၉ခုႏွစ္မွာ မႏၲေလးခ႐ိုင္အတြင္း ၿမိဳ႕နယ္(၇)ၿမိဳ႕နယ္ျဖစ္တဲ့ ခ်မ္းေအးသာစံၿမိဳ႕နယ္မွာ မီးေလာင္မႈ(၆)ႀကိမ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္မွာ (၁၃)ႀကိမ္၊ မဟာေအာင္ေျမၿမိဳ႕နယ္မွာ(၁၆)ႀကိမ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ(၁၂)ႀကိမ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာ(၁၃)ႀကိမ္၊ အမရပူရၿမိဳ႕နယ္မွာ(၁၃)ႀကိမ္၊ ပုသိမ္ႀကီးၿမိဳ႕နယ္မွာ(၁၅)ႀကိမ္ျဖစ္ပြားခဲ့တယ္လို႔ မႏၲေလးခ႐ိုင္မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

မီးေလာင္မႈစာရင္းေတြကို ႏိူင္းယွဥ္ခ်က္အရ ၂၀၁၈ခုႏွစ္မွာ မီးေလာင္မႈအႀကိမ္ေရ (၈၅)ႀကိမ္ နဲ႔ ၂၀၁၉ခုႏွစ္မွာ မီးေလာင္မႈအႀကိမ္ေရ(၈၈)ႀကိမ္ျဖစ္ပြားခဲ့ေပမယ့္ ၂၀၁၈ခုႏွစ္ရဲ႕ မီးေလာင္ဆုံးရႈံးမႈမွာ က်ပ္သန္း(၂၉၀)ေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #၂၀၁၉ #မီးေလာင္မႈစာရင္း

Related posts

Leave a Comment

VOM News

FREE
VIEW