ညောင်တုန်းမြို့ရှိ ကမ်းနားတာက မြေသားများ ၉ပေခန့် နိမ့်ကျမူဖြစ်ပွား

ဧရာဝတီ၊ဇန်နဝါရီ ၉-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ (၂၁)လမ်းနဲ့ (၂၂)လမ်းကြားရှိ ကမ်းနားတာဟာ မနေ့ဇန်နဝါရီ ၈ရက် ညပိုင်းက ၉ပေခန့် မြေနိမ့်ကျသွားခဲ့တယ်လို့ သိရပါတယ်။

ကမ်းနားတာရဲ့ မြေအက်ကြောင်းဟာ (၃၆၅)ပေခန့်ရှိပြီး၊ နိမ့်ကြသွားတဲ့ အကျယ်အဝန်းမှာ ပေ(၂၅၀) ခန့်နဲ့ အနက်ပေ(၉)ပေခန့်ရှိတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကနေ သိရပါတယ်။

“ဖြစ်တာတော့ မနေ့က မနက်၇နာရီစဖြစ်တာ ညပိုင်းကြပိုဆိုးလာရော၊ လူနေအိမ်တွေနဲ့တော့ ၁၀ပေလောက်ဝေးသေးတယ်၊ ခု တိုင်းအစိုးရအဖွဲ့ကို စာနဲ့တင်ပြထားပါတယ်။ အရေးပေါ်အခြေအနေတွေအတွက်လဲ ပြင်ဆင်ထားပါတယ်”လို့ ညောင်တုန်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး ဧရာဝတီတိုင်းဘေးအန္တရာယ် စီမံခန့်ခွဲ့မှုဦးစီးဌာန ညွန်ကြားရေးမှူးဦးသန်းစိုးကို ဆက်သွယ်မေးမြန်းကြည့်ရာ “လက်ရှိအခြေအနေမှာ တိုင်းရေအရင်းမြစ်ဦးစီးဌာန နှဲ့ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်တို့ စစ်ဆေးနေပြီး ဒေသခံတွေရဲ့ ပြောကြားချက်အရ မြေအိဆင်းသွားတယ်လို့ လတ်တလောသိရပြီး၊ အသေးစိတ်ကိုမသိရသေးဘူး”လို့ ပြောပါတယ်။

ကမ်းနားတာ နိမ့်ကျသွားတဲ့အနီးမှာ လူနေအိမ်(၁၀)လုံးနဲ့မူလတန်းကျောင်းတစ်ကျောင်းတစ်ကျောင်းရှိပြီ း ကျောင်းသား/သူတွေကို ညောင်းတုန်းသွန်းဘုရားကြီးဝန်းအတွင်းကို ရွှေ့ပြောင်းသင်ပေးနေရတယ်လို့သိရပါတယ်။

Photo-ဒေါ်နီနီမိုး(FB)
#VOM #voiceofmyanmar #ညောင်တုန်း #ကမ်းနားတာ #မြေနိမ့်ကျ

Zawgyi

ေညာင္တုန္းၿမိဳ႕ရိွ ကမ္းနားတာက ေျမသားမ်ား ၉ေပခန္႔ နိမ့္က်မူျဖစ္ပြား

ဧရာဝတီ၊ဇန္နဝါရီ ၉-၂၀၂၀
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ မအူပင္ခရိုင္၊ ေညာင္တုန္းၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ (၂၁)လမ္းနဲ႔ (၂၂)လမ္းၾကားရွိ ကမ္းနားတာဟာ မေန႔ဇန္နဝါရီ ၈ရက္ ညပိုင္းက ၉ေပခန္႔ ေျမနိမ့္က်သြားခဲ့တယ္လို႔ သိရပါတယ္။

ကမ္းနားတာရဲ႕ ေျမအက္ေၾကာင္းဟာ (၃၆၅)ေပခန႔္ရွိၿပီး၊ နိမ့္ၾကသြားတဲ့ အက်ယ္အဝန္းမွာ ေပ(၂၅၀) ခန္႔နဲ႕ အနက္ေပ(၉)ေပခန႔္ရွိတယ္လို႔ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြကေန သိရပါတယ္။

“ျဖစ္တာေတာ့ မေန႔က မနက္၇နာရီစျဖစ္တာ ညပိုင္းၾကပိုဆိုးလာေရာ၊ လူေနအိမ္ေတြနဲ႔ေတာ့ ၁၀ေပေလာက္ေဝးေသးတယ္၊ ခု တိုင္းအစိုးရအဖြဲ႕ကို စာနဲ႔တင္ျပထားပါတယ္။ အေရးေပၚအေျခအေနေတြအတြက္လဲ ျပင္ဆင္ထားပါတယ္”လုိ႔ ေညာင္တုန္း ျမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနီနီမိုးကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ ပက္သက္ၿပီး ဧရာဝတီတိုင္းေဘးအႏၲရာယ္ စီမံခန္႔ခြဲ႕မႈဦးစီးဌာန ညြန္ၾကားေရးမႉးဦးသန္းစိုးကို ဆက္သြယ္ေမးျမန္းၾကည့္ရာ “လက္ရွိအေျခအေနမွာ တိုင္းေရအရင္းျမစ္ဦးစီးဌာန နွဲ႔ ဌာနဆိုင္ရာ၊ လႊတ္ေတာ္ကိုယ္စားလွယ္တို႔ စစ္ေဆးေနၿပီး ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရ ေျမအိဆင္းသြားတယ္လို႔ လတ္တေလာသိရၿပီး၊ အေသးစိတ္ကိုမသိရေသးဘူး”လို႔ ေျပာပါတယ္။

ကမ္းနားတာ နိမ့္က်သြားတဲ့အနီးမွာ လူေနအိမ္(၁၀)လံုးနဲ႕မူလတန္းေက်ာင္းတစ္ေက်ာင္းတစ္ေက်ာင္း႐ွိၿပီ း ေက်ာင္းသား/သူေတြကို ေညာင္းတုန္းသြန္းဘုရားႀကီးဝန္းအတြင္းကို ေရႊ႕ေျပာင္းသင္ေပးေနရတယ္လို႔သိရပါတယ္။

Photo-ေဒၚနီနီမိုး(FB)
#VOM #voiceofmyanmar #ေညာင္တုန္း #ကမ္းနားတာ #ေျမနိမ့္က်

Related posts

Leave a Comment

VOM News

FREE
VIEW