မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ရသေ့တောင်မြို့ပေါ်မှာ စာကပ်ပြီးသတိပေး

ရသေ့တောင်၊ ဇန်နဝါရီ ၉- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ရသေ့တောင်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို သတိပေးတဲ့အနေနဲ့ မြို့တွင်းလျှပ်စစ်ဓါတ်မီးတိုင်တွေမှာ တားမြစ်တဲ့စာအများအပြားကို ကပ်ထားတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ အမှန်တကယ်ရှိတယ်လို့လည်း မြို့ပေါ်ဒေသခံတွေက ပြောပါတယ်။

“ ဒီလို စာကပ်တဲ့အပေါ်မှာ ကောင်းတယ်လို့မြင်တယ်။ ကောင်းတဲ့အလုပ်ပဲ။ ဒီဟာက လူငယ်တွေပျက်စီးနေတယ်။ စေတနာရှင်တစ်ဖွဲ့က ဒီလူငယ်တွေမပျက်စီးအောင် လုပ်တဲ့သဘောထား သာဖြစ်တယ်။ ဒါကြောင့် မိဘတွေလည်း သတိထားလာမယ်။ ကလေးတွေလည်း သတိထားလာမယ်။ တခြားအပိုင်းတွေတော့ ကျနော်တို့မပြောလိုဘူး။ စာကိုဖတ်လိုက်တော့ ကောင်းတယ်လို့ထင်တယ်။ အမှန်ကတော့ အဲ့ဒါကိုလက်ခံရမယ်။ပြီးမှ အနာဂတ်မှာ ရခိုင်လူငယ်တွေလူတော်လူကောင်းဖြစ်လာမှာ ဖြစ်တယ်။ ”လို့ ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်က ပြောပါတယ်။

အခုလိုမျိုး စာကပ်သတိပေးတာဟာ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ အတိအကျမသိပေမယ့် သတိပေးစာထဲမှာတော့ “ရခိုင်မျိုးချစ်လူငယ်များ” လို့ ပါဝင်တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးကို မတားမဆီး၊ မဖမ်းဆီးဘဲထားမယ်ဆိုရင် ရခိုင်လူငယ်လူရွယ်တွေဟာ လူညွှန့်တုံးသွားနိုင်တဲ့ အဆင့်ထိဖြစ်လာနိုင်တယ်လို့လည်း မြို့မိမြို့ဖတွေက ပြောပါတယ်။

“ စာကပ်ထားတာတော့ အမှန်ပါပဲ။ ကောင်းပါတယ်။ ဒီမှာတော့ မနက်ကကပ်ထားတာလား အသေချာမသိဘူး။ မိဘတွေဆုံးမသွန်သင်လို့ မရတဲ့သူတွေကို တားမြစ်တာ ကျမတို့ကြိုဆိုပါတယ်။” လို့ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့ရဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ် ၂၀ ကျော်ကို အေအေကဖမ်းဆီးသွားအပြီး မကြာမီမှာ ကျောက်တော်နဲ့ မင်းပြားမြို့ပေါ်က ဓါတ်တိုင်တွေမှာလည်း အခုလို သတိပေးစာတွေကပ်တာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #မူးယစ်ဆေး #သတိပေးစာကပ်

Zawgyi

မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲသူေတြကို ရေသ႔ေတာင္ၿမိဳ႕ေပၚမွာ စာကပ္ၿပီးသတိေပး

ရေသ႔ေတာင္၊ ဇန္နဝါရီ ၉- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ႔ ရေသ႔ေတာင္ၿမိဳ႕မွာ မူးယစ္ေဆးဝါးေရာင္းဝယ္သံုးစြဲသူေတြကို သတိေပးတဲ့အေနနဲ႔ ၿမိဳ႕တြင္းလ်ွပ္စစ္ဓါတ္မီးတိုင္ေတြမွာ တားျမစ္တဲ့စာအမ်ားအျပားကို ကပ္ထားတယ္လို႔ သိရပါတယ္။

ရေသ့ေတာင္ၿမဳိ႕မွာ မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲသူေတြ အမွန္တကယ္ရွိတယ္လို႔လည္း ၿမိဳ႕ေပၚေဒသခံေတြက ေျပာပါတယ္။

“ ဒီလို စာကပ္တဲ႔အေပၚမွာ ေကာင္းတယ္လို႔ျမင္တယ္။ ေကာင္းတဲ႔အလုပ္ပဲ။ ဒီဟာက လူငယ္ေတြပ်က္စီးေနတယ္။ ေစတနာရွင္တစ္ဖြဲ႕က ဒီလူငယ္ေတြမပ်က္စီးေအာင္ လုပ္တဲ႔သေဘာထား သာျဖစ္တယ္။ ဒါေၾကာင့္ မိဘေတြလည္း သတိထားလာမယ္။ ကေလးေတြလည္း သတိထားလာမယ္။ တျခားအပိုင္းေတြေတာ့ က်ေနာ္တို႔မေျပာလိုဘူး။ စာကိုဖတ္လိုက္ေတာ့ ေကာင္းတယ္လို႔ထင္တယ္။ အမွန္ကေတာ့ အဲ့ဒါကိုလက္ခံရမယ္။ၿပီးမွ အနာဂတ္မွာ ရခိုင္လူငယ္ေတြလူေတာ္လူေကာင္းျဖစ္လာမွာ ျဖစ္တယ္။ ”လို႔ ရေသ႔ေတာင္ၿမိဳ႕ အေရွ႕ေတာင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးလွမ်ိဳးႏိုင္က ေျပာပါတယ္။

အခုလိုမ်ိဳး စာကပ္သတိေပးတာဟာ ဘယ္အဖြဲ႔က လုပ္ေဆာင္တယ္ဆိုတာ အတိအက်မသိေပမယ္႔ သတိေပးစာထဲမွာေတာ႔ “ရခိုင္မ်ိဳးခ်စ္လူငယ္မ်ား” လို႔ ပါဝင္တာျဖစ္ပါတယ္။

မူးယစ္ေဆးဝါးကို မတားမဆီး၊ မဖမ္းဆီးဘဲထားမယ္ဆိုရင္ ရခိုင္လူငယ္လူရြယ္ေတြဟာ လူညႊန္႔တုံုးသြားႏိုင္တဲ႔ အဆင့္ထိျဖစ္လာႏိုင္တယ္လို႔လည္း ၿမိဳ႕မိၿမိဳ႕ဖေတြက ေျပာပါတယ္။

“ စာကပ္ထားတာေတာ႔ အမွန္ပါပဲ။ ေကာင္းပါတယ္။ ဒီမွာေတာ့ မနက္ကကပ္ထားတာလား အေသခ်ာမသိဘူး။ မိဘေတြဆံုးမသြန္သင္လို႔ မရတဲ႔သူေတြကို တားျမစ္တာ က်မတို႔ႀကိဳဆိုပါတယ္။” လို႔ အမည္မေဖာ္လိုတဲ႔ ရေသ့ေတာင္ၿမိဳ႕ရဲ႕ ေဒသခံတစ္ဦးက ေျပာပါတယ္။

ၿပီးခ႔ဲတဲ႔ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကလည္း ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕က မူးယစ္ေဆးဝါးသံုးစြဲေနတဲ႔ လူငယ္ ၂၀ ေက်ာ္ကို ေအေအကဖမ္းဆီးသြားအၿပီး မၾကာမီမွာ ေက်ာက္ေတာ္နဲ႔ မင္းျပားၿမိဳ႕ေပၚက ဓါတ္တိုင္ေတြမွာလည္း အခုလို သတိေပးစာေတြကပ္တာမ်ိဳး ရွိခဲ႔တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #မူးယစ္ေဆး #သတိေပးစာကပ္

Related posts

Leave a Comment

VOM News

FREE
VIEW