ကူကီးအမျိုးသမီးတွေအနေနဲ့ နိမ့်ချဆက်ဆံခံရခြင်းတွေ ကြုံတွေ့နေရ

တမူး၊ ဇန်နဝါရီ ၁၀-၂၀၂၀
ဂေါင်ဂေါင်(VOM)

ကူကီးအမျိုးသမီးတွေဟာ ရှေးရိုးစွဲအယူအစတွေနဲ့ ထိန်းချုပ်ခံနေရပြီး မိသားစုအတွင်း သမီးဖြစ်သူတွေဟာ အိမ်ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အမွေဆက်ခံနိုင်ခွင့်မရှိခြင်း ၊ အိမ်ထောင်ကျအမျိုးသမီးအနေဖြင့်လဲ လင်မယားကွာရှင်းမှုများတွင် သား/သမီးများကို ပိုင်ဆိုင်ခွင့်မရှိခြင်း၊ အမျိုးသမီးများကို ဦးဆောင်ပါဝင်ခွင့်မရှိခြင်း စတဲ့ ကျား/မ တန်းတူမရှိခြင်းတွေကို ကူကီးအမျိုးသမီးတွေအနေနဲ့ နိမ့်ချဆက်ဆံခံနေရတယ်လို့ ကူကီးအမျိုးသမီးအဖွဲ့ကနေသိရပါတယ်။

“ကူကီးတိုင်းရင်သားများ အများစုနေထိုင်တဲ့ မြို့ရွာများမှာ အိန္ဒိယနယ်စပ်များနှင့် ထိစပ်မှုအများဆုံးဖြစ်ပြီး မူးယစ်ဆေးများ အလွယ်တကူ ရောင်းဝယ်ခွင့်များရှိသဖြင့် အရွယ်မရောက်သေးတဲ့ လူငယ်များအပြင် အမျိုးသမီးများပါ မူးယစ်ဆေးဝါသုံးစွဲမှုများရှိနေပါတယ်၊ တာဝန်ရှိသူများမှလဲ မူယစ်ဆေးဝါးနဲ့ပက်သက်ပြီး နိမ်နှင်းမှုများကို နိုင်ငံတော်အဆင့်ဖမ်းဆီးမှုများပြုလုပ်နေတာကို ဝမ်းသာပါတယ် ၊ ထိရောက်တဲ့ဖမ်းဆီးမှုများဖြစ်ရန် နယ်မြေခံပြည်သူများနှင့်ပူးပေါင်းပြီး ဖမ်းဆီးမှုများပြုလုပ်စေချင်တယ်”လို့ ကူကီးအမျိုးသမီးအဖွဲ့ဝင် ဒေါ်နိမ်ခိုဟက်ကပြောပါတယ်။

ကူကီးအမျိုးသမီးတွေ နိမ့်ချဆက်ဆံခံနေရတာနဲ့ ပက်သက်ပြီး တမူးခရိုင်၊တမူးမြို့ နယ် အထက်ပိုင်းကျွန်ပင်သားကျေးရွာတွင် ၂၀၂၀ ၊ ဇန်နဝါရီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ ကူကီးအမျိုးသမီးဆိုင်ရာ နှီးနှော်ဖလည်ပွဲပြုလုပ်ခဲ့ကာ တမူးခရိုင်က ကျေးရွာပေါင်း ၂၇ ရွာမှ အမျိုးသမီး ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကူကီးအမျိုးသမီးအဖွဲ့ရဲ့ ဦးဆောင်သူဒေါ်ကင်ဘွိုင်ကလည်း “ကူကီးအမျိုးသမီးဆိုင်ဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ အမျိုးသမီးများ မြန်မာနိုင်ငံဥပဒေနဲ့အညီ ကျား/မ တန်းတူအခွင့်အရေး ရရှိစေရန်၊ မျိုးနွယ်စုထုံးစံ အချို့မှအမျိုးသမီးများအပေါ် ဖိနှိမ်ထားခြင်းများကို အစိုးရအနေနဲ့ ပူပေါင်းပြီး ပါဝင်ကူညီပေးစေရန် ဖြစ်တယ်”လို့ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #တမူး #ကူကီးအမျိုးသမီး #နိမ့်ချဆက်ဆံခံနေရ

Zawgyi

ကူကီးအမ်ိဳးသမီးေတြအေနနဲ႔ နိမ့္ခ်ဆက္ဆံခံရျခင္းေတြ ႀကံဳေတြ႔ေနရ

တမူး၊ ဇန္နဝါရီ ၁၀-၂၀၂၀
ေဂါင္ေဂါင္(VOM)

ကူကီးအမ်ိဳးသမီးေတြဟာ ေရွး႐ိုးစြဲအယူအစေတြနဲ႔ ထိန္းခ်ဳပ္ခံေနရၿပီး မိသားစုအတြင္း သမီးျဖစ္သူေတြဟာ အိမ္ေထာင္က်သည္ျဖစ္ေစ၊ မက်သည္ျဖစ္ေစ အေမြဆက္ခံႏိုင္ခြင့္မရွိျခင္း ၊ အိမ္ေထာင္က်အမ်ိဳးသမီးအေနျဖင့္လဲ လင္မယားကြာရွင္းမႈမ်ားတြင္ သား/သမီးမ်ားကို ပိုင္ဆိုင္ခြင့္မရွိျခင္း၊ အမ်ိဳးသမီးမ်ားကို ဦးေဆာင္ပါဝင္ခြင့္မရွိျခင္း စတဲ့ က်ား/မ တန္းတူမရွိျခင္းေတြကို ကူကီးအမ်ိဳးသမီးေတြအေနနဲ႔ နိမ့္ခ်ဆက္ဆံခံေနရတယ္လို႔ ကူကီးအမ်ိဳးသမီးအဖြဲ႕ကေနသိရပါတယ္။

“ကူကီးတိုင္းရင္သားမ်ား အမ်ားစုေနထိုင္တဲ့ ၿမိဳ႕႐ြာမ်ားမွာ အိႏၵိယနယ္စပ္မ်ားႏွင့္ ထိစပ္မႈအမ်ားဆုံးျဖစ္ၿပီး မူးယစ္ေဆးမ်ား အလြယ္တကူ ေရာင္းဝယ္ခြင့္မ်ားရွိသျဖင့္ အ႐ြယ္မေရာက္ေသးတဲ့ လူငယ္မ်ားအျပင္ အမ်ိဳးသမီးမ်ားပါ မူးယစ္ေဆးဝါသုံးစြဲမႈမ်ားရွိေနပါတယ္၊ တာဝန္ရွိသူမ်ားမွလဲ မူယစ္ေဆးဝါးနဲ႔ပက္သက္ၿပီး နိမ္ႏွင္းမႈမ်ားကို ႏိုင္ငံေတာ္အဆင့္ဖမ္းဆီးမႈမ်ားျပဳလုပ္ေနတာကို ဝမ္းသာပါတယ္ ၊ ထိေရာက္တဲ့ဖမ္းဆီးမႈမ်ားျဖစ္ရန္ နယ္ေျမခံျပည္သူမ်ားႏွင့္ပူးေပါင္းၿပီး ဖမ္းဆီးမႈမ်ားျပဳလုပ္ေစခ်င္တယ္”လို႔ ကူကီးအမ်ိဳးသမီးအဖြဲ႕ဝင္ ေဒၚနိမ္ခိုဟက္ကေျပာပါတယ္။

ကူကီးအမ်ိဳးသမီးေတြ နိမ့္ခ်ဆက္ဆံခံေနရတာနဲ႔ ပက္သက္ၿပီး တမူးခ႐ိုင္၊တမူးၿမိဳ႕ နယ္ အထက္ပိုင္းကြၽန္ပင္သားေက်း႐ြာတြင္ ၂၀၂၀ ၊ ဇန္နဝါရီ ၈ ရက္ေန႔နဲ႔ ၉ ရက္ေန႔မွာ ကူကီးအမ်ိဳးသမီးဆိုင္ရာ ႏွီးေႏွာ္ဖလည္ပြဲျပဳလုပ္ခဲ့ကာ တမူးခ႐ိုင္က ေက်း႐ြာေပါင္း ၂၇ ႐ြာမွ အမ်ိဳးသမီး ၃၀၀ ေက်ာ္ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

ကူကီးအမ်ိဳးသမီးအဖြဲ႕ရဲ႕ ဦးေဆာင္သူေဒၚကင္ဘြိဳင္ကလည္း “ကူကီးအမ်ိဳးသမီးဆိုင္ေဆြးေႏြးပြဲျပဳလုပ္ရျခင္းမွာ အမ်ိဳးသမီးမ်ား ျမန္မာႏိုင္ငံဥပေဒနဲ႔အညီ က်ား/မ တန္းတူအခြင့္အေရး ရရွိေစရန္၊ မ်ိဳးႏြယ္စုထုံးစံ အခ်ိဳ႕မွအမ်ိဳးသမီးမ်ားအေပၚ ဖိႏွိမ္ထားျခင္းမ်ားကို အစိုးရအေနနဲ႔ ပူေပါင္းၿပီး ပါဝင္ကူညီေပးေစရန္ ျဖစ္တယ္”လုိ႔ ေဆြးေႏြးပြဲမွာ ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #တမူး #ကူကီးအမိ်ဳးသမီး #နိမ့္ခ်ဆက္ဆံခံေနရ

Related posts

Leave a Comment

VOM News

FREE
VIEW