ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က အပြီးသတ် အမိန့်ချမယ်

ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က အပြီးသတ် အမိန့်ချမယ်
နေပြည်တော် ဇန်နဝါရီ ၁၀-၂၀၂၀

တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို သတ်တဲ့အမှု စီရင်ချက်ကို နေပြည်တော်တရားလွှတ်တော်မှာ ပြင်ဆင်မိန်. တက်ထားတဲ့ကိစ္စ ၁၀/၁/၂၀၂၀ မနက် ၉း၃၀နာရီ မှာ နေပြည်တော်တရားလွှတ်တော်ချုပ်မှာ အပြီးသတ်အမိန့်ချမှတ်မှာဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ဦးကိုနီနဲ့ ဦးနေဝင်းဟာ ၂၉/၁/၂၀၁၇ တနင်္ဂနွေနေ့ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သေနတ်သမား ကြည်လင်းနဲ့ ပူးပေါင်း ကြံစည်သူ အောင်ဝင်းဇော်တို့ နှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် ၂၀၁၉ ဖေဖေါ်ဝါရီ ၁၅ ရက်က ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ တခြားတရားခံ ဇေယျာဖြိုး ကိုတော့ ၅နှစ် ၊ အောင်ဝင်းထွန်း ကို ၃နှစ်ချမှတ်တာဟာ လုပ်ရပ်ထက် ပြစ်ဒဏ်ဟာ နည်းနေတဲ့အတွက် ခုလိုနေပြည်တော်တရားလွှတ်တော်ကိုထပ်မံလျှောက်ထားခဲ့တာမို့ ဒီကနေ့ အပြီးသတ်ချမှတ်မှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဦးကိုနီ #ဦးနေဝင်း #ကြည်လင်း

Zawgyi

ေရွ႕ေနၾကီး ဦးကိုုနီကိုုသတ္တဲ႕အမွဳ ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္က အျပီးသတ္ အမိန္႕ခ်မယ္
ေနျပည္ေတာ္ ဇန္နဝါရီ ၁၀-၂၀၂၀
ကိုုထြန္း (VOM)

တရားလႊတ္ေတာ္ေရွ႕ေနဦးကိုုနီနဲ႕ အငွားယာဥ္ေမာင္း ဦးေနဝင္းတို႔ကိုု သတ္တဲ႕အမွဳ စီရင္ခ်က္ကိုု ေနျပည္ေတာ္တရားလႊတ္ေတာ္မွာ ျပင္ဆင္မိန္. တက္ထားတဲ႕ကိစၥ ၁၀/၁/၂၀၂၀ မနက္ ၉း၃၀နာရီ မွာ ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္မွာ အၿပီးသတ္အမိန႔္ခ်မွတ္မွာျဖစ္တယ္လိုု႕ ဒီအမွဳကိုု လုုိက္ပါေဆာင္ရြက္ေပးေနတဲ႕ ေရွ႕ေနအသိုုင္းအဝိုုင္းက သိရပါတယ္။

ဦးကိုုနီနဲ႕ ဦးေနဝင္းဟာ ၂၉/၁/၂၀၁၇ တနဂၤေႏြေန႔ညေန ၅ နာရီခန႔္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေသနတ္သမား ၾကည္လင္းရဲ႕ လက္ခ်က္နဲ႕ ကြယ္လြန္ခဲ႕တာျဖစ္ပါတယ္။

ဒီအမွဳနဲ႕ ပတ္သက္ၿပီး ေသနတ္သမား ၾကည္လင္းနဲ႔ ပူးေပါင္း ၾကံစည္သူ ေအာင္ဝင္းေဇာ္တုိ႔ ႏွစ္ဦးကို မေသမခ်င္း ၾကိဳးကြင္းစြပ္ သတ္ရန္ ၂၀၁၉ ေဖေဖၚဝါရီ ၁၅ ရက္က ရန္ကုုန္ ေျမာက္ပိုင္းခရိုင္တရားရံုးက အမိန္႔ခ်မွတ္ခဲ့ပါတယ္။

ဒီအမွဳမွာ ပါဝင္ပတ္သက္တဲ႕ တျခားတရားခံ ေဇယ်ာျဖိဳး ကိုုေတာ့ ၅ႏွစ္ ၊ ေအာင္ဝင္းထြန္း ကိုု ၃ႏွစ္ခ်မွတ္တာဟာ လုုပ္ရပ္ထက္ ျပစ္ဒဏ္ဟာ နည္းေနတဲ႕အတြက္ ခုုလိုုေနျပည္ေတာ္တရားလႊတ္္ေတာ္ကိုုထပ္မံေလွ်ာက္ထားခဲ႕တာမိုု႕ ဒီကေန႕ အျပီးသတ္ခ်မွတ္မွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဦးကိုုနီ #ဦးေနဝင္း #ၾကည္လင္း

Related posts

Leave a Comment

VOM News

FREE
VIEW