အခြေ ခံလုပ်ခလစာ ထပ်တိုးသတ်မှတ်မယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေ ရေရှည်ရပ်တည်ရေးအခက်အခဲဖြစ်နိုင်

အခြေ ခံလုပ်ခလစာ ထပ်တိုးသတ်မှတ်မယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေ ရေရှည်ရပ်တည်ရေးအခက်အခဲဖြစ်နိုင်

ရန်ကုန် ဇန်နဝါရီ ၁၀-၂၀၂၀
သိဂီ ၤ(VOM)

အခြေခံလုပ်ခလစာ ထပ်တိုးသတ်မှတ်လိုက်မယ်ဆိုရင် ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိတာကြောင့် နှစ်ဦးနှစ်ဖက် သေချာညှိနှိုင်းလုပ်ဆောင်ဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်မှုဆောင် ကိုရဲထွဋ်တင်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာဟာ အာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နည်းနေသေးတယ်ဆိုပေမယ့် ကိုယ့်နိုင်ငံအခြေအနေနဲ့တွက်ရင်တော့ လုပ်ခလစာတစ်ကြိမ်တိုးသတ်မှတ်တိုင်း ရာခိုင်နှုန်းက အများကြီးတက်သွားတာဖြစ်ပြီး ဒီဒဏ်ကို ပြည်တွင်းလုပ်ငန်းရှင်တွေ ခံရတယ်လို့ဆိုပါတယ်။

” နိုင်ငံတကာမှာလည်း လုပ်ခလစာက ၂ နှစ်တစ်ကြိမ် သတ်မှတ်တယ်။ဒီမှာလည်း ဝန်ထမ်းတွေက မလောက်ဘူး ပဲအော်ကြတယ်။ ဥပမာ ပြောရရင် ကျတော်တို့ ပြည်တွင်းဖြန့်တဲ့လုပ်ငန်းရှင်တွေပေါ့ အရင် လုပ်ခလစာ ၃၆၀၀ တုန်းက မုန့်တစ်ထုပ် ၂၀၀ ခု ၄၈၀၀ ပဲ ။ အမြတ်ကပိုမလာဘူး။ ပိုပြိးဈေးတက်ရောင်းလဲမရဘူး။အမြတ်အစွန်းနည်းလာတယ်။ နောက် စရိတ်တွေကြီးလာတယ်။မီတာခတွေတက်လာတယ်။ဒီတိုင်းဆို ရေရှည်လည်ပတ်နိုင်ဖို့ဆိုတာမလွယ်တော့ဘူး။နှစ်ဦးနှစ်ဖက်ညှိနှိုင်းရမယ့်အရာပေါ့။ ဒေါ်လာနဲ့ရသူတွေကတော့ ပေးနိုင်မယ်ထင်တယ်”လို့ ဆိုပါတယ်။

ပြည်တွင်းအဓိက ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်းရှင်တွေမှာ တစ်နှစ်ထက်တစ်နှစ်ကုန်ကျစရိတ်ပိုကြီးလာပေမယ့် ပြန်လည်ရရှိတဲ့ အမြတ်အစွန်း အကျိုးအမြတ်က လျော့နည်းလာတာကြောင့် လုပ်ခလစာပါ ထပ်တိုးရမယ်ဆိုရင် လုပ်ငန်းရေ ရှည်ရပ်လည်ပတ်ရန်မလွယ်ကူတာကြောင့် သတ်မှတ်ပြီးသား ၄၈၀၀ ပဲ ထားဖို့ ပြောဆိုကြပါတယ်။

အလုပ်သမားတွေကတော့ တစ်ရက်လုပ်ခလစာကို အနည်းဆုံ ၇၀၀၀ ကျပ်သတ်မှတ်ပေးဖို့တောင်းဆိုထားကြပါတယ်။၂၀၁၅ ခုနှစ်မှာ အခြေ ခံလုပ်ခ တစ်ရက်လုပ်ခလစာ ၃၆၀ဝ ကျပ် ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၄၈၀ဝ ကျပ် သတ်မှတ်ထားရှိခဲ့ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီကတော့ မေလ မှာ လုပ်ခလစာ ထပ်တိုးသတ်မှတ်ဖို့အတွက် ရန်ကုန်ထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ သီလဝါ(SEZ) ပြင်ပ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ အပြင် ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ်တွေက အထည်ချုပ်စက်ရုံ လူသုံးကုန်၊ စားသောက်ကုန် လုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ အလုပ်သမား ဦးရေ ၃၀၀၀ ခန့် ရဲ့နေ့စဉ် ကုန်ကျစရိတ်ကို ဒီလထဲမှာ ကောက်ယူသွားပါမယ်။

အနိမ့်ဆုံး လုပ်ခလစာကို အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၂ နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #အခြေခံလုပ်ခလစာ #ပြည်တွင်းလုပ်ငန်းရှင်တွေအခက်အခဲ

Zawgyi

အေျခခံလုပ္ခလစာ ထပ္တိုးသတ္မွတ္မယ္ဆိုရင္ ျပည္တြင္းလုပ္ငန္းရွင္ေတြ ေရရွည္ရပ္တည္ေရးအခက္အခဲျဖစ္နိုုင္

ရန္ကုန္ ဇန္နဝါရီ ၁၀-၂၀၂၀
သိဂီ ၤ(VOM)

အေျခခံလုပ္ခလစာ ထပ္တိုးသတ္မွတ္လိုက္မယ္ဆိုရင္ ျပည္တြင္း လုပ္ငန္းရွင္ေတြအတြက္ လုပ္ငန္းေရရွည္ရပ္တည္နိုင္ဖို႕ အခက္အခဲေတြရွိတာေႀကာင့္ ႏွစ္ဦးႏွစ္ဖက္ ေသခ်ာညွိနႈိင္းလုပ္ေဆာင္ဖို႕လိုအပ္ေႀကာင္း ျမန္မာနိုင္ငံစက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း အလုပ္မႈေဆာင္ ကိုရဲထြဋ္တင္က ေျပာဆိုလိုက္ပါတယ္။

ျမန္မာနိုင္ငံရဲ႕ အေျခခံလုပ္ခလစာဟာ အာဆီယံနိုင္ငံေတြနဲ႕ႏိႈင္းယွဥ္ရင္ နည္းေနေသးတယ္ဆိုေပမယ့္ ကိုယ့္နိုင္ငံအေျခအေနနဲ႕တြက္ရင္ေတာ့ လုပ္ခလစာတစ္ႀကိမ္တိုးသတ္မွတ္တိုင္း ရာခိုင္ႏႈန္းက အမ်ားႀကီးတက္သြားတာျဖစ္ၿပီး ဒီဒဏ္ကို ျပည္တြင္းလုပ္ငန္းရွင္ေတြ ခံရတယ္လို႕ဆိုပါတယ္။

” နိုင္ငံတကာမွာလည္း လုပ္ခလစာက ၂ ႏွစ္တစ္ႀကိမ္ သတ္မွတ္တယ္။ဒီမွာလည္း ဝန္ထမ္းေတြက မေလာက္ဘူး ပဲေအာ္ႀကတယ္။ ဥပမာ ေျပာရရင္ က်ေတာ္တို့ ျပည္တြင္းျဖန့္တဲ႕လုပ္ငန္းရွင္ေတြေပါ့ အရင္ လုပ္ခလစာ ၃၆၀၀ တုန္းက မုန့္တစ္ထုပ္ ၂၀၀ ခု ၄၈၀၀ ပဲ ။ အျမတ္ကပိုမလာဘူး။ ပိုျပိးေစ်းတက္ေရာင္းလဲမရဘူး။အျမတ္အစြန္းနည္းလာတယ္။ ေနာက္ စရိတ္ေတြႀကီးလာတယ္။မီတာခေတြတက္လာတယ္။ဒီတိုင္းဆို ေရရွည္လည္ပတ္နိုင္ဖို့ဆိုတာမလြယ္ေတာ့ဘူး။ႏွစ္ဦးႏွစ္ဖက္ညွိႏႈိင္းရမယ့္အရာေပါ့။ ေဒၚလာနဲ႕ရသူေတြကေတာ့ ေပးနိုင္မယ္ထင္တယ္”လို႕ ဆိုပါတယ္။

ျပည္တြင္းအဓိက ထုတ္လုပ္ ျဖန္႕ျဖဴးေရာင္းခ်ေနတဲ႕ လုပ္ငန္းရွင္ေတြမွာ တစ္ႏွစ္ထက္တစ္ႏွစ္ကုန္က်စရိတ္ပိုႀကီးလာေပမယ့္ ျပန္လည္ရရွိတဲ႕ အျမတ္အစြန္း အက်ိဳးအျမတ္က ေလ်ာ့နည္းလာတာေႀကာင့္ လုပ္ခလစာပါ ထပ္တိုးရမယ္ဆိုရင္ လုပ္ငန္းေရ ရွည္ရပ္လည္ပတ္ရန္မလြယ္ကူတာေႀကာင့္ သတ္မွတ္ျပီးသား ၄၈၀၀ ပဲ ထားဖို႕ ေျပာဆိုႀကပါတယ္။

အလုပ္သမားေတြကေတာ့ တစ္ရက္လုပ္ခလစာကို အနည္းဆုံ ၇၀၀၀ က်ပ္သတ္မွတ္ေပးဖို႕ေတာင္းဆိုထားႀကပါတယ္။၂၀၁၅ ခုႏွစ္မွာ အေျခ ခံလုပ္ခ တစ္ရက္လုပ္ခလစာ ၃၆၀ဝ က်ပ္ ျဖစ္ခဲ႕ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ ၄၈၀ဝ က်ပ္ သတ္မွတ္ထားရွိခဲ့ပါတယ္။

လက္ရွိ ရန္ကုန္တိုင္းအနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးေကာ္မတီကေတာ့ ေမလ မွာ လုပ္ခလစာ ထပ္တိုးသတ္မွတ္ဖို႕အတြက္ ရန္ကုန္ထဲက လွိုင္သာယာ၊ ေရႊျပည္သာ၊ သီလဝါ(SEZ) ျပင္ပ၊ အေရွ႕ဒဂုံ၊ ေတာင္ဒဂုံ အျပင္ ဒဂုံဆိပ္ကမ္း စတဲ႕ ၿမိဳ့နယ္ေတြက အထည္ခ်ဳပ္စက္ရုံ လူသုံးကုန္၊ စားေသာက္ကုန္ လုပ္ငန္းေတြမွာ လုပ္ကိုင္တဲ႕ အလုပ္သမား ဦးေရ ၃၀၀၀ ခန့္ ရဲ႕ေန႔စဥ္ ကုန္က်စရိတ္ကို ဒီလထဲမွာ ေကာက္ယူသြားပါမယ္။

အနိမ့္ဆုံး လုပ္ခလစာကို အနည္းဆုံးအခေၾကးေငြ ဥပေဒအရ ၂ ႏွစ္ တစ္ႀကိမ္ ျပင္ဆင္သတ္မွတ္ရမွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #အေျခခံလုုပ္ခလစာ #ျပည္တြင္းလုုပ္ငန္းရွင္ေတြအခက္အခဲ

ဓါတ္ပံုုAction labor right

Related posts

Leave a Comment

VOM News

FREE
VIEW