မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မိခင်နို့ရည်ဘဏ် ရန်ကုန်မှာဖွင့်လှစ်

မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မိခင်နို့ရည်ဘဏ် ရန်ကုန်မှာဖွင့်လှစ်

ရန်ကုန် ဇန်နဝါရီ ၁၂
သိဂီ ၤ(VOM)

မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံးသောနိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ်ကို ရန်ကုန်က ဗဟိုအမျိုးသမီးဆေးရုံကြီး မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ဖွင့်လှစ်လိုက်ပြီလို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသိရပါတယ်။

မိခင်နို့ရည်ဘဏ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဒီဘဏ်ဟာ မြန်မာနိုင်ငံထဲ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည်မရရှိနိုင်တဲ့ နာမကျန်းမိခင်တွေရဲ့ကလေးငယ်တွေ မိခင်သေဆုံးသွားတဲ့ ကလေးတွေ စွန့်ပစ်ခံကလေးတွေ၊ လမစေ့ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေအတွက် အဓိက ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။

ကလေးငယ်တွေဟာ လူသားမိခင်နို့ကို သောက်သုံးရခြင်းကြောင့် သူတို့ရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းသာမက ရောဂါပိုးကိုပါခုခံနိုင်မယ့် ကိုယ်ခံအား ပဋိပစ္စည်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

“နို့တိုက်မိခင်တွေ လှူဒါန်းတဲ့ နို့ရည်တွေကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်တဲ့ နို့ပေါင်းခံစက် (human milk pasteurizer)ရှိပြီ။ တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့် ဆေးရုံကြီးတွေမှာ နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်တွေ ထပ်ပြီး ဖွင့်လှစ်နိုင်ဖို့ အဆင့်လိုက် ဆောင်ရွက်သွားပါမယ်။ မိခင်နို့ရည်ဆိုတာ ဘယ်နို့ရည် အမျိုးအစား၊ ဘယ်အာဟာရနဲ့မှ အစားထိုးလို့မရပါဘူး။ မိခင်နို့က နို့မှုန့်နဲ့တခြားဘယ်နို့ထွက်ပစ္စည်းတွေထက်မဆို အဆပေါင်းများစွာ ဘေးအန္တရာယ်ကင်းပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ုခုလို နို့တိုက်မိခင်တွေဆီကနေ နို့ရည်တွေ စနစ်တကျစုဆောင်းပြီး တိုက်ကျွေးနိုင်ခြင်းကြောင့် မွေးကင်းစကလေးသေဆုံးခြင်း ၁ နှစ်အောက်နှင့် ၅ နှစ်အောက်ကလေးသေဆုံးမှုတွေ လျော့နည်းကျဆင်းလာမှာဖြစ်တယ်လို့ဆိုပါတယ်။

မိခင်နို့ရည်ဘဏ်ကို ၁၉၉၄ ခုနှစ်က ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ခုအခါ နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ပစ္စည်းကိရိယာဖြည့်ဆည်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆန်းစစ်သုံးသပ်ခြင်း ပြုလုပ်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်ပြုစုရေးဆွဲပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်အဖြစ် ဖွင့်လှစ်တာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေးခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီးနှင့် တောင်ကြီးအမျိုးသမီးနှင့် ကလေးဆေးရုံကြီး တို့အတွက် နို့ရည်များကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်တဲ့ နို့ပေါင်းခံစက် (human milk pasteurizer) (၁) လုံးစီကို ဝယ်ယူထားပြီးဖြစ်တယ်လို့သိရပါတယ်။

#VoiceOfMyanmar
#HumanMilkPasteurizer
#မိခင်နို့ရည်ဘဏ်

……….

Zawgyi

မိခင္နို႕ရည္မရနိုင္တဲ႕ကေလးအတြက္ မိခင္နို့ရည္ဘဏ္ ရန္ကုန္မွာဖြင့္လွစ္

ရန္ကုန္ ဇန္နဝါရီ ၁၂
သိဂီ ၤ(VOM)

မိခင္နို႕ရည္မရနိုင္တဲ႕ကေလးအတြက္ ျမန္မာနိုင္ငံရဲ႕ ပထမဆုံးေသာနိုင္ငံတကာ အဆင့္မီ မိခင္နို့ရည္ဘဏ္ကို ရန္ကုန္က ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး ေမြးကင္းစကေလးအထူးၾကပ္မတ္ကုသေဆာင္မွာ ဖြင့္လွစ္လိုက္ၿပီလို႕က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကသိရပါတယ္။

မိခင္နို႕ရည္ဘဏ္ကို ဇန္နဝါရီလ ၁၁ ရက္ေန ့က ဖြင့္လွစ္လိုက္တာျဖစ္ၿပီး ဒီဘဏ္ဟာ ျမန္မာနိုင္ငံထဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိခင္နို့ရည္မရရွိနိုင္တဲ႕ နာမက်န္းမိခင္ေတြရဲ႕ကေလးငယ္ေတြ မိခင္ေသဆုံးသြားတဲ႕ ကေလးေတြ စြန႔္ပစ္ခံကေလးေတြ၊ လမေစ့ ကိုယ္အေလးခ်ိန္မျပည့္ဘဲ ေမြးဖြားလာတဲ႕ ကေလးငယ္ေတြအတြက္ အဓိက ေဖာ္ေဆာင္ေပးမွာျဖစ္ပါတယ္။

ကေလးငယ္ေတြဟာ လူသားမိခင္နို့ကို ေသာက္သုံးရျခင္းေႀကာင့္ သူတို႕ရဲ႕ ကိုယ္ခႏၶာဖြံ့ၿဖိဳးမွု၊ ဦးေႏွာက္ဖြံ့ၿဖိဳးမွုအပိုင္းသာမက ေရာဂါပိုးကိုပါခုခံနိုင္မယ့္ ကိုယ္ခံအား ပဋိပစၥည္းေတြကို ရရွိနိုင္မွာ ျဖစ္ပါတယ္။

“နို့တိုက္မိခင္ေတြ လွူဒါန္းတဲ႕ နို့ရည္ေတြကို ေရာဂါပိုးကင္းရွင္းေအာင္ သန႔္စင္တဲ႕ နို့ေပါင္းခံစက္ (human milk pasteurizer)ရွိျပီ။ တိုင္းေဒသႀကီး နဲ႕ ျပည္နယ္အဆင့္ ေဆး႐ုံႀကီးေတြမွာ နိုင္ငံတကာအဆင့္မီ မိခင္နို့ရည္ဘဏ္ေတြ ထပ္ျပီး ဖြင့္လွစ္နိုင္ဖို႕ အဆင့္လိုက္ ေဆာင္ရြက္သြားပါမယ္။ မိခင္နို့ရည္ဆိုတာ ဘယ္နို့ရည္ အမ်ိဳးအစား၊ ဘယ္အာဟာရနဲ႕မွ အစားထိုးလို႕မရပါဘူး။ မိခင္နို့က နို့မွုန႔္နဲ႕တျခားဘယ္နို့ထြက္ပစၥည္းေတြထက္မဆို အဆေပါင္းမ်ားစြာ ေဘးအႏၲရာယ္ကင္းပါတယ္” လို႕ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ုခုလို နို့တိုက္မိခင္ေတြဆီကေန နို့ရည္ေတြ စနစ္တက်စုေဆာင္းၿပီး တိုက္ေကၽြးနိုင္ျခင္းေႀကာင့္ ေမြးကင္းစကေလးေသဆုံးျခင္း ၁ ႏွစ္ေအာက္ႏွင့္ ၅ ႏွစ္ေအာက္ကေလးေသဆုံးမွုေတြ ေလ်ာ့နည္းက်ဆင္းလာမွာျဖစ္တယ္လ္ုိ႕ဆိုပါတယ္။

မိခင္နို့ရည္ဘဏ္ကို ၁၉၉၄ ခုႏွစ္က ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး (ရန္ကုန္)၊ ေမြးကင္းစကေလး အထူးၾကပ္မတ္ကုသေဆာင္မွာ စတင္ေဆာင္ရြက္ခဲ့ၿပီး ခုအခါ နိုင္ငံတကာအဆင့္မီ ေခတ္မီစက္ပစၥည္းကိရိယာျဖည့္ဆည္းျခင္း၊ ေဘးအႏၲရာယ္ကင္းရွင္းေရး ဆန္းစစ္သုံးသပ္ျခင္း ျပဳလုပ္ျခင္း၊ လုပ္ထုံးလုပ္နည္းႏွင့္ လုပ္ငန္းလမ္းညႊန္ျပဳစုေရးဆြဲၿပီး ျမန္မာနိုင္ငံရဲ႕ ပထမဆုံး နိုင္ငံတကာအဆင့္မီ မိခင္နို့ရည္ဘဏ္အျဖစ္ ဖြင့္လွစ္တာျဖစ္ပါတယ္။

ဒါ့အျပင္ ရန္ကုန္ကေလးေဆး႐ုံႀကီး၊ ရန္ကင္းကေလးေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပသင္ၾကားေရးေဆး႐ုံႀကီး၊ မႏၲေလးဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး၊ မႏၲေလးခုတင္ (၅၅၀) ဆံ့ ကေလးေဆး႐ုံႀကီးႏွင့္ ေတာင္ႀကီးအမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီး တို့အတြက္ နို့ရည္မ်ားကို ေရာဂါပိုးကင္းရွင္းေအာင္ သန႔္စင္တဲ႕ နို့ေပါင္းခံစက္ (human milk pasteurizer) (၁) လုံးစီကို ဝယ္ယူထားၿပီးျဖစ္တယ္လို႕သိရပါတယ္။

#VoiceOfMyanmar
#HumanMilkPasteurizer
#မိခင္ႏိုု႔ရည္ဘဏ္

Related posts

Leave a Comment

VOM News

FREE
VIEW