ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ်ပြုလုပ်ခဲ့တဲ့ ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲ

မန္တလေး၊ ဇန်နဝါရီ ၁၂-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ လွန်ကောင်းအုပ်စု၊ ၁၀မိုင်ခြံ ၊ ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ် ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲကို ဇန်နဝါရီလ(၁၁)ရက့်ကနေ (၁၂)ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။

ကား၊ ဆိုင်ကယ်ကို လမ်းကြမမှာ မောင်းရတဲ့ဝါသနာရှင်များ၊ ပညာရှင်များစုကာ ကျင်းပပြုလုပ်ခဲ့ပြီး အကြမ်းဆုံးပြိုင်ပွဲဖြစ်တယ်လို့လည်း ပြိုင်ပွဲဝင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီပြိုင်ပွဲကို မနက် ၉နာရီကနေ ညနေ ၄နာရီအထိပြုလုပ်ခဲ့ပြီး ဆုရရှိသူတွေကို ဒီကနေ့ညနေပိုင်းမှာ ဆုပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဒုဌဝတီ #ကားလမ်းကြမ်းပြိုင်ပွဲ

Zawgyi


လင်းခိုင်(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW