ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးနှစ်ယောက်နဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့

ကျောက်တော်၊ ဇန်နဝါရီ ၁၃-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ရုပ်သားကျေးရွာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးတို့ဒဏ်ရာရရှိကာ ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ပေါက်ကွဲဖြစ်စဉ်ဟာ နေအိမ်ခြံဝင်းအတွင်း အမှိုက်ပုံတစ်ခုကိုမီးရှို့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး အခုလို ဒဏ်ရာအသီသီးရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် ဒေါ်အောင်မဦး (အသက် ၆၅ နှစ်)မှာ ဒူးဒဏ်ရာရရှိသွားပြီး၊ မောင်ကျော်သူစိုး (အသက် ၁၀ နှစ်)မှာ ခြေထာက်ဒဏ်ရာနဲ့ မောင်အောင်မြတ်သူ (အသက် ၉ နှစ်)မှာ နားရွက်၊ ပေါင်နဲ့ခန္ဓာကိုယ်တွေမှာ အသီးသီဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက” ကျနော်တို့ဖက်ကို သူတို့ထူးခြားဖြစ်စဉ်မနေ့ကတင်တယ်။ စာထဲမှာရေးထားတာက မနက် ၆ နာရီကျော်လောက်မှာ ရုပ်သားရွာက ဒေါ်အောင်မဦးဆိုတဲ့ အမျိုးသမီးက အမှိုတ်ပုံကို မီးရှို့တာမှာ ပေါက်ကွဲပြီးတော့ အသေးစားဒဏ်ရာတွေရကြတယ်လို့ဆိုတယ်။ အခုလောလာစဉ်ကတော့ ကျောက်တော်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ရွာသားတွေပို့တဲ့ ထူးခြားဖြစ်စဉ်မှာပါတယ်။”လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေအိမ်ခြံဝင်းထဲမှာ လွန်ခဲ့လပိုင်းလောက်က တပ်မတော်သားတွေ နေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကိုဆက်သွယ်ခဲ့ပေမဲ့ ဖုန်းအဆက်အသွယ်မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ဟာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်နေကြပြီး အရပ်သားထိခိုက်ဒဏ်ရာရရှိမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၇) ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျးရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ထင်းခွေသွားတဲ့ လူငယ် ၁၀ ဦးမှာ ၊ ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #ပေါက်ကွဲမှု #ကလေးနှစ်ဦးဒဏ်ရာရ

Zawgyi

ေက်ာက္ေတာ္မွာ ေပါက္ကြဲမႈျဖစ္ၿပီး ကေလးႏွစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရခဲ့

ေက်ာက္ေတာ္၊ ဇန္နဝါရီ ၁၃-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ နဂရာေက်းရြာအုပ္စု၊ ရုပ္သားေက်းရြာမွာ ဇန္နဝါရီလ ၁၁ ရက္ေန႔က ေပါက္ကဲြမႈတစ္ခုျဖစ္ပြားၿပီး အမ်ိဳးသမီးတစ္ဦးနဲ႔ ကေလးႏွစ္ဦးတို႔ဒဏ္ရာရ႐ွိကာ ေက်ာက္ေတာ္ေဆးရံုကို ပို႔ေဆာင္ထားရတယ္လို႔ သိရပါတယ္။

ေပါက္ကြဲျဖစ္စဥ္ဟာ ေနအိမ္ျခံဝင္းအတြင္း အမႈိက္ပံုတစ္ခုကိုမီး႐ႈိ႕ရာကေန ေပါက္ကြဲမႈျဖစ္ပြားၿပီး အခုလုိ ဒဏ္ရာအသီသီးရ႐ွိသြားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီေပါက္ကြဲမႈေၾကာင့္ ေဒၚေအာင္မဦး (အသက္ ၆၅ ႏွစ္)မွာ ဒူးဒဏ္ရာရရွိသြားၿပီး၊ ေမာင္ေက်ာ္သူစိုး (အသက္ ၁၀ ႏွစ္)မွာ ေျခထာက္ဒဏ္ရာနဲ႔ ေမာင္ေအာင္ျမတ္သူ (အသက္ ၉ ႏွစ္)မွာ နားရြက္၊ ေပါင္နဲ႔ခႏၶာကိုယ္ေတြမွာ အသီးသီဒဏ္ရာရ႐ွိသြားတယ္လို႔ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက” က်ေနာ္တို႔ဖက္ကို သူတို႔ထူးျခားျဖစ္စဥ္မေန႔ကတင္တယ္။ စာထဲမွာေရးထားတာက မနက္ ၆ နာရီေက်ာ္ေလာက္မွာ ႐ုပ္သားရြာက ေဒၚေအာင္မဦးဆိုတဲ့ အမ်ိဳးသမီးက အမႈိတ္ပံုကို မီး႐ိႈ႕တာမွာ ေပါက္ကြဲၿပီးေတာ့ အေသးစားဒဏ္ရာေတြရၾကတယ္လို႔ဆိုတယ္။ အခုေလာလာစဥ္ကေတာ့ ေက်ာက္ေတာ္ေဆးရံုမွာ ကုသမႈခံယူေနတယ္လို႔ ရြာသားေတြပို႔တဲ့ ထူးျခားျဖစ္စဥ္မွာပါတယ္။”လို႔ ေျပာပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ ေနအိမ္ၿခံဝင္းထဲမွာ လြန္ခဲ့လပိုင္းေလာက္က တပ္မေတာ္သားေတြ ေနထိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကိုဆက္သြယ္ခဲ့ေပမဲ့ ဖုန္းအဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ဟာ ေန႔စဥ္ရက္ဆက္ဆိုသလို တိုက္ပြဲေတြျဖစ္ေနၾကၿပီး အရပ္သားထိခိုက္ဒဏ္ရာရ႐ွိမႈမွာ တစ္ေန႔ထက္တစ္ေန႔ တိုးလာေနတယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၇) ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ထိပ္ထူးေပါက္က်းရြာမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ၿပီး ထင္းေခြသြားတဲ့ လူငယ္ ၁၀ ဦးမွာ ၊ ၄ ဦးေသဆံုးကာ ၆ ဦး ဒဏ္ရာအျပင္းအထန္ရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #ေပါက္ကြဲမွဳ #ကေလးႏွစ္ဦးဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW