ဂျပန်ဘီလျံနာအမျိုးသား လကမ္ဘာခရီးစဉ်အတူသွားဖို့ အမျိုးသမီးအဖော်မွန်ရှာဖွေနေ

တိုကျို၊ ဇန်နဝါရီ-၁၃-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်ဘီလျံနာသူဌေး ယူဆာကုမာအီဇာဝါဟာ SpaceX ရဲ့ လကမ္ဘာကိုသွားမယ့်ခရီးစဉ်အတွက် သူနဲ့အတူလိုက်ပါမယ့် အာကာသခရီးသွား အမျိုးသမီးအဖော်မွန်တစ်ဦးကို ရှာဖွေနေပါတယ်။

အသက်၄၄နှစ်အရွယ် ဂျပန်နိုင်ငံသား ဖက်ရှင်လုပ်ငန်းသူဌေး ယူဆာကုဟာ Starship ဒုံးပျံနဲ့ လကမ္ဘာကိုသွားဖို့စာရင်းပေးထားပြီး ပထဆုံးအရပ်သားခရီးသည်ဖြစ်လာမှာပါ။

အဲဒီခရီးစဉ်ကို ၂၀၂၃မှာ သွားရောက်ဖို့ စီစဉ်ထားပြီး ၁၉၇၂ခုနှစ်နောက်ပိုင်း လူသားတွေရဲ့ ပထမဆုံးလကမ္ဘာခရီးစဉ်လည်း ဖြစ်ပါတယ်။

မစ္စတာမာအီဇာဝါဟာ လကမ္ဘာခရီးစဉ်အတွက် အထူးသီးသန့်အဖော်မွန်အမျိုးသမီးတစ်ဦးနဲ့ အတူ အတွေ့အကြုံတွေကို မျှဝေလိုတယ်လို့ ပြောပါတယ်။

ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်မစ္စတာမာအီဇာဝါဟာ အသက်၂၇နှစ်အရွယ်ချစ်သူမင်းသမီး အေယာမီဂိုရီကနဲ့ မကြာသေးမီကမှ လမ်းခွဲခဲ့သူဖြစ်ပြီး အာကာသခရီးစဉ်လိုက်ပါလိုတဲ့ အမျိုးသမီးတွေအနေနဲ့ သူရဲ့ဝက်ဘ်ဆိုက်မှာ လျှောက်ထားကြဖို့ တိုက်တွန်းထားပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #တိုကျို #ဘီလျံနာအမျိုးသား #လကမ္ဘာခရီးစဉ် #အမျိုးသမီးအဖော်မွန်ရှာ

Zawgyi

ဂ်ပန္ဘီလ်ံနာအမ်ိဳးသား လကမၻာခရီးစဥ္အတူသြားဖို႔ အမ်ိဳးသမီးအေဖာ္မြန္ရွာေဖြေန

တုိက်ိဳ၊ ဇန္နဝါရီ-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္ဘီလ်ံနာသူေဌး ယူဆာကုမာအီဇာဝါဟာ SpaceX ရဲ႕ လကမၻာကိုသြားမယ္႔ခရီးစဥ္အတြက္ သူနဲ႔အတူလိုက္ပါမယ္႔ အာကာသခရီးသြား အမ်ိဳးသမီးအေဖာ္မြန္တစ္ဦးကုိ ရွာေဖြေနပါတယ္။

အသက္၄၄ႏွစ္အရြယ္ ဂ်ပန္နိုင္ငံသား ဖက္ရွင္လုပ္ငန္းသူေဌး ယူဆာကုဟာ Starship ဒံုးပ်ံနဲ႔ လကမၻာကိုသြားဖို႔စာရင္းေပးထားျပီး ပထဆံုးအရပ္သားခရီးသည္ျဖစ္လာမွာပါ။

အဲဒီခရီးစဥ္ကို ၂၀၂၃မွာ သြားေရာက္ဖို႔ စီစဥ္ထားျပီး ၁၉၇၂ခုႏွစ္ေနာက္ပုိင္း လူသားေတြရ႕ဲ ပထမဆံုးလကမၻာခရီးစဥ္လည္း ျဖစ္ပါတယ္။

မစၥတာမာအီဇာဝါဟာ လကမၻာခရီးစဥ္အတြက္ အထူးသီးသန္႔အေဖာ္မြန္အမ်ိဳးသမီးတစ္ဦးနဲ႔ အတူ အေတြ႔အၾကံဳေတြကို မွ်ေ၀လိုတယ္လို႔ ေျပာပါတယ္။

ဘီလ်ံနာစီးပြားေရးလုပ္ငန္းရွင္မစၥတာမာအီဇာဝါဟာ အသက္၂၇ႏွစ္အရြယ္ခ်စ္သူမင္းသမီး ေအယာမီဂုိရီကနဲ႔ မၾကာေသးမီကမွ လမ္းခဲြခဲ့သူျဖစ္ျပီး အာကာသခရီးစဥ္လိုက္ပါလိုတဲ႔ အမ်ိဳးသမီးေတြအေနနဲ႔ သူရဲ႕၀က္ဘ္ဆိုက္မွာ ေလွ်ာက္ထားၾကဖို႔ တိုက္တြန္းထားပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #တိုက်ိဳ #ဘီလ်ံနာအမ်ိဳးသား #လကမၻာခရီးစဥ္ #အမ်ိဳးသမီးအေဖာ္မြန္ရွာ

 

Related posts

Leave a Comment

VOM News

FREE
VIEW