အခြေခံပညာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ လှုပ်ရှားမူ ကော်မတီ သုံးခု ပေါင်းပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ်

အခြေခံပညာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ လှုပ်ရှားမူ ကော်မတီ သုံးခု ပေါင်းပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ်

ရန်ကုန်-ဇန်နဝါရီ ၁၄-၂၀၂၀
စွဲ့ဝတီ(VOM)

အခြေခံပညာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ လှုပ်ရှားမူ ကို ဖဲကြိုးစိမ်း လှုပ်ရှားမူ ဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ၊ ဗဟို အလုပ်အမူဆောင်ကော်မတီ၊ တက္ကသိုလ် ဆရာသမဂ္ဂ ကိုယ်စားပြုကော်မတီ တို့ပူးပေါင်းကာ ကော်မတီသုံးခုပေါင်းပြီး အရှိန်မြှင့် လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

အခြေခံပညာကဏ္ဍ၌ မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်ခြင်းနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို သထုံလမ်း၊ မဟော်သဓာဆောင် ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ရုံးခန်း မှာ ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခု ဇန်နဝါရီ ၁၄ရက်ကနေ ၂၄ရက်အတွင်းမှာ ဖဲကြိုးစိမ်း လှုပ်ရှားမူကတော့ ဆက်လုပ်နေမှာပါ။ လုပ်နေတဲ့အတွင်းမှာပဲ မိဘတွေရဲ့ သဘောထားတွေ၊ ဆရာတွေရဲ့ သဘောထားတွေကို ကောက်ယူမယ်။ သဘောထားတွေ စုပြီးတော့ ပညာရေးဝန်ကြီးဆီကို ပို့မယ် ။ မတ်၂၄ရက်အထိ ကောက်ပြီးဆိုတာနဲ့ ဝန်ကြီးဌာနကို စကားပါးချင်ပါတယ်။ အမြန်ဆုံး ကျွန်တော်တို့ရဲ့ သဘောထားတွေ ပြနေတယ်။ သူတို့ဒါကို မြင်အောင်ကြည့်ပြီးတော့ အားလုံး အဆင်ပြေနိုင်မဲ့ နည်းလမ်းကို သူတို့ရွေးပါ။ မဟုတ်ဘူးဆိုရင် ဒီကာလပြီးတဲ့နောက်ပိုင်းမှာ နောက်ထပ် တစ်ဆင့်ကို ထပ်တိုးရလိမ့်မယ်။ ပုံစံတွေ မတူတော့ဘူး။ မိဘတွေ ပါဝင်လာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဖဲကြိုးစိမ်း လှုပ်ရှားမူ ဦးဆောင်ကော်မတီဝင် ကိုနောင်ထက်အောင်က ပြောပါတယ်။

လှုပ်ရှားမူတွေ ဆောင်ရွက်တဲ့အခါမှာ ဇန်နဝါရီ ၁၄ရက်ကနေ ၂၄ရက် ၁၀ရက်တာအတွင်းမှာ မိဘတွေဆီကို ကွင်းဆင်းကာ သူတို့ရဲ့ စကားသံတွေ ၊ သဘောထားတွေကိုရယူပြီးတော့ လူစည်ကားတဲ့ နေရာတွေမှာ လူထု သဘောထားတွေကို မေးမြန်းသွားမှာဖြစ်ပြီးတော့ ကော်မတီ ဖေစ်ဘွတ်ပေ့ စာမျက်နှာတွေ၊ ဖုန်းတွေက တစ်ဆင့် လူထု သဘောထားတွေကို ထပ်ပြီး ကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ အခြေခံပညာဥပဒေ အခန်း ၉ အခြေခံပညာ ဆရာများရဲ့ အခွင့်အရေး၊ တာဝန်၊ အရည်အချင်းနဲ့ စွမ်းဆောင်ရည်များ အခန်း၊ ပုဒ်မ ၃၉ (ဆ) မှာ ဆရာများဟာ မူဝါဒများ၊ ပညာရေးဖွံ့ဖြိုးမူ စီမံကိန်းများ ၊ စီမံချက်များ၊ ပညာရေးဆိုင်ရာ ဥပဒေများနဲ့ အခြားလုပ်ထုံးလုပ်နည်းများအတွက် အကြံပြုခွင့်၊ ပါဝင် ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပေးမဲ့ ဒီမတ်လကုန်အထိ စာသင်ကာလ သတ်မှတ်တာကို အခြေခံပညာကဏ္ဍမှာ လက်တွေ့သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေကို အသိပေး အကြံဉာဏ်ယူခဲ့တာ မရှိဘူးလို့ သိရပါတယ်။

“ဒီလိုမျိုး စာသင်ချိန်တွေ တိုးတဲ့အပြင် ထပ်ပြီးတော့စာသင် ကာလကို နောက်ထပ်ချဲ့ပြီးလုပ်လိုက်တာဟာ အားလုံးကို ဒုက္ခ ရောက်အောင် လုပ်ခြင်းဖြစ်တယ်။ ဆရာ၊ဆရာမတွေဘက်က ပြောရရင် ဆရာ၊ဆရာမကို လေးလေးစားစားနဲ့ ဆွေးနွေး တိုင်ပင်ခဲ့တာလည်းမရှိဘူး။ ပညာရေးလောကမှာ ရှိတာက ကျောင်းသား ကျောင်းသူရယ်။ ဆရာ၊ဆရာမတွေ၊ မိဘတွေကို သုံးပွင့်ဆိုင်ကို နားလည်အောင် ညှိုနှိုင်းပြီးတော့ ဖြစ်နိုင်မလား ။ မဖြစ်နိုင်လား အောက်ခြေမှာ ဆင်းပြီးတော့ မေးမြန်းစုံစမ်းပြီးတော့မှ လုပ်တာ မဟုတ်ဘဲနဲ့ ငါတို့လုပ်ချင်သလို လုပ်မယ်။ ငါတို့လုပ်တာကို လိုက်နာရမယ်ဆိုတဲ့ အာဏာရှင် စိတ်ဓာတ်နဲ့ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ လုပ်စရာ ရှိတာကို ဆက်ပြီးတော့ လုပ်သွားရမှာဖြစ်တယ်”လို့ တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြု ကော်မတီ ဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သမိုင်းဌာန ကထိက ဆရာသန်းထိုက်အောင်က ပြော ပါတယ်။

ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ အခြေခံပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက် နာရန် လေးနက်စွာ အသိပေးလိုက်ပြီး မတ်လကုန်အထိ စာသင်ကာလသတ်မှတ်သည့် မူဝါအပေါ် အခြေခံပညာ ကဏ္ဍက ဆရာအဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးကာ နှစ်ဦးနှစ်ဖက် သဘောတူညီမူ ရမှသာ အကောင်အထည်ဖော်ဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်လို့ ဒီကော်မတီသုံးခုရဲ့ ဒီကနေ့မှာ ပူးတွဲ ထုတ်ပြန်ချက် ကြေညာခဲ့ပါတယ်။

အခြေခံပညာဥပဒေကို လစ်လျုရူတဲ့အပြင် ဗဟိုချုပ်ကိုင်မူနဲ့ မလျော်ဩဇာသုံးဖိနှိပ်ပြောဆိုမူများကို ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် လှုပ်ရှားမူတွေကို တရာဥပဒေနဲ့ အညီ အရှိန်မြင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အဲ့ဒီ ပူးတွဲကြေညာချက်မှာ ပါရှိပါတယ်။

ဓါတ်ပုံ နောင်ထက်အောင်
#voiceofmyanmar #VOM #ဖဲကြိုးစိမ်းလှုပ်ရှားမှု

Zawgyi

အေျခခံပညာသင္ကာလ မတ္လကုန္အထိ တိုးျမႇင့္သတ္မွတ္တာကို ကန႔္ကြက္တဲ့ လႈပ္ရွားမူ ေကာ္မတီ သုံးခု ေပါင္းၿပီး အရွိန္ျမႇင့္ လုပ္ေဆာင္သြားမယ္

ရန္ကုုန္-ဇန္နဝါရီ ၁၄-၂၀၂၀
စြဲ႕ဝတီ(VOM)

အေျခခံပညာသင္ကာလ မတ္လကုန္အထိ တိုးျမႇင့္သတ္မွတ္တာကို ကန႔္ကြက္တဲ့ လႈပ္ရွားမူ ကို ဖဲႀကိဳးစိမ္း လႈပ္ရွားမူ ဦးေဆာင္ေကာ္မတီ၊ အေျခခံပညာ ပညာေရးလုပ္သား သမဂၢမ်ား ၊ ဗဟို အလုပ္အမူေဆာင္ေကာ္မတီ၊ တကၠသိုလ္ ဆရာသမဂၢ ကိုယ္စားျပဳေကာ္မတီ တို႔ပူးေပါင္းကာ ေကာ္မတီသုံးခုေပါင္းၿပီး အရွိန္ျမႇင့္ လုပ္ေဆာင္ သြားမယ္လို႔ သိရပါတယ္။

အေျခခံပညာက႑၌ မတ္လကုန္အထိ စာသင္ကာလ သတ္မွတ္ျခင္းနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲကို သထုံလမ္း၊ မေဟာ္သဓာေဆာင္ ၊ ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ ႐ုံးခန္း မွာ ဒီေန႔ ေန႔လယ္ပိုင္းက ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ အခု ဇန္နဝါရီ ၁၄ရက္ကေန ၂၄ရက္အတြင္းမွာ ဖဲႀကိဳးစိမ္း လႈပ္ရွားမူကေတာ့ ဆက္လုပ္ေနမွာပါ။ လုပ္ေနတဲ့အတြင္းမွာပဲ မိဘေတြရဲ႕ သေဘာထားေတြ၊ ဆရာေတြရဲ႕ သေဘာထားေတြကို ေကာက္ယူမယ္။ သေဘာထားေတြ စုၿပီးေတာ့ ပညာေရးဝန္ႀကီးဆီကို ပို႔မယ္ ။ မတ္၂၄ရက္အထိ ေကာက္ၿပီးဆိုတာနဲ႔ ဝန္ႀကီးဌာနကို စကားပါးခ်င္ပါတယ္။ အျမန္ဆုံး ကြၽန္ေတာ္တို႔ရဲ႕ သေဘာထားေတြ ျပေနတယ္။ သူတို႔ဒါကို ျမင္ေအာင္ၾကည့္ၿပီးေတာ့ အားလုံး အဆင္ေျပႏိုင္မဲ့ နည္းလမ္းကို သူတို႔ေ႐ြးပါ။ မဟုတ္ဘူးဆိုရင္ ဒီကာလၿပီးတဲ့ေနာက္ပိုင္းမွာ ေနာက္ထပ္ တစ္ဆင့္ကို ထပ္တိုးရလိမ့္မယ္။ ပုံစံေတြ မတူေတာ့ဘူး။ မိဘေတြ ပါဝင္လာေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”လို႔ ဖဲႀကိဳးစိမ္း လႈပ္ရွားမူ ဦးေဆာင္ေကာ္မတီဝင္ ကိုေနာင္ထက္ေအာင္က ေျပာပါတယ္။

လႈပ္ရွားမူေတြ ေဆာင္႐ြက္တဲ့အခါမွာ ဇန္နဝါရီ ၁၄ရက္ကေန ၂၄ရက္ ၁၀ရက္တာအတြင္းမွာ မိဘေတြဆီကို ကြင္းဆင္းကာ သူတို႔ရဲ႕ စကားသံေတြ ၊ သေဘာထားေတြကိုရယူၿပီးေတာ့ လူစည္ကားတဲ့ ေနရာေတြမွာ လူထု သေဘာထားေတြကို ေမးျမန္းသြားမွာျဖစ္ၿပီးေတာ့ ေကာ္မတီ ေဖစ္ဘြတ္ေပ့ စာမ်က္ႏွာေတြ၊ ဖုန္းေတြက တစ္ဆင့္ လူထု သေဘာထားေတြကို ထပ္ၿပီး ေကာက္ယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အသစ္ျပ႒ာန္းလိုက္တဲ့ အေျခခံပညာဥပေဒ အခန္း ၉ အေျခခံပညာ ဆရာမ်ားရဲ႕ အခြင့္အေရး၊ တာဝန္၊ အရည္အခ်င္းနဲ႔ စြမ္းေဆာင္ရည္မ်ား အခန္း၊ ပုဒ္မ ၃၉ (ဆ) မွာ ဆရာမ်ားဟာ မူဝါဒမ်ား၊ ပညာေရးဖြံ႕ၿဖိဳးမူ စီမံကိန္းမ်ား ၊ စီမံခ်က္မ်ား၊ ပညာေရးဆိုင္ရာ ဥပေဒမ်ားနဲ႔ အျခားလုပ္ထုံးလုပ္နည္းမ်ားအတြက္ အႀကံျပဳခြင့္၊ ပါဝင္ ေဆာင္႐ြက္ခြင့္ရွိတယ္လို႔ ျပ႒ာန္းထားေပးမဲ့ ဒီမတ္လကုန္အထိ စာသင္ကာလ သတ္မွတ္တာကို အေျခခံပညာက႑မွာ လက္ေတြ႕သင္ၾကားေပးေနတဲ့ ဆရာ၊ဆရာမေတြကို အသိေပး အႀကံဉာဏ္ယူခဲ့တာ မရွိဘူးလို႔ သိရပါတယ္။

“ဒီလိုမ်ိဳး စာသင္ခ်ိန္ေတြ တိုးတဲ့အျပင္ ထပ္ၿပီးေတာ့စာသင္ ကာလကို ေနာက္ထပ္ခ်ဲ႕ၿပီးလုပ္လိုက္တာဟာ အားလုံးကို ဒုကၡ ေရာက္ေအာင္ လုပ္ျခင္းျဖစ္တယ္။ ဆရာ၊ဆရာမေတြဘက္က ေျပာရရင္ ဆရာ၊ဆရာမကို ေလးေလးစားစားနဲ႔ ေဆြးေႏြး တိုင္ပင္ခဲ့တာလည္းမရွိဘူး။ ပညာေရးေလာကမွာ ရွိတာက ေက်ာင္းသား ေက်ာင္းသူရယ္။ ဆရာ၊ဆရာမေတြ၊ မိဘေတြကို သုံးပြင့္ဆိုင္ကို နားလည္ေအာင္ ညႇိဳႏႈိင္းၿပီးေတာ့ ျဖစ္ႏိုင္မလား ။ မျဖစ္ႏိုင္လား ေအာက္ေျခမွာ ဆင္းၿပီးေတာ့ ေမးျမန္းစုံစမ္းၿပီးေတာ့မွ လုပ္တာ မဟုတ္ဘဲနဲ႔ ငါတို႔လုပ္ခ်င္သလို လုပ္မယ္။ ငါတို႔လုပ္တာကို လိုက္နာရမယ္ဆိုတဲ့ အာဏာရွင္ စိတ္ဓာတ္နဲ႔ဆက္လုပ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ အေနနဲ႔ လုပ္စရာ ရွိတာကို ဆက္ၿပီးေတာ့ လုပ္သြားရမွာျဖစ္တယ္”လို႔ တကၠသိုလ္ ဆရာသမဂၢမ်ား ကိုယ္စားျပဳ ေကာ္မတီ ဝင္ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ သမိုင္းဌာန ကထိက ဆရာသန္းထိုက္ေအာင္က ေျပာ ပါတယ္။

ပညာေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြအေနနဲ႔ အေျခခံပညာေရး ဥပေဒပါ ျပ႒ာန္းခ်က္ေတြကို ေလးစားလိုက္ နာရန္ ေလးနက္စြာ အသိေပးလိုက္ၿပီး မတ္လကုန္အထိ စာသင္ကာလသတ္မွတ္သည့္ မူဝါအေပၚ အေျခခံပညာ က႑က ဆရာအဖြဲ႕အစည္း အားလုံးနဲ႔ ေတြ႕ဆုံ ေဆြးေႏြးကာ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမူ ရမွသာ အေကာင္အထည္ေဖာ္ဖို႔ ေတာင္းဆိုလိုက္တာျဖစ္ပါတယ္လို႔ ဒီေကာ္မတီသုံးခုရဲ႕ ဒီကေန႔မွာ ပူးတြဲ ထုတ္ျပန္ခ်က္ ေၾကညာခဲ့ပါတယ္။

အေျခခံပညာဥပေဒကို လစ္လ်ဳ႐ူတဲ့အျပင္ ဗဟိုခ်ဳပ္ကိုင္မူနဲ႔ မေလ်ာ္ဩဇာသုံးဖိႏွိပ္ေျပာဆိုမူမ်ားကို ဆက္လက္ လုပ္ေဆာင္ေနမယ္ဆိုရင္ လႈပ္ရွားမူေတြကို တရာဥပေဒနဲ႔ အညီ အရွိန္ျမင့္ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အဲ့ဒီ ပူးတြဲေၾကညာခ်က္မွာ ပါရွိပါတယ္။

ဓါတ္ပံုု ေနာင္ထက္ေအာင္
#voiceofmyanmar #VOM #ဖဲၾကိဳးစိမ္းလွဳပ္ရွားမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW