(၂၀၂၀)သင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်းရေးကြိုဆိုပွဲကျင်းပပြုလုပ်

ပြင်ဦးလွင်၊ ဇန်နဝါရီ ၁၄-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ စည်ကားရွာရှိ အာရှအလင်းရောင်ဘုန်းကြီးကျောင်းမှာ ဒီကနေ့ နေ့လည်ပိုင်းကစပြီး
ငြိမ်းချမ်းရေးရရှိစေဖို့အတွက် (၂၀၂၀)သင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်းရေးကြိုဆိုပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအစီအစဉ်မှာ ငြိမ်းချမ်းရေးရဖို့လုပ်နေတဲ့ NGOအဖွဲ့အစည်းတွေက လာရောက်ပြီး အမုန်းစကားတွေလျှော့ချဖို့၊ အားလုံးပါဝင်တဲ့ပညာရေးစနစ်တည်ဆောက်ဖို့၊ ရွေးကောက်ပွဲကာလ လူမျိုးရေး၊ဘာသာရေးတင်းမာမှုတွေလျှော့ချဖို့စတဲ့အချက်တွေကို အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့တာတွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာရရှိတဲ့ အချက်တွေကို သက်ဆိုင်ရာအစိုးရအဖွဲ့တွေဆီကို တင်ပြပြီးအကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ညပိုင်းမှာလည်း ဘာသာကြီး(၅)ခုမှ ဘာသာရေးခေါင်းဆောင်ကြီးများက စုပေါင်းမေတ္တာပို့သခြင်းနဲ့ ငြိမ်းချမ်းရေး ဖယောင်းတိုင်ထွန်ကာ ငြိမ်းချမ်းရေးမီးပုံပျံများ လွတ်တင်ခဲ့တာတွေပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးအဆိုတော် စောဖိုးခွားကလည်း တေးဂီတဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပြင်ဦးလွင် #သင့်မြတ်သူတို့စကားဝိုင်း

Zawgyi

(၂၀၂၀)သင့္ျမတ္ျခင္းနဲ႔ ၿငိမ္းခ်မ္းေရးႀကိဳဆိုပြဲက်င္းပျပဳလုပ္

ျပင္ဦးလြင္၊ ဇန္နဝါရီ ၁၄-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ အနီးစခန္း၊ စည္ကား႐ြာရွိ အာရွအလင္းေရာင္ဘုန္းႀကီးေက်ာင္းမွာ ဒီကေန႔ ေန႔လည္ပိုင္းကစၿပီး
ၿငိမ္းခ်မ္းေရးရရွိေစဖို႔အတြက္ (၂၀၂၀)သင့္ျမတ္ျခင္းနဲ႔ ၿငိမ္းခ်မ္းေရးႀကိဳဆိုပြဲကို က်င္းပျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီအစီအစဥ္မွာ ၿငိမ္းခ်မ္းေရးရဖို႔လုပ္ေနတဲ့ NGOအဖြဲ႕အစည္းေတြက လာေရာက္ၿပီး အမုန္းစကားေတြေလွ်ာ့ခ်ဖို႔၊ အားလုံးပါ၀င္တဲ့ပညာေရးစနစ္တည္ေဆာက္ဖို႔၊ ေ႐ြးေကာက္ပြဲကာလ လူမ်ိဳးေရး၊ဘာသာေရးတင္းမာမႈေတြေလွ်ာ့ခ်ဖို႔စတဲ့အခ်က္ေတြကို အစုအဖြဲ႕အလိုက္ ေဆြးေႏြးခဲ့တာေတြကိုလည္း လုပ္ေဆာင္ခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲမွာရရွိတဲ့ အခ်က္ေတြကို သက္ဆိုင္ရာအစိုးရအဖြဲ႕ေတြဆီကို တင္ျပၿပီးအေကာင္အထည္ေဖာ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ညပိုင္းမွာလည္း ဘာသာႀကီး(၅)ခုမွ ဘာသာေရးေခါင္းေဆာင္ႀကီးမ်ားက စုေပါင္းေမတၱာပို႔သျခင္းနဲ႔ ၿငိမ္းခ်မ္းေရး ဖေယာင္းတိုင္ထြန္ကာ ၿငိမ္းခ်မ္းေရးမီးပုံပ်ံမ်ား လြတ္တင္ခဲ့တာေတြျပဳလုပ္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးအဆိုေတာ္ ေစာဖိုးခြားကလည္း ေတးဂီတေဖ်ာ္ေျဖတင္ဆက္မႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ျပင္ဦးလြင္ #သင့္ျမတ္သူတို႔စကားဝိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW