ဖျာပုံ ကျားဖောင်‌လုပ်ငန်းအတွက် ရောင်းစားခံရတဲ့ လူငယ် ၇ ဦးထပ်မံပေါ်ထွက်၊ ၁ ဦးသေဆုံး ၊၅ ဦးပျောက်ဆုံးနေ

ဖျာပုံ ကျားဖောင်‌လုပ်ငန်းအတွက် ရောင်းစားခံရတဲ့ လူငယ် ၇ ဦးထပ်မံပေါ်ထွက်၊ ၁ ဦးသေဆုံး ၊၅ ဦးပျောက်ဆုံးနေ

ဖျာပုံ ဇန်နဝါရီ ၁၄
သိင်္ဂီ(VOM)

ဖျာပုံ ကျားဖောင်‌လုပ်ငန်းအတွက် ရောင်းစားခံရတဲ့ လူငယ် ၇ ဦးထပ်မံပေါ်ထွက်လာပြီး ယင်း၇ဦးအနက် တစ်ဦးသာပြန်လည်လွတ်မြောက်ပြီး ၅ ဦးပျောက်ဆုံးကာ တစ်ဦးကတော့ သေဆုံးသွားပြီလို့ ဒီကိစ္စကို ကူညီ ဆောင်ရွက်နေသူ ဒေါ်ယမင်း ပြောဆိုချက်အရသိရပါတယ်။

ပဲခူးက လူငယ် ၇ ဦးဟာ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာဘက်က ကျားဖောင်လုပ်ငန်းမှာ ရောင်းစားခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ကျော်မင်းထွန်းတစ်ယောက်သာ လွတ်မြောက်လာပြီး သေဆုံးသွားတဲ့လူအတွက်ကိုတော့ လျော်ကြေးငွေသဘော ၈၀၀၀၀၀ ကျပ်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ တွေ့ဆုံခဲ့တယ်။ အဲ့မှာစာချုပ်ပြတော့ အလုပ်ရှင်အလုပ်သမားစာချုပ်မဟုတ်ဘူး ငွေချေးငွေငှား သဘောမျိုးတွေ့ရတယ်။ အဲ့ဒီမှာအခြေအတင်ဖြစ်ပြီး ကလေးကိုထားခဲ့ဖို့လုပ်တယ်။ လူကုန်ကူးနဲ့စကားပြောမယ် ဆိုပြီး ဖြစ်တယ်။ဒါပေမယ့် ကလေးကထားမခဲ့ပါနဲ့ ငိုပါတယ် ။ဒါကြောင့်ကလေးကိုပြန်ခေါ်လာတယ်။ သူအတွက်ကိုတော့ ငွေကြေးမပေးရဘူး။ ကျန်တဲ့ မင်းအောင်ဆိုတဲ့ကလေးကိုတော့အုပ်ချုပ်ရေးမှူးက ဓာတ်ပုံယူထားတယ် စာကွက်ယူထားတယ် ဖောင်တွေမှာရှာပေးမယ်ပြောတယ်။ တွေ့ရင်လမ်းစရိန်ပေးပြီးပြန်လွှတ်ပေးမယ်ပြောပါတယ် ။ကျန်တဲ့သူတွေကတော့သတင်းအစအနမရသေးပါဘူး”လို့ ကူညီဆောင်ရွက်ပေးသူ ဒေါ်ယမင်းက ပြောပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ဖျာပုံ ဒေါ်ညိမ်းကျေးရွာဘက်ကနေ မောင်ကျော်မင်းဦးကို သွားရောက်ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ကျားဖောင်လုပ်ငန်းမှာ ၃ လအကြာလုပ်ကိုင်ခဲ့တယ်လို့သိရပါတယ်။

ကျားဖောင်လုပ်ငန်းကနေပြန်လွတ်မြောက်လာသူအပါ အဝင် ကျန်ရှိပျောက်ဆုံးနေတဲ့ သူတွေအတွက် သက်ဆိုင်ရာ ရဲစခန်း လူကုန်ကူးမှ ုကာကွယ်တိုက်ဖျက်ရေးအဖွဲ့ စတဲ့သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖျာပုံ ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေပေါက ” ရေထဲပြုတ်ကျတယ်။ ခုန်ချသွားတော့ ဂရုဏာကြေး ပေးလိုက်တယ်။ လမ်းစရိတ်၂ သိန်းနဲ့ ၈ သိန်းပေါ့ ။ရောင်းစားခံရတာတော့မဟုတ်ဘူးသူတို့က ပွဲစားနဲ့လာကြတာ။ နှစ်ဦးသဘောတူနဲ့ ၈ သိန်းထုတ်ပေးတယ် ။ပိုက်ဆံက သူတို့ဆီပြန်မရောက်ဘူးပြောတယ်။လူတွေကအများကြီးပေါ့။”လို့ ပြောပါတယ်။

ကျားဖောင်လုပ်ငန်းဟာ ကမ်းခြေကနေ ရေမိုင် ၃၀ ကျော်မှာ လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင့်မှာ ပင်ပန်းကြီးစွာ လုပ်ကိုင်ရတဲ့အပြင် ဆဲဆိုကြိမ်းမောင်းတာ ၊ ရိုက်နှက်ညှဉ်းပန်းတာ စတာတွေအပြင် ရေလုပ်သားအချို့ ပျောက်ဆုံးသေဆုံးသွားကြတဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာလထဲမှာ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျားဖောင် လုပ်ငန်းမှာ တရားမဝင် လုပ်ငန်းရှင် အရေအတွက်ဟာ တရားဝင်အရေအတွက်ထက် ခြောက်ဆလောက် ပိုများနေသလို တရားမဝင် ရေလုပ်သားဦးရေကလည်း အဆမတန်များပြားနေပါတယ်။

#voiceofmyanmar #VOM #ကျားဖေါင် #ဖျာပုံ #ကျားဖေါင်မှာရောင်းစားခံရသူများ

 

Zawgyi

ဖ်ာပုံ က်ားေဖာင္‌လုပ္ငန္းအတြက္ ေရာင္းစားခံရတဲ့ လူငယ္ ၇ ဦးထပ္မံေပၚထြက္၊ ၁ ဦးေသဆုံး ၊၅ ဦးေပ်ာက္ဆုံးေန

ဖ်ာပုံ ဇန္နဝါရီ ၁၄
သိဂႌ(VOM)

ဖ်ာပုံ က်ားေဖာင္‌လုပ္ငန္းအတြက္ ေရာင္းစားခံရတဲ့ လူငယ္ ၇ ဦးထပ္မံေပၚထြက္လာၿပီး ယင္း၇ဦးအနက္ တစ္ဦးသာျပန္လည္လြတ္​ေျမာက္ျပီး ၅ ဦး​ေပ်ာက္ဆံုုးကာ တစ္ဦးကေတာ့ ​ေသဆံုုးသြားျပီလိုု႕ ဒီကိစၥကိုု ကူညီ ေဆာင္ရြက္ေနသူ ေဒၚယမင္း ေျပာဆိုခ်က္အရသိရပါတယ္။

ပဲခူးက လူငယ္ ၇ ဦးဟာ ဖ်ာပုံၿမိဳ႕နယ္ ေဒၚညိမ္းေက်းရြာဘက္က က်ားေဖာင္လုပ္ငန္းမွာ ေရာင္းစားခံခဲ့ရတာျဖစ္ပါတယ္။ လက္႐ွိမွာ ေက်ာ္မင္းထြန္းတစ္ေယာက္သာ လြတ္ေျမာက္လာၿပီး ေသဆုံးသြားတဲ့လူအတြက္ကိုေတာ့ ေလ်ာ္ေၾကးေငြသေဘာ ၈၀၀၀၀၀ က်ပ္ရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

“ေဒၚညိမ္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရုံးမွာပဲ ​ေတြ႕ဆံုုခဲ့တယ္။ အဲ့မွာစာခ်ဳပ္ျပေတာ့ အလုပ္႐ွင္အလုပ္သမားစာခ်ဳပ္မဟုတ္ဘူး ​ေငြေခ်းေငြငွား သေဘာမ်ိဳးေတြ႕ရတယ္။ အဲ့ဒီမွာအေျခအတင္ျဖစ္ျပီး က​ေလးကိုထားခဲ့ဖို႕လုပ္တယ္။ လူကုန္ကူးနဲ့စကားေျပာမယ္ ဆိုျပီး ျဖစ္တယ္။ဒါေပမယ့္ ကေလးကထားမခဲ့ပါနဲ႔ ငိုပါတယ္ ။ဒါေၾကာင့္ကေလးကိုျပန္ေခၚလာတယ္။ သူအတြက္ကိုေတာ့ ေငြေၾကးမေပးရဘူး။ က်န္တဲ့ မင္းေအာင္ဆိုတဲ့ကေလးကိုေတာ့အုပ္ခ်ဳပ္ေရးမွဴးက ဓာတ္ပုံယူထားတယ္ စာကြက္ယူထားတယ္ ေဖာင္ေတြမွာ႐ွာေပးမယ္ေျပာတယ္။ ေတြ႔ရင္လမ္းစရိန္ေပးၿပီးျပန္လႊတ္ေပးမယ္ေျပာပါတယ္ ။က်န္တဲ့သူေတြကေတာ့သတင္းအစအနမရေသးပါဘူး”လို႔ ကူညီေဆာင္ရြက္ေပးသူ ေဒၚယမင္းက ေျပာပါတယ္။

ဇန္နဝါရီလ ၁၀ ရက္ေန႔က ဖ်ာပုံ ေဒၚညိမ္းေက်းရြာဘက္ကေန ေမာင္ေက်ာ္မင္းဦးကို သြားေရာက္ေခၚေဆာင္လာခဲ့တာျဖစ္ပါတယ္။ က်ားေဖာင္လုပ္ငန္းမွာ ၃ လအၾကာလုပ္ကိုင္ခဲ့တယ္လို႔သိရပါတယ္။

က်ားေဖာင္လုပ္ငန္းကေနျပန္လြတ္ေျမာက္လာသူအပါ အဝင္ က်န္႐ွိေပ်ာက္ဆုံးေနတဲ့ သူေတြအတြက္ သက္ဆိုင္ရာ ရဲစခန္း လူကုန္ကူးမွ ုကာကြယ္တိုက္ဖ်က္ေရးအဖြဲ႔ စတဲ့သက္ဆိုင္ရာအဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္ဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဖ်ာပုံ ေဒၚညိမ္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊေပါက ” ေရထဲျပဳတ္က်တယ္။ ခုန္ခ်သြားေတာ့ ဂ႐ုဏာေၾကး ေပးလိုက္တယ္။ လမ္းစရိတ္၂ သိန္းနဲ႔ ၈ သိန္းေပါ့ ။ေရာင္းစားခံရတာေတာ့မဟုတ္ဘူးသူတို႔က ပြဲစားနဲ႔လာၾကတာ။ ႏွစ္ဦးသေဘာတူနဲ႔ ၈ သိန္းထုတ္ေပးတယ္ ။ပိုက္ဆံက သူတို႔ဆီျပန္မေရာက္ဘူးေျပာတယ္။လူေတြကအမ်ားႀကီးေပါ့။”လို႔ ​ေျပာပါတယ္။

က်ားေဖာင္လုပ္ငန္းဟာ ကမ္းေျခကေန ေရမိုင္ ၃၀ ေက်ာ္မွာ လုပ္ကိုင္ရတဲ့ လုပ္ငန္းျဖစ္ၿပီး လုပ္ငန္းခြင့္မွာ ပင္ပန္းႀကီးစြာ လုပ္ကိုင္ရတဲ့အျပင္ ဆဲဆိုႀကိမ္းေမာင္းတာ ၊ ရိုက္ႏွက္ညႇဥ္းပန္းတာ စတာေတြအျပင္ ေရလုပ္သားအခ်ိဳ႕ ေပ်ာက္ဆုံးေသဆုံးသြားၾကတဲ့ လူ႔အခြင့္အေရး ထိခိုက္နစ္နာမွုေတြရွိေနတယ္လို့ ျမန္မာနိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ဒီဇင္ဘာလထဲမွာ တရားဝင္ သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ က်ားေဖာင္ လုပ္ငန္းမွာ တရားမဝင္ လုပ္ငန္းရွင္ အေရအတြက္ဟာ တရားဝင္အေရအတြက္ထက္ ေျခာက္ဆေလာက္ ပိုမ်ားေနသလို တရားမဝင္ ေရလုပ္သားဦးေရကလည္း အဆမတန္မ်ားျပားေနပါတယ္။

#voiceofmyanmar #VOM #က်ားေဖါင္ #ဖ်ာပံုု #က်ားေဖါင္မွာေရာင္းစားခံရသူမ်ား

Related posts

Leave a Comment

VOM News

FREE
VIEW