နျူကလီယားစာချုပ်ကို အီရန်ချိုးဖောက်နေတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ တရားဝင်စွပ်စွဲ

လန်ဒန်၊ ဇန်နဝါရီ-၁၅-၂၀၂၀
မျိုးဆက် (VOM)

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ပြုလုပ်ထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ပါ စည်းကမ်းချက်တွေကို အီရန်ကချိုးဖောက်နေတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က တရားဝင်စွပ်စွဲလိုက်ပြီး ဒီသဘောတူညီချက်အောက်မှာ ရုပ်သိမ်းခဲ့တဲ့ ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေကို နောက်ဆုံးမှာ ပြန်လည်ချမှတ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ထိပ်တိုက်ရင်ဆိုင်တင်းမာမှုတွေကို ပိုမိုဆိုးရွားလာစေမယ့် နျူကလီးယားပြန့်ပွားမှု ထပ်မံဖြစ်ပေါ်လာမယ့်ပြသနာကို ကျော်လွှားဖို့ လုပ်ဆောင်နေတယ်လို့ ဥရောပအင်အားကြီး သုံးနိုင်ငံကပြောပါတယ်။

အီရန်အနေနဲ့စာချုပ်ကို ချိုးဖောက်စရာအကြောင်းမရှိကြောင်း ၊ စာချုပ်ချိုးဖောက်ခြင်းဟာ မဟာဗျူဟာအမှားအဖြစ် အီရန်ကပယ်ချထားတယ်လို့ နျူကလီးယား စာချုပ်ကိုလက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ ရုရှားနိုင်ငံကပြောပါတယ်။

အီရန်နဲ့အတူ နျူကလီးယားသဘောတူစာချုပ်ကို အောင်မြင်ဖို့လိုလားကြောင်း၊ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ စာချုပ်ကနေနှုတ်ထွက်ပြီး အီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ အမြင့်ဆုံးဖိအားပေးတဲ့မူဝါဒမှာ ပူးပေါင်းပါဝင်မှာမဟုတ်ဘူးလို့ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကပြောပါတယ်။

နျူကလီးယားသဘောတူစာချုပ်ပါ စည်းကမ်းချက်တွေကို အီရန်ကချိုးဖောက်နေတယ်လို့ တရားဝင်စွပ်စွဲမှုဟာ သဘောတူညီချက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် အခြေအနေတစ်ရပ်ကို အစပြုစေနိုင်ပါတယ်။ ဒီလိုစွပ်စွဲမှုတွေနဲပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထားတာဖြစ်ပါတယ်။

Ref:Reuters Photo: AP
#VOM #voiceofmyanmar #အီရန် #နျူကလီယားစာချုပ် #ချိုးဖောက်တယ်လို့စွပ်စွဲ

Zawgyi

န်ဴကလီယားစာခ်ဳပ္ကို အီရန္ခ်ိဳးေဖာက္ေနတယ္လို႔ ျဗိတိန္၊ ျပင္သစ္နဲ႔႔ ဂ်ာမနီတို႔ တရား၀င္စြပ္စြဲ

လန္ဒန္၊ ဇန္န၀ါရီ-၁၅-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္ကို ထိန္းခ်ဳပ္ဖို႔ျပဳလုပ္ထားတဲ႔ ၂၀၁၅ န်ဴကလီးယားသေဘာတူစာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြကို အီရန္ကခ်ိဳးေဖာက္ေနတယ္လို႔ ျဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီတို႔က တရား၀င္စြပ္စြဲလိုက္ျပီး ဒီသေဘာတူညီခ်က္ေအာက္မွာ ရုပ္သိမ္းခဲ႔တဲ႔႔ ကုလသမဂၢရဲ႕အေရးယူပိတ္ဆို႔မႈေတြကို ေနာက္ဆံုးမွာ ျပန္လည္ခ်မွတ္မႈေတြ ျဖစ္ေပၚလာနုိင္ပါတယ္။

အေရွ႕အလယ္ပိုင္းေဒသမွာ ထိပ္တိုက္ရင္ဆို္င္တင္းမာမႈေတြကို ပိုမိုဆိုးရြားလာေစမယ္႔ န်ဴကလီးယားျပန္႔ပြားမႈ ထပ္မံျဖစ္ေပၚလာမယ္႔ျပသနာကို ေက်ာ္လႊားဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဥေရာပအင္အားၾကီး သံုးနုိင္ငံကေျပာပါတယ္။

အီရန္အေနနဲ႔စာခ်ဳပ္ကို ခ်ိဳးေဖာက္စရာအေၾကာင္းမရိွေၾကာင္း ၊ စာခ်ဳပ္ခ်ိဳးေဖာက္ျခင္းဟာ မဟာဗ်ဴဟာအမွားအျဖစ္ အီရန္ကပယ္ခ်ထားတယ္လို႔ န်ဴကလီးယား စာခ်ဳပ္ကိုလက္မွတ္ေရးထိုးရာမွာ ပါ၀င္တဲ႔ ရုရွားနုိင္ငံကေျပာပါတယ္။

အီရန္နဲ႔အတူ န်ဴကလီးယားသေဘာတူစာခ်ဳပ္ကို ေအာင္ျမင္ဖို႔လိုလားေၾကာင္း၊ ဒါ႔အျပင္ ၂၀၁၈ ခုနွစ္မွာ စာခ်ဳပ္ကေနနႈတ္ထြက္ျပီး အီရန္အေပၚအေရးယူပိတ္ဆို႔မႈေတြ ျပန္လည္ခ်မွတ္ခဲ႔တဲ႔ အေမရိကန္အစိုးရရဲ႕ အျမင္႔ဆံုးဖိအားေပးတဲ႔မူ၀ါဒမွာ ပူးေပါင္းပါ၀င္မွာမဟုတ္ဘူးလို႔ ျဗိတိန္၊ ျပင္သစ္နွင္႔ ဂ်ာမနီတို႔ကေျပာပါတယ္။

န်ဴကလီးယားသေဘာတူစာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြကို အီရန္ကခ်ိဳးေဖာက္ေနတယ္လို႔ တရား၀င္စြပ္စြဲမႈဟာ သေဘာတူညီခ်က္နဲ႔ပတ္သက္ျပီး အျငင္းပြားဖြယ္ အေျခအေနတစ္ရပ္ကို အစျပဳေစနိုင္ပါတယ္။ ဒီလိုစြပ္စြဲမႈေတြနဲပတ္သက္ျပီး အီရန္နို္င္ငံျခားေရး၀န္ၾကီးဌာနက ေ၀ဖန္ထားတာျဖစ္ပါတယ္။

Ref:Reuters Photo: AP
#VOM #voiceofmyanmar #အီရန္ #န်ဴကလီယားစာခ်ဳပ္ #ခ်ိဳးေဖာက္တယ္လို႔စြပ္စြဲ

Related posts

Leave a Comment

VOM News

FREE
VIEW