မြန်မာ့အလင်း သတင်းစာမှာဖော်ပြထားတဲ့ ရဲတပ်ဖွဲ့ပိုင်ကားကို မိုင်းခွဲတိုက်ခိုက်တယ်ဆိုတဲ့ ရေးသားချက်ကို အေအေငြင်းဆို

မြောက်ဦး၊ ဇန်နဝါရီ ၁၅-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်နှစ်စီးကို အေအေအဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တဲ့အတွက် မော်တော်ယာဉ်ထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အဲ့ဒီကိစ္စရပ်မှာ အေအေအဖွဲ့နဲ့ မသက်ဆိုင်တဲ့အတွက် လုံးဝငြင်းဆိုလိုတယ်လို့ အေအေကငြင်းဆိုချက် ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး အစိုးရသတင်းစာတစ်ခုအနေနဲ့ မမှန်ကန်တဲ့သတင်းတွေကို ရေးသားဖော်ပြနေတာဟာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် သတင်းတွေကို သေချာစွာစိစစ်ပြီးတင်ဖို့ အကြံပြုလိုပါတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ရေးသားချက်မှာ” ဇန်နဝါရီလ ၁၁ရက် နံနက် ၉နာရီ၄၅ မိနစ်အချိန်ခန့်မှာ မြောက်ဦးမြို့၊ နယ်မြေခံရဲတပ်ဖွဲ့မှ မိသားစုဝင်တွေဟာ ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ် ၂ စီးနဲ့ မြောက်ဦးမြို့မဈေးကို သွားရောက်ဈေးဝယ်ပြီးပြန်လာစဉ် မြောက်ဦးမြို့၊ သကျမာန်အောင်ဘုရားအနီးမှာ AA အဖွဲ့က အဝေးထိန်းမိုင်း တစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ပိုင် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။” လို့ သတင်းစာမှာဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

#VOM #voiceofmyanmar #မြောက်ဦး #မြန်မာ့အလင်းသတင်းစာ #အေအေငြင်းဆိုချက်

Zawgyi

ျမန္မာ့အလင္း သတင္းစာမွာေဖာ္ျပထားတဲ့ ရဲတပ္ဖြဲ႔ပိုင္ကားကို မိုင္းခြဲတိုက္ခိုက္တယ္ဆိုတဲ့ ေရးသားခ်က္ကို ေအေအျငင္းဆို

ေျမာက္ဦး၊ ဇန္နဝါရီ ၁၅-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေျမာက္ဦးၿမိဳ႕မွာ ဇန္နဝါရီလ ၁၁ ရက္ေန႔က ရဲတပ္ဖြဲ႕ပိုင္ေမာ္ေတာ္ယာဥ္ႏွစ္စီးကို ေအေအအဖြဲ႕က အေဝးထိန္းမိုင္းနဲ႔ ေဖာက္ခြဲတိုက္ခိုက္တဲ့အတြက္ ေမာ္ေတာ္ယာဥ္ထိမွန္ပ်က္စီးခဲ့ေသာ္လည္း လူထိခိုက္ဒဏ္ရာရမႈမရွိဆိုတဲ့ သတင္းနဲ႔ပတ္သက္ၿပီး အဲ့ဒီကိစၥရပ္မွာ ေအေအအဖြဲ႕နဲ႔ မသက္ဆိုင္တဲ့အတြက္ လံုးဝျငင္းဆိုလိုတယ္လို႔ ေအေအကျငင္းဆိုခ်က္ ထုတ္ျပန္ထားပါတယ္။

ဆက္လက္ျပီး အစိုးရသတင္းစာတစ္ခုအေနနဲ႔ မမွန္ကန္တဲ႔သတင္းေတြကို ေရးသားေဖာ္ျပေနတာဟာ အစိုးရတစ္ရပ္ရဲ႕ ဂုဏ္သိကၡာနဲ႔ပံုရိပ္ကို က်ဆင္းေစတဲ့အတြက္ သတင္းေတြကို ေသခ်ာစြာစိစစ္ျပီးတင္ဖို႔ အႀကံျပဳလိုပါတယ္လို႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

ျမန္မာ့အလင္းသတင္းစာမွာ ေဖာ္ျပထားတဲ့ေရးသားခ်က္မွာ” ဇန္နဝါရီလ ၁၁ရက္ နံနက္ ၉နာရီ၄၅ မိနစ္အခ်ိန္ခန႔္မွာ ေျမာက္ဦးၿမိဳ႕၊ နယ္ေျမခံရဲတပ္ဖြဲ႕မွ မိသားစုဝင္ေတြဟာ ရဲတပ္ဖြဲ႕ပိုင္ေမာ္ေတာ္ယာဥ္ ၂ စီးနဲ႔ ေျမာက္ဦးၿမိဳ႕မေဈးကို သြားေရာက္ေဈးဝယ္ၿပီးျပန္လာစဥ္ ေျမာက္ဦးၿမိဳ႕၊ သက်မာန္ေအာင္ဘုရားအနီးမွာ AA အဖြဲ႕က အေ၀းထိန္းမိုင္း တစ္လုံးနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ ခဲ့ေၾကာင္း၊ တိုက္ခိုက္မႈေၾကာင့္ တပ္ဖြဲ႕ပိုင္ ေမာ္ေတာ္ယာဥ္ ထိမွန္ပ်က္စီးသြားေသာ္လည္း လူထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း သိရပါတယ္။” လို႔ သတင္းစာမွာေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဒီေဖာက္ခြဲတိုက္ခိုက္မႈနဲ႔ပတ္သတ္ၿပီး ေအေအ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကိုဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာမ႐ွိပါဘူး။

#VOM #voiceofmyanmar #ေျမာက္ဦး #ျမန္မာ့အလင္းသတင္းစာ #ေအေအျငင္းဆိုခ်က္

Related posts

Leave a Comment

VOM News

FREE
VIEW