ကျားဖောင်ပေါ်မှာ ဖောင်ဦးစီးအသတ်ခံရပြီး နောက်လိုက်နှစ်ဦးပျောက်ဆုံးနေ

ရေး၊ ဇန်နဝါရီ ၁၅-၂၀၂၀
မိုးယံ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ကမ်းမှ ပင်လယ်ရေမိုင် ၂၅ခန့်အကွာရှိ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းမှာ ဖောင်ဦးစီးကိုဓားနဲ့ထိုး၊ ရဲဒင်းနဲ့ခုတ်သတ်ခဲ့တဲ့ တရားခံနှစ်ဦးပျောက်ဆုံးနေတဲ့အတွက် ရဲတပ်ဖွဲ့က ချိတ်ဆက်ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ရက်နေ့က ဖောင်ဦးစီး ဦးမျိုးမင်းကို သူ့ရဲ့တပည့်တွေဖြစ်တဲ့ ကိုထက်ကိုနဲ့ ကိုနေလင်းဦးတို့က ကျားဖောင်လုပ်ငန်းမှာ ဓားနဲ့ထိုး ရဲဒင်းနဲ့ခုတ်သတ်ခဲ့တယ်ဆိုပြီး အလုပ်ရှင်က တရားလိုပြုလုပ်တိုင်တန်းထားတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။

ငါးပေါင်းစက်လှေမောင်းတဲ့ ကိုတင်လှိုင်က ဖောင်ဦးစီးဦးမျိုးမင်းကို အသက်မသေပဲရှာတွေ့ခဲ့ပြီးနောက် ကမ်းကိုပြန်ခေါ်လာခဲ့ကာ ရေးမြို့နယ်ဆေးရုံးကို ပို့ဆောင်ကုသခဲ့ရတာဖြစ်ပါတယ်။

‟ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ရဲစခန်းတွေကိုချိတ်ဆက်ပြီး တရားခံံကို ဖမ်းဆီးရမိဖို့လုပ်နေပါတယ်။ ဇန်နဝါရီ၁ရက်နေ့က ဖောင်ဦးစီးကို သူ့တပည့်နောက်လိုက်၂ယောက်ကသတ်တာပါ၊
ဖောင်ဦးစီး ဦးမျိုးမင်းကို သူတပည့် ရေလုပ်သားတွေဖြစ်တဲ့ ကိုထက်ကိုနဲ့ ကိုနေလင်းဦး တို့ ကသတ်တာလို့သိရတယ်။ ငါးပေါင်းစက်လှေသွားတော့ ဦးမျိုးမင်းတို့ကျားဖောင်က ကျားတန်းမှာ ပျောက်နေတယ်။ ငါးပေါင်းဦးစီး ကိုတင်လှိုင်က လိုက်ရှာတဲ့အခါ ရေမိုင်တစ်မိုင်အကွာမှာ ဖောင်တွေ့တယ်၊ ဖော်ပေါ်မှာ ဖောင်ဦးစီးဦးမျိုးမင်းကို ဘယ်ဖက်ရင်အုံ ထိုးသွင်းဒဏ်ရာ၂ချက် ၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ ၁ ချက် စတဲ့ ဒဏ်ရာတွေနဲ့ အသက်မသေသေးပဲတွေ့လို့ မေးမြန်းရာမှာ ထက်ကိုက ငါးခွဲ ဓါးဝိုင်းနဲ့ရင်အုံကို၂ချက်ထိုးတဲ့အကြောင်း၊ နေလင်းဦးက ရဲဒင်းနဲ့ခေါင်းကိုခုတ်တဲ့အကြောင်း ပြောပြသိရှိခဲ့တယ်လို့ တိုင်ချက်အရ ကျွန်တော်တို့ကသိရတာပါ၊ ကနဦး ပုဒ်မ ၃၂၆ဖြင့်အမှုဖွင့် ပြီး
ဇန်နဝါရီ ၁ရက်နေ့နေ့လည် တစ်နာရီဝန်းကျင်အချိန်က သေဆုံးသွားခဲ့၍ လူသတ်မှုဖြင့်၃၀၂ကို ပြောင်းလဲအမှုဖွင့်ခဲ့ခြင်းဖြစ်တယ်”လို့ ရေးမြို့နယ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းမြင့်ကပြောပါတယ်။

ဖောင်ဦးစီး အသတ်ခံရတာနဲ့ပတ်သက်ပြီး ဖောင်ဦးစီးရဲ့မိခင်ဒေါ်ဝိုင်းက ‟ကျွန်မသား ကျားဖောင်ပေါ်အသတ်ခံရတယ်လို့ကြားလို့ ၊ ကျိုက်လတ်ကနေ ရေးမြို့ကို ဇန်နဝါရီ၂ရက်နေ့ရောက်လာတယ်။ ရေးပြည်သူ့ဆေးးရုံ ရင်ခွဲရုံသွားကြည့်တာ ကြည့်ခွင့်မရဘူး၊ ဓာတ်ပုံလည်း မရိုက်ရဘူး ၊ ပင်လယ်ပြင်မှာ ဘယ်လိုပုံသေတယ်ဆိုတာလည်း မသိရဘူး၊ အလုပ်ရှင်ပြောတာက ကျွန်မသားရဲ့နောက်လိုက်နှစ်ယောက်က သတ်သွားပြီး သူတို့ကရေထဲခုန်ချထွက်ပြေးသွားတယ်လို့ပြောပါတယ်။ ကျွန်မသား အလောင်းကို
သူတို့ဒေသက ရာအိမ်မှူးတစ်ယောက်ကဦးစီးပြီး မြေမြှုပ်လိုက်တယ်၊ လုပ်ငန်းရှင်ဘက်က နစ်နာကြေး၆သိန်းပေးတယ်၊ ကျွန်မက မယူဘူး၊ ကျွန်မတို့အလစ်မှာ ကျွန်မသားအလောင်းကိူ
သူတို့ဘာသာ သင်္ဂြိုဟ်လိုက်ကြတယ်၊ ကျွန်မလက်မှတ်လည်းမပါဘူး၊ ကိုယ့်သားသမီး နောက်ဆုံးအချိန်တောင် ကြည့်ခွင့်မရခဲ့ဘူး။ ဘယ်လိုဘယ်ပုံသေတယ်ဆိုတာလည်း မသိခဲ့ရတဲ့အတွက် နားလည်တဲ့ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး အထက်ဌာနအဆင့်ဆင့်ကိုတိုင်ကြားသွားမယ်”လို့ ပြောပါတယ်။

သေဆုံးသူဦးမျိုးမင်းဟာ ငါးဖမ်းရာသီ ၈လကျော်လုပ်ရမှာဖြစ်ပြီး ၃လခွဲခန့်သာလုပ်ခဲ့ရသေးတဲ့အတွက် ကြိုတင်ငွေ၁၂သိန်း ထုတ်ပေးထားရာမှာလည်း သေဆုံးသူရဲ့မိခင်က ငွေကျပ် ၅သိန်း သေဆုံးသူက ငွေကျပ်၃သိန်း၊ ပွဲစား ကိုဗျော့ကြီးဆိုသူက ငွေကျပ်၄သိန်း ထုတ်ယူထားပြီးဖြစ်တယ်လို့ သေဆုံးသူရဲ့မိခင်ပြောစကားအရ သိရပါတယ်။

‟ ကျွန်တော်တို့လုပ်ငန်းရှင်ဘက်က အလုပ်သမားကိုစာနာပြီး ဂရုဏာကြေး၆သိန်းပေးမယ်လို့ ကမ်းလှမ်းတယ်၊ သေသူရဲ့အမေက လက်မခံဘူး၊ နောက်ထပ်လည်း သူတို့ဘက်က တတ်နိင်သမျှထပ်ပြီး ညှိနှိုင်းဖို့စီစဉ်နေပါတယ်၊ ကျွန်တော်တို့ဘက်ကလည်း ပြသနာမဖြစ်ခံဘူး”လို့ လုပ်ငန်းရှင်လည်းဖြစ် အမှုရဲ့တရားလိုလည်းဖြစ်တဲ့ ကိုဇော်ဇော်သက်ကပြောပါတယ်။

သေဆုံးသူဖောင်ဦးစီးရဲ့လုပ်ငန်းရှင်ဖြစ်တဲ့ ရေးမြို့နယ်၊ အဘော်ကျေးရွာ
ပတ္တမြားတန်းရပ်မှာနေတဲ့ ကိုဇော်ဇော်သက်ကတရားလိုပြုလုပ်ပြီး ဇန်နဝါရီ ၁ရက်နေ့က တိုင်ကြားတဲ့အတွက် ဒေးဒရဲမြို့နယ်၊ ရောဟနီကျေးရွာနေ၊ အသက်(၁၉)နှစ်ရှိ နဲ့ ထန်းတပင်မြို့နယ်၊ သရက်တန်းရွာနေ အသက်(၂၅)နှစ်ရှိ ကိုနေလင်းဦးတို့ကို ရေးမြို့နယ်မြို့မရဲစခန်း (ပ) ၂/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ ပြောင်းလဲကာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အလားတူကိစ္စရပ်မျိုး ပြီးခဲ့တဲ့ဇန်နဝါရီ ၁၀ရက်နေ့က ဖျာပုံမြို့နယ် ကျားဖောင်လုပ်ငန်းမှာ ရောင်းစားခံရသူ ၇ဦး၊ သေဆုံးသူ ၁ ဦး နဲ့ ပျောက်ဆုံးနေသူ ၅ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရေး #ကျားဖောင်လုပ်ငန်း #ဖောင်ဦးစီးအသတ်ခံရ

Zawgyi

က်ားေဖာင္ေပၚမွာ ေဖာင္ဦးစီးအသတ္ခံရၿပီး ေနာက္လိုက္ႏွစ္ဦးေပ်ာက္ဆုံးေန

ေရး၊ ဇန္နဝါရီ ၁၅-၂၀၂၀
မိုးယံ(VOM)

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ခ႐ိုင္၊ ေရးၿမိဳ႕နယ္ကမ္းမွ ပင္လယ္ေရမိုင္ ၂၅ခန္႔အကြာရွိ ပင္လယ္ျပင္က်ားေဖာင္လုပ္ငန္းမွာ ေဖာင္ဦးစီးကိုဓားနဲ႔ထိုး၊ ရဲဒင္းနဲ႔ခုတ္သတ္ခဲ့တဲ့ တရားခံႏွစ္ဦးေပ်ာက္ဆံုးေနတဲ့အတြက္ ရဲတပ္ဖြဲ႕က ခ်ိတ္ဆက္ရွာေဖြတာေတြ ျပဳလုပ္ေနတယ္လို႔ ေရးၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁ရက္ေန႔က ေဖာင္ဦးစီး ဦးမ်ိဳးမင္းကို သူ႔ရဲ႕တပည့္ေတြျဖစ္တဲ့ ကိုထက္ကိုနဲ႔ ကိုေနလင္းဦးတို႔က က်ားေဖာင္လုပ္ငန္းမွာ ဓားနဲ႔ထိုး ရဲဒင္းနဲ႔ခုတ္သတ္ခဲ့တယ္ဆိုၿပီး အလုပ္ရွင္က တရားလိုျပဳလုပ္တိုင္တန္းထားတယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားတာ ျဖစ္ပါတယ္။

ငါးေပါင္းစက္ေလွေမာင္းတဲ့ ကိုတင္လႈိင္က ေဖာင္ဦးစီးဦးမ်ိဳးမင္းကို အသက္မေသပဲရွာေတြ႕ခဲ့ၿပီးေနာက္ ကမ္းကိုျပန္ေခၚလာခဲ့ကာ ေရးၿမိဳ႕နယ္ေဆး႐ုံးကို ပို႔ေဆာင္ကုသခဲ့ရတာျဖစ္ပါတယ္။

‟ ကြၽန္ေတာ္တို႔ ရဲတပ္ဖြဲ႕အေနနဲ႔ကေတာ့ ရဲစခန္းေတြကိုခ်ိတ္ဆက္ၿပီး တရားခံံကို ဖမ္းဆီးရမိဖို႔လုပ္ေနပါတယ္။ ဇန္နဝါရီ၁ရက္ေန႔က ေဖာင္ဦးစီးကို သူ႔တပည့္ေနာက္လိုက္၂ေယာက္ကသတ္တာပါ၊
ေဖာင္ဦးစီး ဦးမ်ိဳးမင္းကို သူတပည့္ ေရလုပ္သားေတြျဖစ္တဲ့ ကိုထက္ကိုနဲ႔ ကိုေနလင္းဦး တို႔ ကသတ္တာလို႔သိရတယ္။ ငါးေပါင္းစက္ေလွသြားေတာ့ ဦးမ်ိဳးမင္းတို႔က်ားေဖာင္က က်ားတန္းမွာ ေပ်ာက္ေနတယ္။ ငါးေပါင္းဦးစီး ကိုတင္လႈိင္က လိုက္ရွာတဲ့အခါ ေရမိုင္တစ္မိုင္အကြာမွာ ေဖာင္ေတြ႕တယ္၊ ေဖာ္ေပၚမွာ ေဖာင္ဦးစီးဦးမ်ိဳးမင္းကို ဘယ္ဖက္ရင္အုံ ထိုးသြင္းဒဏ္ရာ၂ခ်က္ ၊ ဦးေခါင္းေနာက္ေစ့ ျပတ္ရွဒဏ္ရာ ၁ ခ်က္ စတဲ့ ဒဏ္ရာေတြနဲ႔ အသက္မေသေသးပဲေတြ႕လို႔ ေမးျမန္းရာမွာ ထက္ကိုက ငါးခြဲ ဓါးဝိုင္းနဲ႔ရင္အုံကို၂ခ်က္ထိုးတဲ့အေၾကာင္း၊ ေနလင္းဦးက ရဲဒင္းနဲ႔ေခါင္းကိုခုတ္တဲ့အေၾကာင္း ေျပာျပသိရွိခဲ့တယ္လို႔ တိုင္ခ်က္အရ ကြၽန္ေတာ္တို႔ကသိရတာပါ၊ ကနဦး ပုဒ္မ ၃၂၆ျဖင့္အမႈဖြင့္ ၿပီး
ဇန္နဝါရီ ၁ရက္ေန႔ေန႔လည္ တစ္နာရီဝန္းက်င္အခ်ိန္က ေသဆုံးသြားခဲ့၍ လူသတ္မႈျဖင့္၃၀၂ကို ေျပာင္းလဲအမႈဖြင့္ခဲ့ျခင္းျဖစ္တယ္”လို႔ ေရးၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒုရဲမွဴးဝင္းျမင့္ကေျပာပါတယ္။

ေဖာင္ဦးစီး အသတ္ခံရတာနဲ႔ပတ္သက္ၿပီး ေဖာင္ဦးစီးရဲ႕မိခင္ေဒၚဝိုင္းက ‟ကၽြန္မသား က်ားေဖာင္ေပၚအသတ္ခံရတယ္လို႔ၾကားလို႔ ၊ က်ိဳက္လတ္ကေန ေရးၿမိဳ႕ကို ဇန္နဝါရီ၂ရက္ေန႔ေရာက္လာတယ္။ ေရးျပည္သူ႔ေဆးး႐ုံ ရင္ခြဲ႐ုံသြားၾကည့္တာ ၾကည့္ခြင့္မရဘူး၊ ဓာတ္ပုံလည္း မ႐ိုက္ရဘူး ၊ ပင္လယ္ျပင္မွာ ဘယ္လိုပုံေသတယ္ဆိုတာလည္း မသိရဘူး၊ အလုပ္ရွင္ေျပာတာက ကၽြန္မသားရဲ႕ေနာက္လိုက္ႏွစ္ေယာက္က သတ္သြားၿပီး သူတို႔ကေရထဲခုန္ခ်ထြက္ေျပးသြားတယ္လို႔ေျပာပါတယ္။ ကၽြန္မသား အေလာင္းကို
သူတို႔ေဒသက ရာအိမ္မႉးတစ္ေယာက္ကဦးစီးၿပီး ေျမျမႇဳပ္လိုက္တယ္၊ လုပ္ငန္းရွင္ဘက္က နစ္နာေၾကး၆သိန္းေပးတယ္၊ ကၽြန္မက မယူဘူး၊ ကၽြန္မတို႔အလစ္မွာ ကၽြန္မသားအေလာင္းကိူ
သူတို႔ဘာသာ သၿဂႋဳဟ္လိုက္ၾကတယ္၊ ကၽြန္မလက္မွတ္လည္းမပါဘူး၊ ကိုယ့္သားသမီး ေနာက္ဆုံးအခ်ိန္ေတာင္ ၾကည့္ခြင့္မရခဲ့ဘူး။ ဘယ္လိုဘယ္ပုံေသတယ္ဆိုတာလည္း မသိခဲ့ရတဲ့အတြက္ နားလည္တဲ့ဥပေဒပညာရွင္ေတြနဲ႔တိုင္ပင္ၿပီး အထက္ဌာနအဆင့္ဆင့္ကိုတိုင္ၾကားသြားမယ္”လို႔ ေျပာပါတယ္။

ေသဆုံးသူဦးမ်ိဳးမင္းဟာ ငါးဖမ္းရာသီ ၈လေက်ာ္လုပ္ရမွာျဖစ္ၿပီး ၃လခြဲခန္႔သာလုပ္ခဲ့ရေသးတဲ့အတြက္ ႀကိဳတင္ေငြ၁၂သိန္း ထုတ္ေပးထားရာမွာလည္း ေသဆုံးသူရဲ႕မိခင္က ေငြက်ပ္ ၅သိန္း ေသဆုံးသူက ေငြက်ပ္၃သိန္း၊ ပြဲစား ကိုေဗ်ာ့ႀကီးဆိုသူက ေငြက်ပ္၄သိန္း ထုတ္ယူထားၿပီးျဖစ္တယ္လို႔ ေသဆုံးသူရဲ႕မိခင္ေျပာစကားအရ သိရပါတယ္။

‟ ကြၽန္ေတာ္တို႔လုပ္ငန္းရွင္ဘက္က အလုပ္သမားကိုစာနာၿပီး ဂ႐ုဏာေၾကး၆သိန္းေပးမယ္လို႔ ကမ္းလွမ္းတယ္၊ ေသသူရဲ႕အေမက လက္မခံဘူး၊ ေနာက္ထပ္လည္း သူတို႔ဘက္က တတ္နိင္သမွ်ထပ္ၿပီး ညႇိႏႈိင္းဖို႔စီစဥ္ေနပါတယ္၊ ကြၽန္ေတာ္တို႔ဘက္ကလည္း ျပသနာမျဖစ္ခံဘူး”လို႔ လုပ္ငန္းရွင္လည္းျဖစ္ အမႈရဲ႕တရားလိုလည္းျဖစ္တဲ့ ကိုေဇာ္ေဇာ္သက္ကေျပာပါတယ္။

ေသဆုံးသူေဖာင္ဦးစီးရဲ႕လုပ္ငန္းရွင္ျဖစ္တဲ့ ေရးၿမိဳ႕နယ္၊ အေဘာ္ေက်း႐ြာ
ပတၱျမားတန္းရပ္မွာေနတဲ့ ကိုေဇာ္ေဇာ္သက္ကတရားလိုျပဳလုပ္ၿပီး ဇန္နဝါရီ ၁ရက္ေန႔က တိုင္ၾကားတဲ့အတြက္ ေဒးဒရဲၿမိဳ႕နယ္၊ ေရာဟနီေက်း႐ြာေန၊ အသက္(၁၉)ႏွစ္ရွိ နဲ႔ ထန္းတပင္ၿမိဳ႕နယ္၊ သရက္တန္း႐ြာေန အသက္(၂၅)ႏွစ္ရွိ ကိုေနလင္းဦးတို႔ကို ေရးၿမိဳ႕နယ္ၿမိဳ႕မရဲစခန္း (ပ) ၂/၂၀၂၀ရာဇသတ္ႀကီးပုဒ္မ ၃၂၆ မွ ၃၀၂ ေျပာင္းလဲကာ အမွဳဖြင့္ထားတယ္လို႔ သိရပါတယ္။

အလားတူကိစၥရပ္မ်ိဳး ၿပီးခဲ့တဲ့ဇန္နဝါရီ ၁၀ရက္ေန႔က ဖ်ာပံုၿမိဳ႕နယ္ က်ားေဖာင္လုပ္ငန္းမွာ ေရာင္းစားခံရသူ ၇ဦး၊ ေသဆံုးသူ ၁ ဦး နဲ႔ ေပ်ာက္ဆံုးေနသူ ၅ ဦးရိွခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေရး #က်ားေဖာင္လုပ္ငန္း #ေဖာင္ဦးစီးအသတ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW