နေအိမ်မီးလောင်ရာကနေ ကလေးနှစ်ဦး မီးလောင်သေဆုံး

ဝေါ၊ ဇန်နဝါရီ ၁၆-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ နောင်ပတ္တရားကျေးရွာအရှေ့ဘက်လယ်ကွင်းမှာ ဒီကနေ့မနက်ပိုင်းက နေအိမ်တစ်လုံးမီးလောင်ရာကနေ ကလေးနှစ်ဦးမီးလောင်သေဆုံးခဲ့တယ်လို့
ဝေါမြို့မရဲစခန်းကသိရပါတယ်။

နောင်ပတ္တရားကျေးရွာအရှေ့ဘက် ကွင်းအမှတ်(၆၇၄-က) လယ်ကွင်းအတွင်းက နေအိမ်(၁)လုံးမှာ မီးလောင်မှုဖြစ်ပွားတဲ့အတွက် ဝေါမြို့နယ်ရဲမှူးနဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာ ခုလိုတွေ့ရှိတာ ဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။

‟မိဘတွေကမရှိဘူး၊ ပဲခူးမြို့ကိုဈေးဝယ်သွားကြတယ်၊ အကိုက မီးဖိုသုံးရင်းမီးလောင်သွားတာပါ၊ အကိုက ထိုင်ရက်သွားနိုင်တယ်၊ အငယ်ကောင်လေးက မထနိုင်ဘူး နှစ်ယောက်လုံးမီးထဲပါသွားတာပါ”လို့ ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးရဲစိုးကVOMအတည်ပြုပြောပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့နေအိမ်မှာ အသက်(၅၁)နှစ်ရှိ ဦးနိုင်လင်းပိုင်တဲ့
၃ပေ၅ပေသွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း နေအိမ်ကိုမီးလောင်ခဲ့တာဖြစ်ပါတယ်။

မိဘနှစ်ဦးအပြင်သွားနေချိန် အိမ်အနောက်ဖေးမီးဖိုဆောင်မီးဖိုမှာ သားအငယ်ဆုံးက
ရေနွေးအိုးတည်နေရာကနေ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး ညီအစ်ကို (၂)ဦးလုံးမှာ မီးလောင်ကျွမ်းဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

မီးလောင်သေဆုံးတာနဲ့ပတ်သက်ပြီး ဝေါမြို့မရဲစခန်းက တရားလိုပြုလုပ်ပြီး
သေဆုံးသွားတဲ့ မောင်ဖြိုးခိုင်ဟန်ကို (ပ)၁၃/၂၀၂၀ရာဇသတ်ကြီးပုဒ်မ
၂၈၅/၃၀၄-(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – KG
#VOM #voiceofmyanmar #ဝေါ #အိမ်မီးလောင် #ကလေးနှစ်ဦးသေဆုံး

Zawgyi

ေနအိမ္မီးေလာင္ရာကေန ကေလးႏွစ္ဦး မီးေလာင္ေသဆုံး

ေဝါ၊ ဇန္နဝါရီ ၁၆-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ ေနာင္ပတၱရားေက်း႐ြာအေရွ႕ဘက္လယ္ကြင္းမွာ ဒီကေန႔မနက္ပိုင္းက ေနအိမ္တစ္လုံးမီးေလာင္ရာကေန ကေလးႏွစ္ဦးမီးေလာင္ေသဆုံးခဲ့တယ္လို႔
ေဝါၿမိဳ႕မရဲစခန္းကသိရပါတယ္။

ေနာင္ပတၱရားေက်း႐ြာအေရွ႕ဘက္ ကြင္းအမွတ္(၆၇၄-က) လယ္ကြင္းအတြင္းက ေနအိမ္(၁)လုံးမွာ မီးေလာင္မႈျဖစ္ပြားတဲ့အတြက္ ေဝါၿမိဳ႕နယ္ရဲမႉးနဲ႔အဖြဲ႔က သြားေရာက္စစ္ေဆးခဲ့ရာမွာ ခုလိုေတြ႔ရိွတာ ျဖစ္တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားတာ ျဖစ္ပါတယ္။

‟မိဘေတြကမရွိဘူး၊ ပဲခူးၿမိဳ႕ကိုေဈးဝယ္သြားၾကတယ္၊ အကိုက မီးဖိုသုံးရင္းမီးေလာင္သြားတာပါ၊ အကိုက ထိုင္ရက္သြားႏိုင္တယ္၊ အငယ္ေကာင္ေလးက မထႏိုင္ဘူး ႏွစ္ေယာက္လုံးမီးထဲပါသြားတာပါ”လို႔ ေဝါၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒုရဲမႉးရဲစိုးကVOMအတည္ျပဳေျပာပါတယ္။

မီးေလာင္မႈျဖစ္ပြားတဲ့ေနအိမ္မွာ အသက္(၅၁)ႏွစ္ရွိ ဦးႏိုင္လင္းပိုင္တဲ့
၃ေပ၅ေပသြပ္မိုး၊ ထရံကာ၊ ပ်ဥ္းခင္း ေနအိမ္ကိုမီးေလာင္ခဲ့တာျဖစ္ပါတယ္။

မိဘႏွစ္ဦးအျပင္သြားေနခ်ိန္ အိမ္အေနာက္ေဖးမီးဖိုေဆာင္မီးဖိုမွာ သားအငယ္ဆံုုးက
ေရေႏြးအိုးတည္ေနရာကေန မီးစတင္ေလာင္ခဲ့ျခင္းျဖစ္ၿပီး ညီအစ္ကို (၂)ဦးလုံးမွာ မီးေလာင္ကြၽမ္းဒဏ္ရာေတြနဲ႔ ေသဆုံးေနခဲ့တာ ျဖစ္ပါတယ္။

မီးေလာင္ေသဆုံးတာနဲ႔ပတ္သက္ၿပီး ေဝါၿမိဳ႕မရဲစခန္းက တရားလိုျပဳလုပ္ၿပီး
ေသဆံုးသြားတဲ့ ေမာင္ၿဖိဳးခိုင္ဟန္ကို (ပ)၁၃/၂၀၂၀ရာဇသတ္ႀကီးပုဒ္မ
၂၈၅/၃၀၄-(က)နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

Photo – KG
#VOM #voiceofmyanmar #ေဝါ #အိမ္မီးေလာင္ #ကေလးႏွစ္ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW