သားအိမ်ခေါင်းကင်ဆာ ကို ၈၅ ရာခိုင်နှုန်းကာကွယ်နိုင်မယ့် ကင်ဆာကာကွယ်ဆေး အခမဲ့ထိုးပေးဖို့စီစဉ်

ရန်ကုန် ၊ဇန်နဝါရီ ၁၇-၂၀၂၀
သိင်္ဂီ (VOM)

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၈၅ ရာခိုင်နူန်းထိကာကွယ်ပေးနိုင်မယ့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို လာမယ့်သြဂုတ်လမှာ အခမဲ့ထိုးနှံပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီရောဂါဟာာ ကမ္ဘာမှာ ဒုတိယအဖြစ်အများဆုံးရောဂါ ဖြစ်ပြီး ၊သေဆုံးမှုအနေနဲ့လည်း အများဆုံးဖြစ်နေပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံကဖြစ်ပွားမှုအများဆုံး နိုင်ငံထဲမှာပါဝင်နေတဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသက် ၉ နှစ်နဲ့ ၁၀ နှစ်အရွယ်မိန်းကလေးတွေကို ကာကွယ်ဆေးစတင်ထိုးနှံပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

” မကြာခင် လာမယ့် သြဂုတ်လမှာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အမျိုးသမီးငယ်တွေအတွက် အစီအစဉ်ဆောင်ရွက်မှာဖြစ်တယ်။ ဒါကိုဆောင်ရွက်နိုင်ပြီဆိုတာနဲ့ ကျွန်တော်တို့နိုင်ငံ မှာ၁၃ မျိုးမြောက် ကာကွယ်ဆေးကို ထိုးနှံပေးနိုင်တာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတာ ၁၃ မျိုး ၊ ကျွန်တော်တို့နိုင်ငံမှာ ကာကွယ်လို့ရပြီဆိုတာပြောနိုင်ပါပြီ” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။

ကနဦးအနေနဲ့ ကလေးအများဆုံးရှိတဲ့ ကျောင်းတွေမှာ သွားရောက်ထိုးနှံပေးဖို့စီစဉ်ထားပြီး မိန်းကလေးငယ်တွေ ၂ ကြိမ်ထိုးရမှာဖြစ်ပါတယ်။ ပထမအကြိမ်အဖြစ် ဒီနှစ်၂၀၂၀ခုနှစ်မှာထိုးနှံကာ ဒုတိယအကြိမ်ကိုတော့ အချိန် တစ်နှစ်ခြားပြီးထိုးနှံပေးမှာဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါဟာ Human Papilloma Virus (HPV) ကြွက်နို့ ရေယုန် ဗိုင်းရပ် (စ်) ပိုးကြောင့် ဖြစ်ပြီး၊ ဗိုင်းရပ်(စ်) ပိုးဟာ လိင်ဆက်ဆံခြင်းနဲ့ ကူးစက်နိုင်တာဖြစ်ပြီး ဒါ့အပြင် ကလေး ၃ ယောက်နဲ့ အထက် မွေးဖွားသူအမျိုးသမီးတွေအပါအဝင် ဆယ်ကျော်သက်အရွယ် အသက် ၁၈ နှစ်မပြည့်မီ လိင်ဆက်ဆံဖူးသူ အမျိုးသမီးတွေမှာ ဖြစ်ပွားနိုင်ခြေပိုများတယ်လို့ သိရပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေထဲမှာ ရင်သားကင်ဆာပြီးနောက် နံပါတ် 2 အဖြစ်အများဆုံး ရောဂါဖြစ်ပြီး၊ သားအိမ်ခေါင်းကင်ဆာနဲ့ အမျိုးသမီးအများစု အသက် ဆုံးရှုံးခဲ့တာတွေရှိနေတာ ဖြစ်ပါတယ်။

“ ဟိုတစ်လောက သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး သေသွားတယ်။ ဖြစ်မှန်းမဖြစ်မှန်းကျွန်မတို့ကမသိဘူး။ ရောဂါဖြစ်တော့ ဆေးရုံပြမှ ဒီရောဂါဆိုမှသိရတဲ့အခြေအနေ။ ခုနောက်ပိုင်း ရွာထဲမှာ ခုလိုရောဂါနဲ့သေသွားတာတွေ့တော့ အမျိုးသမီးရောဂါတစ်ခုခုဆိုတာနဲ့ ဆေးရုံဆေးခန်း အပြေးလွှားပြတာတော့လုပ်နေပြီ။ အခမဲ့က ကလေးတွေအတွက်အပြင် ကျွန်မတို့ လူူကြီးတွေအတွက်လည်း စီစဉ်ပေးစေချင်ပါတယ်။”လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ဒေါ်ဋ္ဌေးဋ္ဌေးကပြောပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် ၆ လတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကကြေညာထားတာတွေလည်း ရှိပါတယ်။

လက်ရှိမှာတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ပြင်ပဆေးရုံတွေမှာလည်း ထိုးနိုင်ပြီး ဆေးဈေးနှုန်းကတော့ အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #သားအိမ်ကင်ဆာကာကွယ်ဆေး #အခမဲ့ထိုးပေးဖို့စီစဉ်

Zawgyi

သားအိမ္ေခါင္းကင္ဆာ ကို ၈၅ ရာခိုင္ႏႈန္းကာကြယ္ႏိုင္မယ့္ ကင္ဆာကာကြယ္ေဆး အခမဲ့ထိုးေပးဖို႔စီစဥ္

ရန္ကုန္ ၊ဇန္န၀ါရီ ၁၇-၂၀၂၀
သိဂႌ (VOM)

သားအိမ္ေခါင္းကင္ဆာျဖစ္ပြားမႈကို ၈၅ ရာခိုင္ႏူန္းထိကာကြယ္ေပးႏုိင္မယ့္ သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆးကို လာမယ့္ၾသဂုတ္လမွာ အခမဲ့ထိုးႏွံေပးႏုိင္ဖုိ႔ ေဆာင္ရြက္ေနတယ္လုိ႔ က်န္းမာေရးနွင့္အားကစား၀န္ႀကီးဌာနကေန သိရပါတယ္။

ဒီေရာဂါဟာာ ကမၻာမွာ ဒုတိယအျဖစ္အမ်ားဆုံးေရာဂါ ျဖစ္ျပီး ၊ေသဆုံးမႈအေနနဲ႔လည္း အမ်ားဆုံးျဖစ္ေနပါတယ္။

အေရွ႔ေတာင္အာရွမွာ ျမန္မာနိုင္ငံကျဖစ္ပြားမွဳအမ်ားဆံုး ႏိုင္ငံထဲမွာပါ၀င္ေနတဲ့အတြက္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အသက္ ၉ ႏွစ္နဲ႔ ၁၀ ႏွစ္အရြယ္မိန္းကေလးေတြကုိ ကာကြယ္ေဆးစတင္ထုိးနွံေပးနိုင္ဖုိ႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

” မၾကာခင္ လာမယ့္ ၾသဂုတ္လမွာ အမ်ိဳးသမီးေတြမွာအျဖစ္မ်ားတဲ့ သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆးကို အမ်ိဳးသမီးငယ္ေတြအတြက္ အစီအစဥ္ေဆာင္ရြက္မွာျဖစ္တယ္။ ဒါကိုေဆာင္ရြက္ႏိုင္ၿပီဆိုတာနဲ႔ ကၽြန္ေတာ္တို႔ႏိုင္ငံ မွာ၁၃ မ်ိဳးေျမာက္ ကာကြယ္ေဆးကို ထိုးႏွံေပးႏိုင္တာျဖစ္ပါတယ္။ တကမၻာလုံးမွာ ကာကြယ္ေဆးနဲ႔ကာကြယ္လို႔ရတာ ၁၃ မ်ိဳး ၊ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ ကာကြယ္လို႔ရၿပီဆိုတာေျပာႏိုင္ပါၿပီ” လို႔ က်န္းမာေရးနွင့္အားကစား၀န္ႀကီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္ကေျပာပါတယ္။

ကနဦးအေနနဲ႔ ကေလးအမ်ားဆုံး႐ွိတဲ့ ေက်ာင္းေတြမွာ သြားေရာက္ထုိးႏွံေပးဖုိ႔စီစဥ္ထားၿပီး မိန္းကေလးငယ္ေတြ ၂ ၾကိမ္ထိုးရမွာျဖစ္ပါတယ္။ ပထမအၾကိမ္အျဖစ္ ဒီႏွစ္၂၀၂၀ခုႏွစ္မွာထုိးနွံကာ ဒုတိယအႀကိမ္ကုိေတာ့ အခ်ိန္ တစ္ႏွစ္ျခားၿပီးထုိးႏွံေပးမွာျဖစ္ပါတယ္။

သားအိမ္ေခါင္းကင္ဆာေရာဂါဟာ Human Papilloma Virus (HPV) ၾကြက္ႏို႔ ေရယုန္ ဗိုင္းရပ္ (စ္) ပိုးေၾကာင့္ ျဖစ္ျပီး၊ ဗိုင္းရပ္(စ္) ပိုးဟာ လိင္ဆက္ဆံျခင္းနဲ႔ ကူးစက္ႏိုင္တာျဖစ္ၿပီး ဒါ့အျပင္ ကေလး ၃ ေယာက္နဲ႔ အထက္ ေမြးဖြားသူအမ်ိဳးသမီးေတြအပါအ၀င္ ဆယ္ေက်ာ္သက္အရြယ္ အသက္ ၁၈ ႏွစ္မျပည့္မီ လိင္ဆက္ဆံဖူးသူ အမ်ိဳးသမီးေတြမွာ ျဖစ္ပြားႏုိင္ေျခပိုမ်ားတယ္လုိ႔ သိရပါတယ္။

သားအိမ္ေခါင္းကင္ဆာဟာ အမ်ိဳးသမီးေတြျဖစ္ပြားတဲ့ ကင္ဆာေရာဂါေတြထဲမွာ ရင္သားကင္ဆာျပီးေနာက္ နံပါတ္ 2 အျဖစ္အမ်ားဆံုး ေရာဂါျဖစ္ျပီး၊ သားအိမ္ေခါင္းကင္ဆာနဲ႔ အမ်ိဳးသမီးအမ်ားစု အသက္ ဆံုး႐ံႈးခဲ့တာေတြရွိေနတာ ျဖစ္ပါတယ္။

“ ဟိုတစ္ေလာက သားအိမ္ေခါင္းကင္ဆာျဖစ္ၿပီး ေသသြားတယ္။ ျဖစ္မွန္းမျဖစ္မွန္းကၽြန္မတုိ႔ကမသိဘူး။ ေရာဂါျဖစ္ေတာ့ ေဆးရုံျပမွ ဒီေရာဂါဆိုမွသိရတဲ့အေျခအေန။ ခုေနာက္ပုိင္း ရြာထဲမွာ ခုလိုေရာဂါနဲ႔ေသသြားတာေတြ႔ေတာ့ အမ်ိဳးသမီးေရာဂါတစ္ခုခုဆိုတာနဲ႔ ေဆးရုံေဆးခန္း အေျပးလႊားျပတာေတာ့လုပ္ေနၿပီ။ အခမဲ့က ကေလးေတြအတြက္အျပင္ ကၽြန္မတို႔ လူူႀကီးေတြအတြက္လည္း စီစဥ္ေပးေစခ်င္ပါတယ္။”လုိ႔ ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ ေဒၚေ႒းေ႒းကေျပာပါတယ္။

သားအိမ္ေခါင္းကင္ဆာေရာဂါဟာ ၾကိဳတင္ကာကြယ္ႏုိင္တဲ႔ ေရာဂါျဖစ္တဲ့အတြက္ ၆ လတစ္ႀကိမ္ ပံုမွန္စစ္ေဆးသင့္တယ္လုိ႔ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနကေၾကညာထားတာေတြလည္း ရိွပါတယ္။

လက္ရွိမွာေတာ့ သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆးကို ျပင္ပေဆးရုံေတြမွာလည္း ထုိးႏိုင္ၿပီး ေဆးေစ်းနႈန္းကေတာ့ အမ်ိဳးမိ်ဳးရွိတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #သားအိမ္ကင္ဆာကာကြယ္ေဆး #အခမဲ့ထိုးေပးဖို႔စီစဥ္

Related posts

Leave a Comment

VOM News

FREE
VIEW