ခေတ်နဲ့အညီ ဖူလုံတဲ့လုပ်ခလစာရရှိရေး ရန်ကုန်မှာ အလုပ်သမားတွေ ထောင်ချီဆန္ဒပြ

ခေတ်နဲ့အညီ ဖူလုံတဲ့လုပ်ခလစာရရှိရေး ရန်ကုန်မှာ အလုပ်သမားတွေ ထောင်ချီဆန္ဒပြ

ရန်ကုန် ဇန်နဝါရီလ ၁၉-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်က စက်ရုံ အလုပ်သမား ၈၀၀၀ ကျော် က ခေတ်နှင့်ညီတဲ့ ဖူလုံသည့်လုပ်ခလစာရရှိဖို့ ၊ ကုန်ဈေးနူန်းလျှော့ချပေးဖို့အခက်အခဲတွေအပါအဝင် လိုအပ်ချက်တွေကို ရရှိဖို့ ဒီကနေ့ ဇန်နဝါရီ လ၁၉ ရက်နေ့ မြို့နယ်နှစ်ခုမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကို ရွှေပြည်သာမြို့နယ် နဲ့ လိူင်သာယာမြို့နယ်နှစ်ခုမှာ ပြုလုပ်ခဲ့တာပါ ။လိူင်သာယာမြို့နယ်ဆန္ဒပြမှုမှာ မြိုနယ်ထဲက စက်ရုံပေါင်း ၂၀ က အလုပ်သမား ၇၅၀၀ ကျော်က စီတန်းလှည့်လည်ကာဆန္ဒပြခဲ့ကြပြီး ရွှေပြည်သာမြို့နယ်မှာတော့ စက်မှုဇုံလေးခုက အလုပ်သမားအင်အား ၁၀၀၀ ဝန်းလောက်က ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

လိူင်သာယာဆန္ဒထုတ်ဖော်ပွဲမှာ ဆန္ဒပြအလုပ်သမား ၇၅၀၀ ကျော်က ဖူလုံသည့်လုပ်ခလစာရရှိရေး ၊ ကုန်ဈေးနုန်းများလျှော့ချရေးအပါအဝင် ၂၀၂၀ မေလမှာ အနည်းဆုံး လုပ်ခလစာနှုန်းထားအသစ် သတ်မှတ်ပေးရေး၊စားဝတ်နေရေးစရိတ် အစိုးရမှ ထိန်းချုပ်ပေးရေး စတဲ့ လိုအပ်တဲ့ တောင်းဆိုချက်တွေကို လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့သလို ဟောပြောပွဲလည်းပြုလုပ်ခဲ့ကြပါတယ်။

” ကျွန်မတို့ကတော့ လိုအပ်ချက်ဖြစ်လို့တောင်းဆိုရတာဖြစ်တယ်။ စက်ရုံ၂၀ ကျော်ပြတယ်။ အထည်ချုပ်သမဂ္ဂများအဖွဲ့ချုပ်ကဦးဆောင်ဆန္ဒပြတာဖြစ်တယ်။ လိူင်သာယာမှာ ဆန္ဒပြတဲ့အင်အားကအလုပ်သမား ၇၅၀၀ နဲ့ ၈၀၀၀ လောက်ရှိပါတယ်။ဟောပြောပွဲ၊စီတန်းလှည့်လညိ ၊ကြွေးကြော်တာဖြစ်တယ်။” လို့လိူင်သာယာ ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့ အထည်ချုပ်သမဂ္ဂများအဖွဲ့ချုပ်ရဲ့မြို့နယ်စည်းရုံးရေးမှူးဖြစ်သူ မသန္တာဖြိုးကပြောပါတယ်။

ထို့အတူ ရွှေပြည်သာမှာ အလုပ်သမား ၁၀၀၀ နီးပါးက ခေတ်ကာလနှင့်လျော်ညီတဲ့ လုပ်ခလစာရရှိရေး ၊အလုပ်သမားသမဂ္ဂများအား အလုပ်ထုတ်မှုမှကာကွယ်ပေးရေး ၊တာဝန်ယူမှုရှိသော ရင်းနှီးမြုပ်နှံမှု ဖော်ဆောင်ပေးရေး ကြွေးကြော်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒါ့ပြင် ရွှေပြည်သာဆန္ဒထုတ်ဖော်ပွဲမှာ” အလုပ်သမားတိုင်း ဥပဒေအကာအကွယ်ပေးမှု အပြည့်အဝရရှိရေး၊အမိန့်ညွှန်ကြားချက်များအား အလုပ်သမားများ အချိန်နှင့်တစ်ပြေညီ သိရှိအောင်ဆောင်ရွက်ပေးရေး၊အလုပ်သမားကိစ္စရပ်နှင့်သက်ဆိုင်သော ဥပဒေများ၊အလုပ်သမားများ၏ လူမှုဘဝအာမခံချက်ရှိသော လုပ်ခလစာရရှိရေး၊အလုပ်စတင်ဝင်ရောက်သည့် မည်သည့်အလုပ်သမားမဆို အနည်းဆုံးလုပ်ခလစာ ခံစားခွင့်ရရှိရေး” ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

” လာမယ့်မေလမှာ လုပ်ခလစာနုန်းထားအသစ် သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။ကျမတို့ခုငတ်မှတ်ထားတဲ့ ၄၈၀၀ ကအဆင်မပြေပါဘူး။ မလုံလောက်ပါဘူး။နယ်ကနေလာလုပ်တာဖြစ်လို့ စရိတ်ကြီးပါတယ်။”လို့ ရွှေပြည်သာဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ မမော်မော်က ပြောပါတယ်။

ရွှေပြည်သာမြို့နယ်ဆန္ဒပြပွဲကို လှော်ကားအောက်ထိပ်ကနေ စတင် ထွက်ခွာကာ အလုပ်သမားဆက်ဆံရေးရုံးရှေ့ဘောလုံးကွင်းအထိလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ တိုးမြှင့်လာတဲ့ စားဝတ်နေရေးစရိတ်တွေ ကာမိစေဖို့နဲ့ ၂၄သန်းကျော်ရှိတဲ့ အလုပ်သမားတွေရဲ့ လူမှုဘဝသာယာဝပြောစေရေးအတွက် အနိမ့်ဆုံးလုပ်ခလစာကို ဖူလုံတဲ့ လုပ်ခလစာနှုန်းထားဖြစ်စေရေးနှင့်ပတ်သက်ပြီးပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ရွှေပြည်သာ ဆန္ဒဖော်ထုတ်ပွဲကိုတော့ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊ Action Labour Right နှင့် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် မြန်မာ(STUM)တို့က ဦးဆောင်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

အလုပ်သမားတစ်ယောက်အတွက် အခြေ ခံလုက်ခလစာဟာ တစ်ရက်ကို အနည်းဆုံး ၉၈၀၀ ကျပ်ရသတ်မှတ်ပေးမှအဆင်ပြေမယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #အလုပ်သမားဆန္ဒပြ #လှိုင်သာယာ #ရွှေပြည်သာ

 

Zawgyi

ေခတ္နဲ႔အညီ ဖူလုံတဲ့လုပ္ခလစာရရွိေရး ရန္ကုန္မွာ အလုပ္သမားေတြ ေထာင္ခ်ီဆႏၵျပ

ရန္ကုန္ ဇန္နဝါရီလ ၁၉-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္က စက္႐ုံ အလုပ္သမား ၈၀၀၀ ေက်ာ္ က ေခတ္ႏွင့္ညီတဲ့ ဖူလုံသည့္လုပ္ခလစာရရွိဖို႔ ၊ ကုန္ေစ်းႏူန္းေလွ်ာ့ခ်ေပးဖို႔အခက္အခဲေတြအပါအဝင္ လိုအပ္ခ်က္ေတြကို ရရွိဖို႔ ဒီကေန႔ ဇန္နဝါရီ လ၁၉ ရက္ေန႔ ၿမိဳ႕နယ္ႏွစ္ခုမွာ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

ဆႏၵျပပြဲေတြကို ေ႐ႊျပည္သာၿမိဳ႕နယ္ နဲ႔ လိူင္သာယာၿမိဳ႕နယ္ႏွစ္ခုမွာ ျပဳလုပ္ခဲ့တာပါ ။လိူင္သာယာၿမိဳ႕နယ္ဆႏၵျပမႈမွာ ၿမိဳနယ္ထဲက စက္႐ုံေပါင္း ၂၀ က အလုပ္သမား ၇၅၀၀ ေက်ာ္က စီတန္းလွည့္လည္ကာဆႏၵျပခဲ့ၾကၿပီး ေ႐ႊျပည္သာၿမိဳ႕နယ္မွာေတာ့ စက္မႈဇုံေလးခုက အလုပ္သမားအင္အား ၁၀၀၀ ဝန္းေလာက္က ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

လိူင္သာယာဆႏၵထုတ္ေဖာ္ပြဲမွာ ဆႏၵျပအလုပ္သမား ၇၅၀၀ ေက်ာ္က ဖူလုံသည့္လုပ္ခလစာရရွိေရး ၊ ကုန္ေစ်းႏုန္းမ်ားေလွ်ာ့ခ်ေရးအပါအဝင္ ၂၀၂၀ ေမလမွာ အနည္းဆုံး လုပ္ခလစာႏႈန္းထားအသစ္ သတ္မွတ္ေပးေရး၊စားဝတ္ေနေရးစရိတ္ အစိုးရမွ ထိန္းခ်ဳပ္ေပးေရး စတဲ့ လိုအပ္တဲ့ ေတာင္းဆိုခ်က္ေတြကို လမ္းေလွ်ာက္ ဆႏၵျပေတာင္းဆိုခဲ့သလို ေဟာေျပာပြဲလည္းျပဳလုပ္ခဲ့ၾကပါတယ္။

” ကြၽန္မတို႔ကေတာ့ လိုအပ္ခ်က္ျဖစ္လို႔ေတာင္းဆိုရတာျဖစ္တယ္။ စက္႐ုံ၂၀ ေက်ာ္ျပတယ္။ အထည္ခ်ဳပ္သမဂၢမ်ားအဖြဲ႕ခ်ဳပ္ကဦးေဆာင္ဆႏၵျပတာျဖစ္တယ္။ လိူင္သာယာမွာ ဆႏၵျပတဲ့အင္အားကအလုပ္သမား ၇၅၀၀ နဲ႔ ၈၀၀၀ ေလာက္ရွိပါတယ္။ေဟာေျပာပြဲ၊စီတန္းလွည့္လညိ ၊ေႂကြးေၾကာ္တာျဖစ္တယ္။” လို႔လိူင္သာယာ ဆႏၵျပပြဲမွာ ဦးေဆာင္တဲ့ အထည္ခ်ဳပ္သမဂၢမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ၿမိဳ႕နယ္စည္း႐ုံးေရးမႉးျဖစ္သူ မသႏၲာၿဖိဳးကေျပာပါတယ္။

ထို႔အတူ ေ႐ႊျပည္သာမွာ အလုပ္သမား ၁၀၀၀ နီးပါးက ေခတ္ကာလႏွင့္ေလ်ာ္ညီတဲ့ လုပ္ခလစာရရွိေရး ၊အလုပ္သမားသမဂၢမ်ားအား အလုပ္ထုတ္မႈမွကာကြယ္ေပးေရး ၊တာဝန္ယူမႈရွိေသာ ရင္းႏွီးျမဳပ္ႏွံမႈ ေဖာ္ေဆာင္ေပးေရး ေႂကြးေၾကာ္ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

ဒါ့့ျပင္ ေ႐ႊျပည္သာဆႏၵထုတ္ေဖာ္ပြဲမွာ” အလုပ္သမားတိုင္း ဥပေဒအကာအကြယ္ေပးမႈ အျပည့္အဝရရွိေရး၊အမိန႔္ၫႊန္ၾကားခ်က္မ်ားအား အလုပ္သမားမ်ား အခ်ိန္ႏွင့္တစ္ေျပညီ သိရွိေအာင္ေဆာင္႐ြက္ေပးေရး၊အလုပ္သမားကိစၥရပ္ႏွင့္သက္ဆိုင္ေသာ ဥပေဒမ်ား၊အလုပ္သမားမ်ား၏ လူမႈဘဝအာမခံခ်က္ရွိေသာ လုပ္ခလစာရရွိေရး၊အလုပ္စတင္ဝင္ေရာက္သည့္ မည္သည့္အလုပ္သမားမဆို အနည္းဆုံးလုပ္ခလစာ ခံစားခြင့္ရရွိေရး” ဗီႏိုင္းဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ကာ ဆႏၵေဖာ္ထုတ္ခဲ့ပါတယ္။

” လာမယ့္ေမလမွာ လုပ္ခလစာႏုန္းထားအသစ္ သတ္မွတ္ေပးဖို႔ျဖစ္ပါတယ္။က်မတို႔ခုငတ္မွတ္ထားတဲ့ ၄၈၀၀ ကအဆင္မေျပပါဘူး။ မလုံေလာက္ပါဘူး။နယ္ကေနလာလုပ္တာျဖစ္လို႔ စရိတ္ႀကီးပါတယ္။”လို႔ ေ႐ႊျပည္သာဆႏၵျပပြဲတြင္ပါဝင္ခဲ့သူ မေမာ္ေမာ္က ေျပာပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္ဆႏၵျပပြဲကို ေလွာ္ကားေအာက္ထိပ္ကေန စတင္ ထြက္ခြာကာ အလုပ္သမားဆက္ဆံေရး႐ုံးေရွ႕ေဘာလုံးကြင္းအထိလမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ၿပီး ေဟာေျပာပြဲေတြလည္းျပဳလုပ္ခဲ့ပါတယ္။

ေဟာေျပာပြဲမွာ တိုးျမႇင့္လာတဲ့ စားဝတ္ေနေရးစရိတ္ေတြ ကာမိေစဖို႔နဲ႔ ၂၄သန္းေက်ာ္ရွိတဲ့ အလုပ္သမားေတြရဲ႕ လူမႈဘဝသာယာဝေျပာေစေရးအတြက္ အနိမ့္ဆုံးလုပ္ခလစာကို ဖူလုံတဲ့ လုပ္ခလစာႏႈန္းထားျဖစ္ေစေရးႏွင့္ပတ္သက္ၿပီးေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

ေ႐ႊျပည္သာ ဆႏၵေဖာ္ထုတ္ပြဲကိုေတာ့ေရာင္ျခည္ဦးအလုပ္သမားမ်ားအဖြဲ႕၊ Action Labour Right ႏွင့္ ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ား အဖြဲ႕ခ်ဳပ္ ျမန္မာ(STUM)တို႔က ဦးေဆာင္ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

အလုပ္သမားတစ္ေယာက္အတြက္ အေျခ ခံလုက္ခလစာဟာ တစ္ရက္ကို အနည္းဆုံး ၉၈၀၀ က်ပ္ရသတ္မွတ္ေပးမွအဆင္ေျပမယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #အလုပ္သမားဆႏၵျပ #လိွဳင္သာယာ #ေရႊျပည္သာ

Related posts

Leave a Comment

VOM News

FREE
VIEW