ကြက်သားအစိမ်းမှာတွေ့ရတဲ့ ဆယ်မိုနဲလားပိုးဟာ လူ့အသက်အန္တရာယ်မရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၂၁-၂၀၂၀
သိဂီ ၤ( VOM)

ကြက်သားအစိမ်းမှာတွေ့ရတဲ့ ဆယ်မိုနဲလားပိုးဟာ အပူချိန် ၇၇ ဒီဂရီအပူချိန်ထဲမှာ ထည့်ပြီးချက်ပြုတ်မယ်ဆိုရင် တစ်စက္ကန့်ထဲနဲ့သေစေတဲ့ကာ လူအတွက် အသက်အန္တရာယ်မရှိတဲ့အတွက် ကြောက်လန့်နေစရာမလိုဘူးလို့ တိရိစ္ဆာန်ဆေးပညာဆိုင်ရာ လူထုကျန်းမာရေးပညာရှင်ဒေါက်တာမင်းသစ်လွင်က ဒီကနေ့ ရန်ကုန်မြို့မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်မှာပြုလုပ်ခဲ့တဲ့ ကြက်သားထုတ်လုပ်မှုနှင့်အ စားအသောက်ဘေးကင်းလုံခြုံရေးကိစ္စရပ်များဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

“ ကြက်သားထဲမှာ ဆယ်မိုနဲလားပိုးဘယ်လောက်ပါပါ အရေးမကြီးဘူး။ ၇၇ ဒီဂရီအပူချိန်ထဲမှာ တစ်စက္ကန့်ထဲနဲ့ဒီကောင်သေတယ်။ ချက်ပြုတ်နေတဲ့အပူချိန်က ဒီထက်ပိုများတယ်။ ဒါကိုကြီးကြီးကျယ်ကျယ်ကြီးလုပ်ပြီး ကြောက်လန့်နေစရာအကြောင်းမရှိဘူး။ ဆယ်မိုနဲလား ဘယ်လောက်သည် ပါးစပ်ထဲကိုရောက်သွားတဲ့အခါ ရောဂါဖြစ်စေသလဲ၊ အနည်းဆုံး ဗိုက်ထဲဘယ်နှစ်ကောင်ရောက်ရင် ခံစားရတာ၊ ဒီထက်အောက်ဆိုဘယ်လိုလဲ။ ပုံမှန်နည်းနည်းကျယ်ပြန့့်ပါတယ်။ ဖြစ်နိုင်ချေရှိလားဆို ဖြစ်နိုင်ချေရှိတယ်။ မရှိဘူးလို့မပြောနိုင်ဘူး။ ကူးစက်နိုင်လားဆိုကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကြည့်မယ် အပုံ တစ်သန်းပုံရင် ဘယ်နှစ်ပုံရှိလဲဆိုတာပြန်တွက်ယူရမှာဖြစ်တယ်။”လို့ ဒေါက်တာမင်းသစ်လွင်က ပြောပါတယ်။

ဆယ်မိုနဲလားပိုးမှာ မျိုးကွဲပေါင်း ၂၄၆၃ မျိုးရှိတဲ့အထဲမှာမှ မဖြစ်စလောက်ကောင်တွေကသာ လူကိုဒုက္ခပေးတာလို့ သိရပါတယ်။

အူယောင်ငန်းဖျားဖြစ်စေတာနဲ့ အူယောင်ငန်းဖျားမဖြစ်စေတာဆိုပြီး နှစ်မျိုးရှိတဲ့အထဲက ရောဂါဖြစ်တဲ့ပိုးက လူကနေလူကိုပဲကူးပြီး ရောဂါမဖြစ်စေတဲ့ပိုးက တိရိစ္ဆာန်ကနေမကူးနိုင်သလို နေလည်းမနေနိုင်ဘူးလို့သိရ ပါတယ်။

တကယ်လို့ တိရိစ္ဆာန်ကနေ လူကိုကူးစက်ရင်လည်း ရောဂါပိုးဟာ နေရာလွဲရောက်လာတာဖြစ်တဲ့အတွက် ဗိုက်အင့်တာ ၊ ဝမ်းလျှောတာ ၊ အစာအဆိပ်သင့်ခြင်းတာသာ ဖြစ်တယ်လို့သိရပါတယ်။

ဒီဆယ်မိုနဲလားပိုးဟာ ခုမှ တွေ့ရှိရတာမျိုးမဟုတ်ပဲ အရင်ကတည်းကရှိတဲ့ရောဂါဖြစ်သလို မြန်မာ တစ်နိုင်ငံထဲမှာတင် ဖြစ်ဖူးတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာဖြစ်ဖူတဲ့အတွက် ရောဂါခံစားရဖူးသူ ၉၀ ရာခိုင် နှုန်းအထက်ဟာ ဘာဆေးမှမသောက်ဘဲ ၂၄ နာရီအတွင်းပြန်ကောင်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာညီလာခံမှာတော့ ရန်ကုန်ထဲက မြို့နယ်သုံးခုရဲ့ဈေးတွေမှာ ရောင်းချနေတဲ့ ဗမာကြက်နမူနာနဲ့ အသားတိုးမွေးမြူရေးကြက်နမူနာ ၅၆ မျိုးကို ဓာတ်ခွဲစန်းသပ်ခဲ့ရာ ဆယ်မိုနဲလားပိုးတွေ့ရပြီး ပဋိဇီဝပိုးဆေးယဉ်ပါးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပက်သက်ပြီး ရန်ကုန်မြို့က ဈေးအများစုမှာ ကြက်သားဈေးကျဆင်းသွားခဲ့သလို ကြက်မွေးမြူရေးလုပ်ငန်း ၊ထုတ်လုပ်ရောင်းချသူများ ၊ကြက်အရှင်ဖမ်းဈေး၊ ကြက်သားအစိမ်းဈေးတွေ ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံကြက်ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းကနေ သိရပါတယ်။

“ကြက်အရှင်ဖမ်း ထုတ်လုပ်မှုစရိတ်က ၂၈၀၀ လောက်ကျရှိတယ်။ခု ၂၃၀၀ ဆိုတော့၅၀၀ လောက်ကျသွားတယ်။အရှင်ဖမ်းတဲ့နှုန်းတွေလည်းကျသွားတယ်။”လို့ မြန်မာနိုင်ငံကြက်ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးသိန်းမြင့်ကပြောပါတယ်။

ဒီဆယ်မိုနဲလားပိုးဟာ ကြက်အသားထဲက ဖြစ်ပေါ်လာတဲ့ရောဂါပိုးမဟုတ်ဘဲ ကြက်သားအစိမ်းကို ကိုင်တွယ်သူတွေဖြစ်တဲ့ ဈေးသည်တွေရဲ့မသန့်ရှင်းမှု ၊ အသုံးပြုတဲ့ပစ္စည်းတွေမသန့်ရှင်းမှု ၊ ကြက်သတ်သူတွေမသန့်ရှင်းမှု ၊ ကြက်သတ်ရာနေရာတွေမသန့်ရှင်းမှု စတဲ့သန့်ရှင်းမှုအားနည်းတဲ့အတွက် ကြက်တွေဆီကိုကူးစက်တာဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာညီလာခံမှာ ဖတ်ကြားတင်သွင်းခဲ့တဲ့စာတမ်းမှာတော့ အူရောင်ငန်းဖျား မဖြစ်စေတဲ့ ဆယ်မိုနဲလားကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းဟာ ကမ္ဘာ့ကျန်းမာရေးပြသာ နာတစ်ရပ်ဖြစ်လာနေတာနဲ့ ကူးစက်ထားတဲ့အသား(အထူးသဖြင့်ကြက်သား)ကိုစားမိတာနဲ့ ဆက်နွယ်ပြီး ဆယ်မိုနဲလားပိုးဟာ ကြက် ၊ ငှက်တိရိစ္ဆာန်တွေကတဆင့် လူကိုကူးစက်ခြင်းဟာ ပြင်းထန်တဲ့ ကမ္ဘာ့ကျန်းမာရေးပြသာနာ ဖြစ်လာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အသားစိမ်းတွေကို ချက်ပြုတ်မယ်ဆိုရင် ကြက်အောင်ချက်ပြုတ်စားသောက်ရမှာဖြစ်သလို ၊ အသားစိမ်းတွေကိုကိုင်တွယ်ရာမှာလည်း တခြားအစားအစာတွေကို မကိုင်တွယ်မစားသောက်သင့်ဘဲ လက်ကိုသေချာသန့်စင်စွာ ဆေးကြောဖို့လိုအပ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ကြက်သား #ဆယ်မိုနဲလားရောဂါပိုး #လူ့အသက်အန္တရာယ်မရှိ

Zawgyi

ၾကက္သားအစိမ္းမွာေတြ႔ရတဲ့ ဆယ္မိုနဲလားပိုးဟာ လူ႔အသက္အႏၱရာယ္မရွိ

ရန္ကုန္ ၊ ဇန္န၀ါရီ ၂၁-၂၀၂၀
သိဂီ ၤ( VOM)

ၾကက္သားအစိမ္းမွာေတြ႔ရတဲ့ ဆယ္မိုနဲလားပိုးဟာ အပူခ်ိန္ ၇၇ ဒီဂရီအပူခ်ိန္ထဲမွာ ထည့္ၿပီးခ်က္ျပဳတ္မယ္ဆိုရင္ တစ္စကၠန္႔ထဲနဲ႔ေသေစတဲ့ကာ လူအတြက္ အသက္အႏၱရာယ္မရွိတဲ့အတြက္ ေၾကာက္လန္႔ေနစရာမလိုဘူးလုိ႔ တိရိစၦာန္ေဆးပညာဆုိင္ရာ လူထုက်န္းမာေရးပညာရွင္ေဒါက္တာမင္းသစ္လြင္က ဒီကေန႔ ရန္ကုန္ၿမိဳ႕ျမန္မာႏုိင္ငံေမြးျမဴေရးအဖြဲ႔ခ်ဳပ္မွာျပဳလုပ္ခဲ့တဲ့ ၾကက္သားထုတ္လုပ္မႈႏွင့္အ စားအေသာက္ေဘးကင္းလုံၿခဳံေရးကိစၥရပ္မ်ားဆုိင္ရာ စာနယ္ဇင္းရွင္းလင္းပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။

“ ၾကက္သားထဲမွာ ဆယ္မိုနဲလားပုိးဘယ္ေလာက္ပါပါ အေရးမႀကီးဘူး။ ၇၇ ဒီဂရီအပူခ်ိန္ထဲမွာ တစ္စကၠန္႔ထဲနဲ႔ဒီေကာင္ေသတယ္။ ခ်က္ျပဳတ္ေနတဲ့အပူခ်ိန္က ဒီထက္ပုိမ်ားတယ္။ ဒါကိုႀကီးႀကီးက်ယ္က်ယ္ႀကီးလုပ္ၿပီး ေၾကာက္လန္႔ေနစရာအေၾကာင္းမရွိဘူး။ ဆယ္မိုနဲလား ဘယ္ေလာက္သည္ ပါးစပ္ထဲကုိေရာက္သြားတဲ့အခါ ေရာဂါျဖစ္ေစသလဲ၊ အနည္းဆုံး ဗိုက္ထဲဘယ္ႏွစ္ေကာင္ေရာက္ရင္ ခံစားရတာ၊ ဒီထက္ေအာက္ဆိုဘယ္လိုလဲ။ ပုံမွန္နည္းနည္းက်ယ္ျပန္႔႔ပါတယ္။ ျဖစ္ႏုိင္ေခ်ရွိလားဆုိ ျဖစ္ႏုိင္ေခ်ရွိတယ္။ မရွိဘူးလို႔မေျပာႏုိင္ဘူး။ ကူးစက္ႏုိင္လားဆုိကူးစက္ႏုိင္ပါတယ္။ ဒါေပမယ့္ ျဖစ္ႏုိင္ေခ်ၾကည့္မယ္ အပုံ တစ္သန္းပုံရင္ ဘယ္ႏွစ္ပုံရွိလဲဆိုတာျပန္တြက္ယူရမွာျဖစ္တယ္။”လို႔ ေဒါက္တာမင္းသစ္လြင္က ေျပာပါတယ္။

ဆယ္မိုနဲလားပုိးမွာ မ်ိဳးကြဲေပါင္း ၂၄၆၃ မ်ိဳးရွိတဲ့အထဲမွာမွ မျဖစ္စေလာက္ေကာင္ေတြကသာ လူကုိဒုကၡေပးတာလို႔ သိရပါတယ္။

အူေယာင္ငန္းဖ်ားျဖစ္ေစတာနဲ႔ အူေယာင္ငန္းဖ်ားမျဖစ္ေစတာဆိုၿပီး ႏွစ္မ်ိဳးရွိတဲ့အထဲက ေရာဂါျဖစ္တဲ့ပုိးက လူကေနလူကုိပဲကူးၿပီး ေရာဂါမျဖစ္ေစတဲ့ပုိးက တိရိစၦာန္ကေနမကူးနုိင္သလို ေနလည္းမေနႏုိင္ဘူးလို႔သိရ ပါတယ္။

တကယ္လုိ႔ တိရိစၦာန္ကေန လူကိုကူးစက္ရင္လည္း ေရာဂါပိုးဟာ ေနရာလြဲေရာက္လာတာျဖစ္တဲ့အတြက္ ဗိုက္အင့္တာ ၊ ၀မ္းေလွ်ာတာ ၊ အစာအဆိပ္သင့္ျခင္းတာသာ ျဖစ္တယ္လုိ႔သိရပါတယ္။

ဒီဆယ္မုိနဲလားပုိးဟာ ခုမွ ေတြ႔ရွိရတာမ်ိဳးမဟုတ္ပဲ အရင္ကတည္းကရွိတဲ့ေရာဂါျဖစ္သလို ျမန္မာ တစ္နုိင္ငံထဲမွာတင္ ျဖစ္ဖူးတာမဟုတ္ဘဲ တစ္ကမၻာလုံးမွာျဖစ္ဖူတဲ့အတြက္ ေရာဂါခံစားရဖူးသူ ၉၀ ရာခုိင္ ႏႈန္းအထက္ဟာ ဘာေဆးမွမေသာက္ဘဲ ၂၄ နာရီအတြင္းျပန္ေကာင္းသြားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၁၃ ရက္ကေန ၁၇ ရက္အထိ ရန္ကုန္မွာျပဳလုပ္ခဲ့တဲ့ ျမန္မာႏုိ္င္ငံက်န္းမာေရးဆုိင္ရာညီလာခံမွာေတာ့ ရန္ကုန္ထဲက ၿမိဳ႕နယ္သံုးခုရဲ႕ေစ်းေတြမွာ ေရာင္းခ်ေနတဲ့ ဗမာၾကက္နမူနာနဲ႔ အသားတိုးေမြးျမဴေရးၾကက္နမူနာ ၅၆ မ်ိဳးကုိ ဓာတ္ခြဲစန္းသပ္ခဲ့ရာ ဆယ္မိုနဲလားပုိးေတြ႔ရၿပီး ပဋိဇီ၀ပုိးေဆးယဥ္ပါးေနတယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။

ဒီသတင္းနဲ႔ပက္သက္ၿပီး ရန္ကုန္ၿမိဳ႕က ေစ်းအမ်ားစုမွာ ၾကက္သားေစ်းက်ဆင္းသြားခဲ့သလို ၾကက္ေမြးျမဴေရးလုပ္ငန္း ၊ထုတ္လုပ္ေရာင္းခ်သူမ်ား ၊ၾကက္အရွင္ဖမ္းေစ်း၊ ၾကက္သားအစိမ္းေစ်းေတြ က်ဆင္းသြားတယ္လို႔ ျမန္မာနုိင္ငံၾကက္ဘဲ ေမြးျမဴထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းကေန သိရပါတယ္။

“ၾကက္အရွင္ဖမ္း ထုတ္လုပ္မႈစရိတ္က ၂၈၀၀ ေလာက္က်ရွိတယ္။ခု ၂၃၀၀ ဆုိေတာ့၅၀၀ ေလာက္က်သြားတယ္။အရွင္ဖမ္းတဲ့ႏႈန္းေတြလည္းက်သြားတယ္။”လို႔ ျမန္မာနုိင္ငံၾကက္ဘဲ ေမြးျမဴထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းဥကၠ႒ ဦးသိန္းျမင့္ကေျပာပါတယ္။

ဒီဆယ္မိုနဲလားပိုးဟာ ၾကက္အသားထဲက ျဖစ္ေပၚလာတဲ့ေရာဂါပုိးမဟုတ္ဘဲ ၾကက္သားအစိမ္းကို ကုိင္တြယ္သူေတြျဖစ္တဲ့ ေစ်းသည္ေတြရဲ႕မသန္႔ရွင္းမႈ ၊ အသုံးျပဳတဲ့ပစၥည္းေတြမသန္႔ရွင္းမႈ ၊ ၾကက္သတ္သူေတြမသန္႔ရွင္းမႈ ၊ ၾကက္သတ္ရာေနရာေတြမသန္႔ရွင္းမႈ စတဲ့သန္႔ရွင္းမႈအားနည္းတဲ့အတြက္ ၾကက္ေတြဆီကုိကူးစက္တာျဖစ္ဖို႔ ရာခုိင္ႏႈန္းမ်ားတယ္လုိ႔ သိရပါတယ္။

ျမန္မာႏုိ္င္ငံက်န္းမာေရးဆုိင္ရာညီလာခံမွာ ဖတ္ၾကားတင္သြင္းခဲ့တဲ့စာတမ္းမွာေတာ့ အူေရာင္ငန္းဖ်ား မျဖစ္ေစတဲ့ ဆယ္မိုနဲလားေၾကာင့္ျဖစ္တဲ့ အစာအဆိပ္သင့္ျခင္းဟာ ကမၻာ့က်န္းမာေရးျပသာ နာတစ္ရပ္ျဖစ္လာေနတာနဲ႔ ကူးစက္ထားတဲ့အသား(အထူးသျဖင့္ၾကက္သား)ကုိစားမိတာနဲ႔ ဆက္ႏြယ္ၿပီး ဆယ္မိုနဲလားပိုးဟာ ၾကက္ ၊ ငွက္တိရိစၦာန္ေတြကတဆင့္ လူကိုကူးစက္ျခင္းဟာ ျပင္းထန္တဲ့ ကမၻာ့က်န္းမာေရးျပသာနာ ျဖစ္လာေနတယ္လုိ႔ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ အသားစိမ္းေတြကုိ ခ်က္ျပဳတ္မယ္ဆုိရင္ ၾကက္ေအာင္ခ်က္ျပဳတ္စားေသာက္ရမွာျဖစ္သလို ၊ အသားစိမ္းေတြကိုကိုင္တြယ္ရာမွာလည္း တျခားအစားအစာေတြကို မကုိင္တြယ္မစားေသာက္သင့္ဘဲ လက္ကုိေသခ်ာသန္႔စင္စြာ ေဆးေၾကာဖုိ႔လိုအပ္တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ၾကက္သား #ဆယ္မိုနဲလားေရာဂါပိုး #လူ႔အသက္အႏၱရာယ္မရိွ

Related posts

Leave a Comment

VOM News

FREE
VIEW