မီးလောင်ခဲ့တဲ့ Sky Walkကို ပြန်ပြုပြင်မယ်ဆိုရင် လိုအပ်နေတဲ့ မီးငြိမ်းသတ်ရေးစနစ်တွေ ကောင်းမွန်စွာထားရှိသင့်

မန္တလေး ဇန်နဝါရီ ၂၅-၂၀၂၀
ဖြူဖြူ(VOM)

မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနဲ့ ၃၄ လမ်းထောင့်မှာရှိတဲ့ ရတနာပုံဈေး Sky Walk ၊ Yadanar Mall အဆောက်အဦးကို ပြန်လည်ပြုပြင်ရာမှာ အခန်းတိုင်းမှာထားတဲ့ မီးငြိမ်းသတ်စနစ်ကို Hall Type တွေမှာလည်းထားသင့်တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အကြံပြုပြောဆိုထားတာ ဖြစ်ပါတယ်။

“အခန်းတွေတိုင်းမှာထားမယ့်စနစ်ကို ဟောတိုက်တွေမှာလည်း ထားမယ်ဆိုရင်တော့ ပိုပြည့်စုံပါတယ်။ ရေမှုန်ရေမွှားနဲ့ ဖြန်းတဲ့စနစ်တွေ၊ အချက်ပေးစနစ်တွေ၊ ဒီဒေတာစနစ်တွေ ထပ်ဖြည့်မယ်ဆိုရင် အဆင်ပြေပါတယ်။ နောက်ပြီး မီးသတ်ကားတွေ အောက်ကနေ တိုက်ရိုက်ပတ်လို့ရတဲ့ dry ricer စနစ်တွေ တပ်ဆင်ထားမယ်ဆိုရင် ပိုပြည့်စုံပါတယ်။” လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောပါတယ်။

ဒါ့အပြင် လေဝင်လေထွက်အပေါက်တွေမရှိတဲ့အတွက် မီးငြိမ်းသတ်ရာမှာ ခက်ခဲကြန့်ကြာတာတွေလည်း ဖြစ်ခဲ့တဲ့အတွက် လေဝင်လေထွက်ပေါက်တွေလည်း ထည့်ဖို့လိုအပ်တယ်လို့ ဦးကျော်ဆန်းကပြောပါတယ်။

မန္တလေးမြို့ ဒုတိယမြို့တော်ဝန် ဦးရဲမွန်ကတော့”ဒီအဆောက်အဦးကြီး ပြီးတဲ့အချိန်မှာ မီးငြိမ်းသတ်မှုစနစ် ကောင်းမွန်စွာရှိမရှိ၊ လုံခြုံစိတ်ချမှုရှိမရှိ ဒါတွေကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ စစ်ဆေးခံပြီးတော့မှ ဖွင့်လှစ်မယ်။ ဒီကြားထဲမှာလည်း ရတနာပုံဈေးနဲ့ပတ်သက်လို့ မီးငြိမ်းသက်မှုစနစ်ကို နေ့စဉ်စစ်ဆေးနေတာလည်း ရှိပါတယ်။”လို့ ပြောပါတယ်။

ရတနာပုံဈေးဟာ ဇန်နဝါရီ ၁၇ ရက်ညနေပိုင်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁၁ နာရီကျော် အကြာ မီးငြိမ်းသတ်ခဲ့ရပြီး အဆောက်အဦ ပျက်စီးမှု ကျပ်သိန်း ၃ ထောင်ကျော် ၊ ပစ္စည်း ပျက်စီးမှုက သိန်း ၆ ထောင်ကျော် စုစုပေါင်း ကျပ်သိန်းတစ်သောင်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနက သိရပါတယ်။

ရတနာပုံဈေးဟာ ၂၀၀၈ခုနှစ်ကလည်း မီးလောင်မှုဖြစ်ပေါ်ခဲ့လို့ အသစ်ပြန်လည်တည်ဆောက်ထားတာပါ။ အဲဒီဈေးကို MGW ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း၊ မန္တလေးမြို့တော်စည်ပင်သာယာ(MCDC) က ၄၀ ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်မှုခွဲဝေထားတဲ့အတွက် အဆောက်အဦးပျက်စီးဆုံးရှုံးတာကိုလည်း အချိုးကျ တာဝန်ယူရမှာဖြစ်တယ်လို့ ဒုမြို့တော်ဝန် ဦးရဲမွန်က ပြောပါတယ်။

အဲဒီရာခိုင်နှုန်းအချိုးအတိုင်း မျှဝေတာဝန်ယူရမှာဖြစ်ပေမယ့် မီးလောင်မှုမဖြစ်ခဲ့တဲ့ ဒိုင်းမွန်းပလာဇာဘက်အခြမ်းဟာ MGW ပိုင်ဆိုင်တာဖြစ်ပြီး မီးလောင်မှုဖြစ်ခဲ့တဲ့ Sky Walk ဘက်ခြမ်းက စည်ပင်သာယာပိုင်ဆိုင်မှုအများစုဖြစ်တဲ့အတွက် စည်ပင်သာယာက အများစုကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒိုင်းမွန်းပလာဇာနဲ့ မီးလောင်မှုဖြစ်ခဲ့တဲ့ Sky Walk ဘက်က မြေညီထပ်၊ မြေအောက်ထပ်တွေကို ဇန်နဝါရီ ၂၅ ရက်ကစလို့ ဈေးဆိုင်ပြန်ဖွင့်ခွင့် ပြုလိုက်တာဖြစ်ပြီး ကျန်တဲ့အထပ်တွေကိုတော့ ကြံ့ခိုင်မှုတွေ စစ်ဆေးဆောင်ရွက်နေတာဖြစ်တယ်လို့ မြို့တော်စည်ပင်က သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #SKYWALK #ပြန်ပြုပြင် #လိုအပ်နေတဲ့မီးငြိမ်းသတ်ရေးစနစ်

Zawgyi

မီးေလာင္ခဲ့တဲ့ Sky Walkကို ျပန္ျပဳျပင္မယ္ဆိုရင္ လိုအပ္ေနတဲ့ မီးၿငိမ္းသတ္ေရးစနစ္ေတြ ေကာင္းမြန္စြာထားရိွသင့္

မႏၲေလး ဇန္နဝါရီ ၂၅-၂၀၂၀
ျဖဴျဖဴ(VOM)

မီးေလာင္မႈျဖစ္ေပၚခဲ့တဲ့ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၇၈ လမ္းနဲ႔ ၃၄ လမ္းေထာင့္မွာရွိတဲ့ ရတနာပုံေဈး Sky Walk ၊ Yadanar Mall အေဆာက္အဦးကို ျပန္လည္ျပဳျပင္ရာမွာ အခန္းတိုင္းမွာထားတဲ့ မီးၿငိမ္းသတ္စနစ္ကို Hall Type ေတြမွာလည္းထားသင့္တယ္လို႔ မႏၱေလးခ႐ိုင္မီးသတ္ဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးက အႀကံျပဳေျပာဆိုထားတာ ျဖစ္ပါတယ္။

“အခန္းေတြတိုင္းမွာထားမယ့္စနစ္ကို ေဟာတိုက္ေတြမွာလည္း ထားမယ္ဆိုရင္ေတာ့ ပိုျပည့္စုံပါတယ္။ ေရမႈန္ေရမႊားနဲ႔ ျဖန္းတဲ့စနစ္ေတြ၊ အခ်က္ေပးစနစ္ေတြ၊ ဒီေဒတာစနစ္ေတြ ထပ္ျဖည့္မယ္ဆိုရင္ အဆင္ေျပပါတယ္။ ေနာက္ၿပီး မီးသတ္ကားေတြ ေအာက္ကေန တိုက္႐ိုက္ပတ္လို႔ရတဲ့ dry ricer စနစ္ေတြ တပ္ဆင္ထားမယ္ဆိုရင္ ပိုျပည့္စုံပါတယ္။” လို႔ မႏၱေလးခရိုင္မီးသတ္ဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေက်ာ္ဆန္းက ေျပာပါတယ္။

ဒါ့အျပင္ ေလဝင္ေလထြက္အေပါက္ေတြမရွိတဲ့အတြက္ မီးၿငိမ္းသတ္ရာမွာ ခက္ခဲၾကန႔္ၾကာတာေတြလည္း ျဖစ္ခဲ့တဲ့အတြက္ ေလဝင္ေလထြက္ေပါက္ေတြလည္း ထည့္ဖို႔လိုအပ္တယ္လို႔ ဦးေက်ာ္ဆန္းကေျပာပါတယ္။

မႏၲေလးၿမိဳ႕ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမြန္ကေတာ့”ဒီအေဆာက္အဦးႀကီး ၿပီးတဲ့အခ်ိန္မွာ မီးၿငိမ္းသတ္မႈစနစ္ ေကာင္းမြန္စြာရွိမရွိ၊ လုံၿခဳံစိတ္ခ်မႈရွိမရွိ ဒါေတြကိုလည္း သက္ဆိုင္ရာဌာနေတြနဲ႔ စစ္ေဆးခံၿပီးေတာ့မွ ဖြင့္လွစ္မယ္။ ဒီၾကားထဲမွာလည္း ရတနာပုံေဈးနဲ႔ပတ္သက္လို႔ မီးၿငိမ္းသက္မႈစနစ္ကို ေန႔စဥ္စစ္ေဆးေနတာလည္း ရွိပါတယ္။”လို႔ ေျပာပါတယ္။

ရတနာပုံေဈးဟာ ဇန္နဝါရီ ၁၇ ရက္ညေနပိုင္းက စတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး ၁၁ နာရီေက်ာ္ အၾကာ မီးၿငိမ္းသတ္ခဲ့ရၿပီး အေဆာက္အဦ ပ်က္စီးမႈ က်ပ္သိန္း ၃ ေထာင္ေက်ာ္ ၊ ပစၥည္း ပ်က္စီးမႈက သိန္း ၆ ေထာင္ေက်ာ္ စုစုေပါင္း က်ပ္သိန္းတစ္ေသာင္းေက်ာ္ဖိုး ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ မႏၲေလးတိုင္းမီးသတ္ဦးစီးဌာနက သိရပါတယ္။

ရတနာပုံေဈးဟာ ၂၀၀၈ခုႏွစ္ကလည္း မီးေလာင္မႈျဖစ္ေပၚခဲ့လို႔ အသစ္ျပန္လည္တည္ေဆာက္ထားတာပါ။ အဲဒီေဈးကို MGW ကုမၸဏီက ၆၀ ရာခိုင္ႏႈန္း၊ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာ(MCDC) က ၄၀ ရာခိုင္ႏႈန္းနဲ႔ ပိုင္ဆိုင္မႈခြဲေဝထားတဲ့အတြက္ အေဆာက္အဦးပ်က္စီးဆုံးရႈံးတာကိုလည္း အခ်ိဳးက် တာဝန္ယူရမွာျဖစ္တယ္လို႔ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမြန္က ေျပာပါတယ္။

အဲဒီရာခိုင္ႏႈန္းအခ်ိဳးအတိုင္း မွ်ေဝတာဝန္ယူရမွာျဖစ္ေပမယ့္ မီးေလာင္မႈမျဖစ္ခဲ့တဲ့ ဒိုင္းမြန္းပလာဇာဘက္အျခမ္းဟာ MGW ပိုင္ဆိုင္တာျဖစ္ၿပီး မီးေလာင္မႈျဖစ္ခဲ့တဲ့ Sky Walk ဘက္ျခမ္းက စည္ပင္သာယာပိုင္ဆိုင္မႈအမ်ားစုျဖစ္တဲ့အတြက္ စည္ပင္သာယာက အမ်ားစုကုန္က်မွာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ဒိုင္းမြန္းပလာဇာနဲ႔ မီးေလာင္မႈျဖစ္ခဲ့တဲ့ Sky Walk ဘက္က ေျမညီထပ္၊ ေျမေအာက္ထပ္ေတြကို ဇန္နဝါရီ ၂၅ ရက္ကစလို႔ ေဈးဆိုင္ျပန္ဖြင့္ခြင့္ ျပဳလိုက္တာျဖစ္ၿပီး က်န္တဲ့အထပ္ေတြကိုေတာ့ ႀကံ့ခိုင္မႈေတြ စစ္ေဆးေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ ၿမိဳ႕ေတာ္စည္ပင္က သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #SKYWALK #ျပန္ျပဳျပင္ #လိုအပ္ေနတဲ့မီးၿငိမ္းသတ္ေရးစနစ္

Related posts

Leave a Comment

VOM News

FREE
VIEW