နိုင်ငံတော်အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တွေက ညွှန်ကြားမှုအရ အခြေခံပညာကျောင်းတွေကို စာသင်ကာလတိုးမြှင့်

နိုင်ငံတော်အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တွေက ညွှန်ကြားမှုအရ အခြေခံပညာကျောင်းတွေကို စာသင်ကာလတိုးမြှင့်

ရန်ကုန် ၊ဇန်နဝါရီ ၂၆-၂၀၂၀
သိင်္ဂီ (VOM)

အခြေခံပညာကျောင်းတွေကို စာသင်ကာလ မတ်လနောက်ဆုံးအပတ်ထိသတ်မှတ်တာဟာ နိုင်ငံတော်အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တွေဆီက ညွှန်ကြားမှုဖြစ်တာကြောင့် ပယ်ဖျက်ခြင်း မဖျက်ခြင်းကိုလည်း အပေါ်ကဆုံးဖြတ်မှာဖြစ်တယ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းကပြောဆိုလိုက်ပါတယ်။

ဒါကြောင့်လက်ရှိမှာ စာသင်ကာလတိုးမြှင့်လိုက်မှုကို ပြောင်းလဲဖို့မရှိကြောင်း နဲ့
ဖဲကြိုးစိမ်းလှုပ်ရှာမှုအပါအဝင် လှုပ်ရှားမှုအားလုံးကို နေ့စဉ် စောင့်ကြည့်နေပြီး အားလုံးကို မှတ်တမ်းယူကာ ပြည်ထောင်စုဝန်ကြီးရုံးကို တင်ပြနေပါတယ်။ ဆန္ဒပြတိုင်း ရှိသမျှလိုက်လျောမယ်ဆိုရင် မလုပ်ပဲနေရလိမ့်မယ့်လို့ဆိုပါတယ်။

” စာသင်ကာလသတ်မှတ်တာ အကြီးကြီး ပြသာနာလို့မမြင်ဘူး၊ဒါေ ပမယ့်ပြသာနကတော့ဖြစ်နေတယ်၊ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကနေရာတကာမှာဖြစ်နေတယ်၊ဒီကိစ္စနောက်ကွယ် ပရောဂပူးကပ်တာရှိတယ်။တကယ်ကဒီလောက်ဖြစ်တာမဟုတ်ဘူး။ခုနောက်ပိုင်းပုဂ္ဂိုလ်ရေးထိခိုက်မှုတွေတော့ရှိလာတယ်။ဒါကြောင့် နေ့စဉ်စောင့်ကြည့်တယ်ဆန္ဒပြအဖွဲ့မှာလူအင်အားဘယ်လောက်နဲ့ပြတယ်၊ဘယ်သူတွေဆိုတာမှတ်တမ်းရှိတယ်။ ဒီမိုကရေစီ ခေတ်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ဆန္ဒပြတိုင်း ရှိသမျှလိုက်နေရရင် မလုပ်ရုံပဲရှိတယ်။”လို့ ဦးကိုလေးဝင်းကဆိုပါတယ်။

ဒါ့အပြင် စာမေးပွဲကာလ နောက်ဆုတ်တာ တိုးတာ ၊စညမေးပွဲအချိန်ဇယား သတ်မှတ်တာတွေဟာ ပညာရေးဝန်ကြီးဌာနလုပ်ပိုင်ခွင့်ထဲကကိစ္စဖြစ်လို့ ကျောင်းသားမိဘ ၊ ပြည်သူတွေ ကိုတိုင်ပင်စရာမလိုအပ်သလို ပြည်သူ့ဆန္ဒခံယူဖို့လည်းမလိုအပ်ဘူးလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က” ဆုံးဖြတ်ချက်လောတာလေးတွေ ဒီအစိုးရမှာတွေ့နေရတယ်။တစ်ခုခုဆို သက်ဆိုရာဝန်ထမ်းတွေ သဘောထားခံယူသင့်တယ်။ခုဆို ကျောင်းသားသမ္မဂတွေ ဆရာဆရာမတွေ ပေါ်နေပြီ ဆွေးနွေးလို့ရတယ်။အကုန်လုံးကသဘောတူရင်တောင် ဒီနှစ်ချက်ခြင်းစတင်တာမျိုးမဟုတ်ပဲ နောက်နှစ်မှစတင်တာမျိုးဖြစ်သင့်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ခုလိုစာသင်ကာလသတ်မှတ်တာနဲ့ပတ်သက်လို့ပရမ်းပတာလုပ်နေတာမျိုးမဟုတ်ကြောင်း စာသင်ကျောင်းအားလုံးကို ညွှန်ကြားစာတွေပို့ထား့ပြီးဖြစ်ပါတယ်။နောက်ပြီးခုလိုသတ်မှတ်တာဟာ စာသင်ကာလတိုးမြှင့်လိုက်တာမျိုးမဟုတ်ဘဲ နဂိုသတ်မှတ်ထားပြီးသား ကျောင်းတက်ရက်အတိုင်းလုပ်ခြင်းသာဖြစ်တယ်လို့ ဦးကိုလေးဝင်းကပြောပါတယ်။

” အမှားက အမှန်ဖြစ် ၊ အမှန်ကအမှားဖြစ်နေတာပါ။တကယ်က နဂိုရှိပြီးသားရက်ကိုပြန်တက်ခိုင်းတာ။ဆရာမတွေအကျိုးရှိအောင်သင်ရင် အကျိုးရှိပါတယ်။”လို့ ပြောပါတယ်။

အခြေ ခံပညာကျောင်းတွေကို စာသင်ကာလမတ်လနောက်ဆုံးအပတ်အထိလတိုးမြှင့်လိုက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ဖဲကြိုးစိမ်းလှုပ်ရှားမှု တွေကို ပညာရေးဝန်ထမ်းတွေနဲ့ ပညာရေးကောလိပ် ၊တက္ကသိုလ်တွေမှာ ပြုလုပ်နေသလို လမ်းမပေါ်ထွက်ဆန္ဒပြမှုတွေ ၊ ကြေငြာစာထုတ်ပြန်တာတွေရှိနေပါတယ်။

ဗဟိုနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂအဖွဲ့ချုပ် ၊အမှုဆောင်အဖွဲ့အထွေထွေအတွင်းရေးမှူး ဖြစ်သူ ကိုထူးခန့်သော်က ” ကျောင်းသားထု ၊ပြည်သူတွေရဲ့ဆန္ဒမပါဘဲလုပ်တာတွေကိုကန့်ကွက်တယ်။ဝန်ကြိးဌာနအနေနဲ့တာဝန်ယူမှုတာဂန်ခံမှု တာဝန်သိမှု ရှိဖို့ လှုပ်ရှားမှုတွေလုပ်သွားပါမယ်။” လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနက တော့ အခြေခံပညာစာသင်ကာလ တိုးမြင့်မှုကို ပြောင်းလဲဖို့ ပြင်ဆင်ဖို့ မရှိဘူးလို့သိရပါတယ်။
#voiceofmyanmar #VOM #ပညာရေးဝန်ကြီးဌာန #ဖဲကြိုးစိမ်း

zawgyi

ႏိုင္ငံေတာ္အဆင့္အျမင့္ဆုံးပုဂၢိဳလ္ေတြက ၫႊန္ၾကားမႈအရ အေျခခံပညာေက်ာင္းေတြကို စာသင္ကာလတိုးျမႇင့္

ရန္ကုန္ ၊ဇန္နဝါရီ ၂၆-၂၀၂၀
သိဂႌ (VOM)

အေျခခံပညာ​ေက်ာင္းေတြကို စာသင္ကာလ မတ္လေနာက္ဆုံးအပတ္ထိသတ္မွတ္တာဟာ ႏိုင္ငံေတာ္အဆင့္အျမင့္ဆုံးပုဂၢိဳလ္ေတြဆီက ၫႊန္ၾကားမႈျဖစ္တာေၾကာင့္ ပယ္ဖ်က္ျခင္း မဖ်က္ျခင္းကိုလည္း အေပၚကဆုံးျဖတ္မွာျဖစ္တယ္တယ္လို႔ ပညာေရးဝန္ႀကီးဌာန၊အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးကိုေလးဝင္းကေျပာဆိုလိုက္ပါတယ္။

ဒါေၾကာင့္လက္႐ွိမွာ စာသင္ကာလတိုးျမႇင့္လိုက္မႈကို ေျပာင္းလဲဖို႔မ႐ွိေၾကာင္း နဲ့
ဖဲႀကိဳးစိမ္းလႈပ္႐ွာမႈအပါအဝင္ လႈပ္႐ွားမႈအားလုံးကို ေန႔စဥ္ ေစာင့္ၾကည့္ေနၿပီး အားလုံးကို မွတ္တမ္းယူကာ ျပည္ေထာင္စုဝန္ႀကီး႐ုံးကို တင္ျပေနပါတယ္။ ဆႏၵျပတိုင္း ႐ွိသမ်ွလိုက္ေလ်ာမယ္ဆိုရင္ မလုပ္ပဲေနရလိမ့္မယ့္လို႔ဆိုပါတယ္။

” စာသင္ကာလသတ္မွတ္တာ အႀကီးႀကီး ျပသာနာလို့မျမင္ဘူး၊ဒါေ ပမယ့္ျပသာနကေတာ့ျဖစ္ေနတယ္၊ဖဲႀကိဳးစိမ္းလႈပ္႐ွားမႈေတြကေနရာတကာမွာျဖစ္ေနတယ္၊ဒီကိစၥေနာက္ကြယ္ ပေရာဂပူးကပ္တာ႐ွိတယ္။တကယ္ကဒီေလာက္ျဖစ္တာမဟုတ္ဘူး။ခုေနာက္ပိုင္းပုဂၢိဳလ္ေရးထိခိုက္မႈေတြေတာ့႐ွိလာတယ္။ဒါေၾကာင့္ ေန႔စဥ္ေစာင့္ၾကည့္တယ္ဆနၵျပအဖြဲ႔မွာလူအင္အားဘယ္ေလာက္နဲ႔ျပတယ္၊ဘယ္သူေတြဆိုတာမွတ္တမ္း႐ွိတယ္။ ဒီမိုကေရစီ ေခတ္မွာ လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္႐ွိတယ္။ ဆႏၵထုတ္ေဖာ္ခြင့္႐ွိတယ္။ဆႏၵျပတိုင္း ႐ွိသမ်ွလိုက္ေနရရင္ မလုပ္႐ုံပဲ႐ွိတယ္။”လို႔ ဦးကိုေလးဝင္းကဆိုပါတယ္။

ဒါ့အျပင္ စာေမးပြဲကာလ ေနာက္ဆုတ္တာ တိုးတာ ၊စညေမးပြဲအခ်ိန္ဇယား သတ္မွတ္တာေတြဟာ ပညာေရးဝန္ႀကီးဌာနလုပ္ပိုင္ခြင့္ထဲကကိစၥျဖစ္လို႔ ေက်ာင္းသားမိဘ ၊ ျပည္သူေတြ ကိုတိုင္ပင္စရာမလိုအပ္သလို ျပည္သူ့ဆႏၵခံယူဖို႔လည္းမလိုအပ္ဘူးလို႔ဆိုပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ျပည္သူ႔ေ႐ွ႕ေဆာင္ပါတီ ဥကၠ႒ေဒၚသက္သက္ခိုင္က” ဆုံးျဖတ္ခ်က္ေလာတာေလးေတြ ဒီအစိုးရမွာေတြ႔ေနရတယ္။တစ္ခုခုဆို သက္ဆိုရာဝန္ထမ္းေတြ သေဘာထားခံယူသင့္တယ္။ခုဆို ေက်ာင္းသားသမၼဂေတြ ဆရာဆရာမေတြ ေပၚေနၿပီ ေဆြးေႏြးလို႔ရတယ္။အကုန္လုံးကသေဘာတူရင္ေတာင္ ဒီႏွစ္ခ်က္ျခင္းစတင္တာမ်ိဳးမဟုတ္ပဲ ေနာက္ႏွစ္မွစတင္တာမ်ိဳးျဖစ္သင့္တယ္” လို႔ သုံးသပ္ေျပာဆိုပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ကေတာ့ ခုလိုစာသင္ကာလသတ္မွတ္တာနဲ႔ပတ္သက္လို႔ပရမ္းပတာလုပ္ေနတာမ်ိဳးမဟုတ္ေၾကာင္း စာသင္ေက်ာင္းအားလုံးကို ၫႊန္ၾကားစာေတြပို့ထား႔ၿပီးျဖစ္ပါတယ္။ေနာက္ၿပီးခုလိုသတ္မွတ္တာဟာ စာသင္ကာလတိုးျမႇင့္လိုက္တာမ်ိဳးမဟုတ္ဘဲ နဂိုသတ္မွတ္ထားၿပီးသား ေက်ာင္းတက္ရက္အတိုင္းလုပ္ျခင္းသာျဖစ္တယ္လို႔ ဦးကိုေလးဝင္းကေျပာပါတယ္။

” အမွားက အမွန္ျဖစ္ ၊ အမွန္ကအမွားျဖစ္ေနတာပါ။တကယ္က နဂို႐ွိၿပီးသားရက္ကိုျပန္တက္ခိုင္းတာ။ဆရာမ​ေတြအက်ိဳး႐ွိေအာင္သင္ရင္ အက်ိဳး႐ွိပါတယ္။”လို႔ ေျပာပါတယ္။

အေျခ ခံပညာေက်ာင္းေတြကို စာသင္ကာလမတ္လေနာက္ဆုံးအပတ္အထိလတိုးျမႇင့္လိုက္တဲ့အေပၚ ဆန္႔က်င္ကန္႔ကြက္တဲ့ဖဲႀကိဳးစိမ္းလႈပ္႐ွားမႈ ေတြကို ပညာေရးဝန္ထမ္းေတြနဲ႔ ပညာေရးေကာလိပ္ ၊တကၠသိုလ္ေတြမွာ ျပဳလုပ္ေနသလို လမ္းမေပၚထြက္ဆႏၵျပမႈေတြ ၊ ေၾကျငာစာထုတ္ျပန္တာေတြ႐ွိေနပါတယ္။

ဗဟိုႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမၼဂအဖြဲ႔ခ်ဳပ္ ၊အမႈေဆာင္အဖြဲ႔အေထြေထြအတြင္းေရးမွဴး ျဖစ္သူ ကိုထူးခန္႔ေသာ္က ” ေက်ာင္းသားထု ၊ျပည္သူေတြရဲ႕ဆနၵမပါဘဲလုပ္တာေတြကိုကန္႔ကြက္တယ္။ဝန္ႀကိးဌာနအေနနဲ႔တာဝန္ယူမႈတာဂန္ခံမႈ တာဝန္သိမႈ ႐ွိဖို႔ လႈပ္႐ွားမႈေတြလုပ္သြားပါမယ္။” လို႔ ဆိုပါတယ္။

ပညာေရးဝန္ႀကီးဌာနက ေတာ့ အေျခခံပညာစာသင္ကာလ တိုးျမင့္မႈကို ေျပာင္းလဲဖို႔ ျပင္ဆင္ဖို႔ မ႐ွိဘူးလို႔သိရပါတယ္။
#voiceofmyanmar #VOM #ပညာေရးဝန္ၾကီးဌာန #ဖဲၾကိဳးစိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW