ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝန်ထမ်းတွေရုံးမလာဘဲ နေအိမ်မှာသာအလုပ်လုပ်ကြဖို့ တရုတ်ကုမ္ပဏီတွေညွှန်ကြား

ပေကျင်း၊ ဇန်နဝါရီ-၂၈-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ သူတို့ရဲ့ဝန်ထမ်းတွေကို အလုပ်ကိုမလာပဲ နေအိမ်မှာသာအလုပ်လုပ်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ဖြစ်ပွားရာဒေသကလာတဲ့ ဝန်ထမ်းတွေကို အလုပ်လာမဆင်းဖို့အပါအဝင် ဝန်ထမ်းတွေကို အားလပ်ရက်ရှည်တွေလည်း ပေးနေကြပါတယ်။

TikTok ကိုပိုင်ဆိုင်တဲ့ Bytedance နဲ့ ဂိမ်းကုမ္ပဏီ Tencent တို့ကလည်း သူတို့ရဲ့ဝန်ထမ်းတွေကို နေအိမ်ကပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားပါတယ်။

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၁၀၆ ဦးထိရှိလာနေပြီး ရောဂါကူးစက်ခံရသူတွေဟာလည်း တစ်ရက်အတွင်း နှစ်ဆထိမြင့်တက်လာနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေဟာ ဇန်နဝါရီ ၂၆ ရက်က ၂၈၃၅ ဦးရှိရာကနေ ဇန်နဝါရီ ၂၇ ရက်မှာ ၄၅၁၅ ဦးအထိမြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့နဲ့ ဟူဘေးပြည်နယ်ထဲက မြို့ကြီးတွေကို ဝင်ထွက်ခွင့်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

Ref ; BBC Photo: Getty Images
#VOM #voiceofmyanmar #ပေကျင်း #ဝန်ထမ်းများ #အိမ်မှာအလုပ်လုပ်ဖို့ #လုပ်ငန်းရှင်တွေညွန်ကြား

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ၀န္ထမ္းေတြရံုးမလာဘဲ ေနအိမ္မွာသာအလုပ္လုပ္ၾကဖို႔ တရုတ္ကုမၸဏီေတြညႊန္ၾကား

ေပက်င္း၊ ဇန္န၀ါရီ-၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံမွာျဖစ္ပြားေနတဲ႔ ကုိရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕နွံ႕မႈေၾကာင္႔ တရုတ္နုိင္ငံက ကုမၸဏီေတြဟာ သူတို႔ရဲ႕၀န္ထမ္းေတြကို အလုပ္ကိုမလာပဲ ေနအိမ္မွာသာအလုပ္လုပ္ၾကဖို႔ အၾကံျပဳတိုက္တြန္းလိုက္ၾကတယ္လို႔ သိရပါတယ္။

ဒါ႔အျပင္ ဗိုင္းရပ္စ္ျဖစ္ပြားရာေဒသကလာတဲ႔ ၀န္ထမ္းေတြကို အလုပ္လာမဆင္းဖို႔အပါအ၀င္ ၀န္ထမ္းေတြကို အားလပ္ရက္ရွည္ေတြလည္း ေပးေနၾကပါတယ္။

TikTok ကိုပိုင္ဆုိင္တဲ႔ Bytedance နဲ႔ ဂိမ္းကုမၸဏီ Tencent တို႔ကလည္း သူတို႔ရဲ႕၀န္ထမ္းေတြကို ေနအိမ္ကပဲ အလုပ္လုပ္ၾကဖို႔ ညႊန္ၾကားထားပါတယ္။

တရုတ္နုိင္ငံမွာျဖစ္ပြားေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူဟာ ၁၀၆ ဦးထိရိွလာေနျပီး ေရာဂါကူးစက္ခံရသူေတြဟာလည္း တစ္ရက္အတြင္း နွစ္ဆထိျမင္႔တက္လာေနတယ္လို႔ တရုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

ေရာဂါကူးစက္ခံရသူေတြဟာ ဇန္န၀ါရီ ၂၆ ရက္က ၂၈၃၅ ဦးရိွရာကေန ဇန္န၀ါရီ ၂၇ ရက္မွာ ၄၅၁၅ ဦးအထိျမင္႔တက္လာတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

လက္ရိွမွာေတာ႔ ေရာဂါစတင္ျဖစ္ပြားရာ ၀ူဟန္ျမိဳ႕နဲ႔ ဟူေဘးျပည္နယ္ထဲက ျမိဳ႕ၾကီးေတြကို ၀င္ထြက္ခြင္႔ပိတ္ဆို႔ထားတာ ျဖစ္ပါတယ္။

Ref ; BBC Photo: Getty Images
#VOM #voiceofmyanmar #ေပက်င္း #ဝန္ထမ္းမ်ား #အိမ္မွာအလုပ္လုပ္ဖို႔ #လုပ္ငန္းရွင္ေတြညြန္ၾကား

Related posts

Leave a Comment

VOM News

FREE
VIEW