မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်ကိုယ်တိုင်ဖြည့်ရတဲ့ အသိပေးချက်ဖောင်ဖြည့်တာတွေ လုပ်ဆောင်နေ

မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝင်ရောက်လာတဲ့ နိုင်ငံတကာခရီးသွားတွေကို ဇန်နဝါရီ ၂၉ ရက်ကစပြီး ခရီးသည်ကိုယ်တိုင်ဖြည့်ရတဲ့ အသိပေးချက်(health declaration form)ဖြည့်တာတွေ လုပ်ဆောင်နေရပြီလို့ လေဆိပ်တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

အဲဒီဖောင်မှာ နှစ်ပတ်အတွင်းဖျားနာမှု ရှိမရှိ၊ ကိုယ်ပူချိန်ကအစ၊ လည်ပတ်ခဲ့တဲ့ နေရာဒေသ၊ နိုင်ငံသား၊ ပတ်စပိုစ်နံပါတ်၊ လိုက်ပါစီးနင်းလာတဲ့ လေယာဉ် ၊ ဆင်းသက်မယ့်လေဆိပ် စတာတွေကိုဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

“တရုတ်ပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ်ပေါ့၊ ဒီဖောင်တွေမှာဖြည့်ရမှာပေါ့။ ဒါကို ကျန်းမာရေးဌာနဘက်က စစ်ပြီးတော့ သိမ်းမှာပေါ့။ အဲဒါတွေကိုဖြည့်ပြီးမှ ဝင်ခွင့်ပြုမယ်ဆိုတာမျိုး လုပ်ထားတယ်။”လို့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ကျော်ကပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ကာကွယ်လျော့ချနိုင်ဖို့ ကျန်းမာရေးစစ်ဆေးတဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီဖောင်တွေကို နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပေးပို့ထားတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ခရီးသွားတွေထဲမှာ တရုတ်ဧည့်သည်တွေက အများဆုံးဖြစ်ပြီး သူတို့အနေနဲ့ ဖောင်မှာဖြည့်စွက်ရာမှာ တရုတ်လိုရေးသားဖော်ပြတာတွေကြောင့် နားလည်ရခက်တဲ့ အခြေအနေတွေရှိနိုင်တယ်လို့ ဇန်နဝါရီ ၂၉ ရက်က မန္တလေးတိုင်းအစိုး့ရအဖွဲ့ရုံးမှာ ဝူဟန်၊ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ထောက်ပြမှုတွေရှိခဲ့ပါတယ်။

မန္တလေးတိုင်း ကုသရေးနဲ့ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ကတော့ အဲဒီ ထောက်ပြချက်တွေကို ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #လေဆိပ် #ကျန်းမာရေးအသိပေးချက်ဖောင် #နိုင်ငံတကာခရီးသွား

Zawgyi

မႏၱေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ခရီးသည္ကိုယ္တိုင္ျဖည္႔ရတဲ့ အသိေပးခ်က္ေဖာင္ျဖည့္တာေတြ လုပ္ေဆာင္ေန

မႏၲေလး၊ ဇန္နဝါရီ ၃၀-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဝင္ေရာက္လာတဲ့ ႏိုင္ငံတကာခရီးသြားေတြကို ဇန္နဝါရီ ၂၉ ရက္ကစၿပီး ခရီးသည္ကိုယ္တိုင္ျဖည္႔ရတဲ့ အသိေပးခ်က္(health declaration form)ျဖည့္တာေတြ လုပ္ေဆာင္ေနရၿပီလို႔ ေလဆိပ္တာဝန္ရွိသူေတြဆီကေန သိရပါတယ္။

အဲဒီေဖာင္မွာ ႏွစ္ပတ္အတြင္းဖ်ားနာမႈ ရွိမရွိ၊ ကိုယ္ပူခ်ိန္ကအစ၊ လည္ပတ္ခဲ့တဲ့ ေနရာေဒသ၊ ႏိုင္ငံသား၊ ပတ္စပိုစ္နံပါတ္၊ လိုက္ပါစီးနင္းလာတဲ့ ေလယာဥ္ ၊ ဆင္းသက္မယ့္ေလဆိပ္ စတာေတြကိုျဖည့္စြက္ရမွာ ျဖစ္ပါတယ္။

“တ႐ုတ္ပဲျဖစ္ျဖစ္ ဘယ္သူျဖစ္ျဖစ္ေပါ့၊ ဒီေဖာင္ေတြမွာျဖည့္ရမွာေပါ့။ ဒါကို က်န္းမာေရးဌာနဘက္က စစ္ၿပီးေတာ့ သိမ္းမွာေပါ့။ အဲဒါေတြကိုျဖည့္ၿပီးမွ ဝင္ခြင့္ျပဳမယ္ဆိုတာမ်ိဳး လုပ္ထားတယ္။”လို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္ ေျပာေရးဆိုခြင့္ရွိသူ ဦးတင္ေမာင္ေက်ာ္ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ေပၚလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံ႔မႈကို ကာကြယ္ေလ်ာ့ခ်ႏိုင္ဖို႔ က်န္းမာေရးစစ္ေဆးတဲ့အေနနဲ႔ လုပ္ေဆာင္ေနတာျဖစ္ၿပီး အဲဒီေဖာင္ေတြကို ႏိုင္ငံတကာ ေလေၾကာင္းလိုင္းေတြကို ေပးပို႔ထားတယ္လို႔ သိရပါတယ္။

ႏိုင္ငံတကာ ခရီးသြားေတြထဲမွာ တ႐ုတ္ဧည့္သည္ေတြက အမ်ားဆုံးျဖစ္ၿပီး သူတို႔အေနနဲ႔ ေဖာင္မွာျဖည့္စြက္ရာမွာ တ႐ုတ္လိုေရးသားေဖာ္ျပတာေတြေၾကာင့္ နားလည္ရခက္တဲ့ အေျခအေနေတြရွိႏိုင္တယ္လို႔ ဇန္နဝါရီ ၂၉ ရက္က မႏၲေလးတိုင္းအစိုး့ရအဖြဲ႕႐ုံးမွာ ဝူဟန္၊ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ျပဳလုပ္ခဲ့တဲ့အစည္းအေဝးမွာ ေထာက္ျပမႈေတြရွိခဲ့ပါတယ္။

မႏၲေလးတိုင္း ကုသေရးနဲ႔ ျပည့္သူ႔က်န္းမာေရးဦးစီးဌာန ဦးစီးမႉး ေဒါက္တာသန္းသန္းျမင့္ကေတာ့ အဲဒီ ေထာက္ျပခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး အေကာင္းဆုံး ျပင္ဆင္ေဆာင္႐ြက္သြားမယ္လို႔ အစည္းအေဝးမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ေလဆိပ္ #က်န္းမာေရးအသိေပးခ်က္ေဖာင္ #နိုင္ငံတကာခရီးသြား

Related posts

Leave a Comment

VOM News

FREE
VIEW