မြစ်ကြီးနား မန္တလေး အစုန် ရထားပေါ်မှာ ရဲတစ်ယောက် ရုတ်တရက် သေဆုံး

မြစ်ကြီးနား မန္တလေး အစုန် ရထားပေါ်မှာ ရဲတစ်ယောက် ရုတ်တရက် သေဆုံး

ကောလင်း -ဇန်နဝါရီ ၃၁ -၂၀၂၀
Voice of Myanmar

ဇန်နဝါရီ ၃၀ ရက်နေ့ညမှာ မြစ်ကြီးနားကနေ မန္တလေးကို ထွက်လာတဲ့ ၅၆ အစုန် အထူးအမြန်ရထားပေါ်မှာ မီးရထားရဲတစ်ယောက် ရုတ်တရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူမှာ မြစ်ကြီးနား တပ်ခွဲ (၁)က ကိုမျိုးမင်းသူ အသက် ၂၇ နှစ် မီးရထားရဲဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ရထားပေါ်မှာ ရုတ်တရက် သေဆုံးခဲ့တာပါလို့ ရထားပေါ်က ခရီးသည်တွေက ပြောပါတယ်။

“”ကောလင်းဘူတာ တာဝန်ကျရဲဝန်ထမ်းတစ်ယောက်က ကျွန်တော်တို့အသင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းလာပါတယ်။ သေဆုံးသူရဲ့ရုပ်အလောင်းကို ကောလင်းဘူတာ အရောက်မှာ နာမှုကူညီရေးအသင်းက ကားနဲ့ ကာလင်းဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ” ကောလင်းမြို့နာမှုကူညီရေးအသင်း ဥက္ကဌဦးစိုးလွင်က ပြောပါတယ်။

သေဆုံးသူနဲ့ ပတ်သက်ပြီး ဆေးရုံဘက်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ဝူဟန်ရောဂါကြောင့် သေတာမဟုတ်ဘဲ တခြားရောဂါကြောင့်သေဆုံးတာဖြစ်တယ်လို့ ဆေးရုံ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ သိန်းကျော်ဖေ့ဘုတ်

voiceofmyanmar #VOM #ကောလင်း #မြစ်ကြီးနားမန္တလေးရထား

 

မြစ်ကြီးနား မန္တလေး အစုန် ရထားပေါ်မှာ ရဲတစ်ယောက် ရုတ်တရက် သေဆုံး


Voice of Myanmar







Related posts

Leave a Comment

VOM News

FREE
VIEW