ရန်ကုန်လေထု ဆိုးရွားလာတဲ့အတွက် ရိုးရိုးmaskနဲ့ မကာကွယ်နိုင်

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ -၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်လေထုဟာ ဆိုးရွားတဲ့ ခရမ်းရောင်အဆင့်အခြေအနေကို ရောက်ရှိနေတဲ့အတွက် ရိုးရိုးနှာခေါင်းအုပ်တပ်ရုံနဲ့ မကာကွယ်နိုင်တဲ့အခြေအနေဖြစ်နေပြီလို့ လေထုအရည် အသွေးတိုင်းတာတဲ့ ရန်ကုန်အခြေစိုက် Air Quality Yangon အဖွဲ့ကနေသိရပါတယ်။

ရန်ကုန်လေထုထဲမှာ ကျန်းမာရေးကိုထိခိုက်စေတဲ့ အမှုန်အမွှားတွေ အရမ်းများလာတဲ့အတွက် အခုဆိုရင် လေထုအရည်အသွေးက ခရမ်းရောင်အဆင့်ရှိ ဆိုးရွားတဲ့အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။

” လူတွေက ထင်သာမြင်သာရှိတဲ့ရောဂါမျိုးမှ သတိပြုမိကြတယ်။ ဒါပေမယ့် လေဆိုတာမျိုးက ဖိတ်ခေါ်စရာမလိုပဲ ခန္ဒာကိုယ်ထဲကိုရောက်တာ၊ ခုခရမ်းရောင်အဆင့်ရောက်နေပြီ၊ လူတွေသတိထားဖို့လိုအပ်နေပြီ၊ ကျွန်မတို့မနက်စောစောမှာမြင်ရတာတွေက နှင်းတို့မြူတို့ထင်ကောင်းထင်မယ်၊ တကယ်ကမဟုတ်ဘူး၊ ရာသီဥတုအေးတဲ့အခါ လေထုထဲအမှုန်အမွှာတွေက ပိုစုလာတယ်။ ဒီလိုအခြေနေမှာ အကာအကွယ်မပါဘဲ လေကိုရှုရှိုက်မိတဲ့အခါ ကိုယ်ခံအားကောင်းတဲ့လူတစ်ယောက်ကိုပင် ကျန်းမာရေးထိခိုက်စေနိုင်တဲ့အတွက် နှာခေါင်းအုပ်Mask ရိုးရိုးပုံစံမရပါဘူး၊ N95 Maskကသာ ကာကွယ်နိုင်ပါတယ်။ တပ်ဆင်ဖို့ လိုအပ်တဲ့အခြေအနေဖြစ်နေပြီ”လို့ မသဲစုစုထွန်းကပြောပါတယ်။

ဒါကြောင့် ရန်ကုန်မြို့နေလူထုအနေနဲ့ ဆိုးရွားလာတဲ့လေထုကို သတိပြုရမယ့်အချိန်ကို ရောက်နေပြီဖြစ်သလို တာဝန်ရှိတဲ့အစိုးရအနေနဲ့လည်း လေထုနဲ့ပတ်သက်ပြီး လိုအပ်တဲ့အသိပေးထုတ်ပြန်မှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တုန်းက ရန်ကုန်လေထုအခြေအနေဟာ အဝါရောင်အဆင့် ၊လိမ္မော်ရောင်၊ အနီရောင်အဆင့်မှာသာရှိခဲ့ပေမယ့် ၂၀၂၀ မှာတော့ ရန်ကုန်လေထုအဆင့်ဟာ ဆိုးရွားတဲ့ အခြေအနေ ခရမ်းရောင်အဆင့်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာတာကိုတွေ့ရပါတယ်။ ဒီလို လေထုဆိုးရွားလာတာဟာ ရန်ကုန်မြို့ရဲ့ ကားတွေကနေထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ၊ စက်ရုံတွေကထွက်တဲ့ ဓာတ်ငွေ့တွေ၊ နေ့စဉ်လူတွေပြုလုပ်မှုကနေ ဖြစ်ပေါ်လာတဲ့၊ ဥပမာ အမှိုက်မီးရှို့ခြင်း စတာတွေကြောင့်ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားတာ ဖြစ်ပြီး အတိအကျသိရဖို့ကိုတော့ လေ့လာသုတေသနပြုသွားမယိလို့ သိရပါတယ်။

ပိုးမွှားတွေပါဝင်နေတဲ့ လေထုကို ရှုရှိုက်မိမယ်ဆိုရင် ကျန်းမာရေးမကောင်းတဲ့သူတွေ ၊ကိုယ်ခံအားနည်းတဲ့ နာတာရှည်ရောဂါသည်တွေ၊ ကလေးငယ်တွေ၊ အဆုတ် ၊နှလုံး ၊အသည်း စတဲ့ ရောဂါသည်တွေအတွက် ပိုဆိုးနိုင်ပြီး ကိုယ်ခံအားကောင်းသူတွေမှာလည်း ကျန်းမာရေးအရ ထိခိုက်မှုတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #လေထု #ရိုးရိုးMASKနဲ့မရ

Zawgyi

ရန္ကုန္ေလထု ဆိုးရြားလာတဲ့အတြက္ ႐ိုး႐ိုးmaskနဲ႔ မကာကြယ္ႏိုင္

ရန္ကုန္ ၊ ဇန္နဝါရီ ၃၁ -၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ေလထုဟာ ဆိုးရြားတဲ့ ခရမ္းေရာင္အဆင့္အေျခအေနကို ေရာက္႐ွိေနတဲ့အတြက္ ႐ိုး႐ိုးႏွာေခါင္းအုပ္တပ္႐ုံနဲ႔ မကာကြယ္ႏိုင္တဲ့အေျခအေနျဖစ္ေနၿပီလို႔ ေလထုအရည္ အေသြးတိုင္းတာတဲ့ ရန္ကုန္အေျခစိုက္ Air Quality Yangon အဖြဲ႕ကေနသိရပါတယ္။

ရန္ကုန္ေလထုထဲမွာ က်န္းမာေရးကိုထိခိုက္ေစတဲ့ အမႈန္အမႊားေတြ အရမ္းမ်ားလာတဲ့အတြက္ အခုဆိုရင္ ေလထုအရည္အေသြးက ခရမ္းေရာင္အဆင့္႐ွိ ဆိုးရြားတဲ့အေျခအေနကို ေရာက္ေနတာျဖစ္ပါတယ္။

” လူေတြက ထင္သာျမင္သာ႐ွိတဲ့ေရာဂါမ်ိဳးမွ သတိျပဳမိၾကတယ္။ ဒါေပမယ့္ ေလဆိုတာမ်ိဳးက ဖိတ္ေခၚစရာမလိုပဲ ခႏၵာကိုယ္ထဲကိုေရာက္တာ၊ ခုခရမ္းေရာင္အဆင့္ေရာက္ေနၿပီ၊ လူေတြသတိထားဖို႔လိုအပ္ေနၿပီ၊ ကၽြန္မတို႔မနက္ေစာေစာမွာျမင္ရတာေတြက ႏွင္းတို႔ျမဴတို႔ထင္ေကာင္းထင္မယ္၊ တကယ္ကမဟုတ္ဘူး၊ ရာသီဥတုေအးတဲ့အခါ ေလထုထဲအမႈန္အမႊာေတြက ပိုစုလာတယ္။ ဒီလိုအေျခေနမွာ အကာအကြယ္မပါဘဲ ေလကို႐ႈ႐ိႈက္မိတဲ့အခါ ကိုယ္ခံအားေကာင္းတဲ့လူတစ္ေယာက္ကိုပင္ က်န္းမာေရးထိခိုက္ေစႏိုင္တဲ့အတြက္ ႏွာေခါင္းအုပ္Mask ႐ိုး႐ိုးပုံစံမရပါဘူး၊ N95 Maskကသာ ကာကြယ္ႏိုင္ပါတယ္။ တပ္ဆင္ဖို႔ လိုအပ္တဲ့အေျခအေနျဖစ္ေနၿပီ”လို႔ မသဲစုစုထြန္းကေျပာပါတယ္။

ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕ေနလူထုအေနနဲ႔ ဆိုးရြားလာတဲ့ေလထုကို သတိျပဳရမယ့္အခ်ိန္ကို ေရာက္ေနၿပီျဖစ္သလို တာဝန္႐ွိတဲ့အစိုးရအေနနဲ႔လည္း ေလထုနဲ႔ပတ္သက္ၿပီး လိုအပ္တဲ့အသိေပးထုတ္ျပန္မႈေတြလုပ္ဖို႔ လိုအပ္ေနၿပီလို႔ ေျပာပါတယ္။

၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္တုန္းက ရန္ကုန္ေလထုအေျခအေနဟာ အဝါေရာင္အဆင့္ ၊လိေမၼာ္ေရာင္၊ အနီေရာင္အဆင့္မွာသာ႐ွိခဲ့ေပမယ့္ ၂၀၂၀ မွာေတာ့ ရန္ကုန္ေလထုအဆင့္ဟာ ဆိုးရြားတဲ့ အေျခအေန ခရမ္းေရာင္အဆင့္ကို ေရာက္လာခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ တစ္ႏွစ္ထက္တစ္ႏွစ္ပိုဆိုးလာတာကိုေတြ႔ရပါတယ္။ ဒီလို ေလထုဆိုးရြားလာတာဟာ ရန္ကုန္ၿမိဳ႕ရဲ႕ ကားေတြကေနထြက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြ ၊ စက္႐ုံေတြကထြက္တဲ့ ဓာတ္ေငြ႕ေတြ၊ ေန႔စဥ္လူေတြျပဳလုပ္မႈကေန ျဖစ္ေပၚလာတဲ့၊ ဥပမာ အမိႈက္မီး႐ွိဳ႕ျခင္း စတာေတြေၾကာင့္ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားတာ ျဖစ္ၿပီး အတိအက်သိရဖို႔ကိုေတာ့ ေလ့လာသုေတသနျပဳသြားမယိလို႔ သိရပါတယ္။

ပိုးမႊားေတြပါဝင္ေနတဲ့ ေလထုကို ႐ႈ႐ိႈက္မိမယ္ဆိုရင္ က်န္းမာေရးမေကာင္းတဲ့သူေတြ ၊ကိုယ္ခံအားနည္းတဲ့ နာတာ႐ွည္ေရာဂါသည္ေတြ၊ ကေလးငယ္ေတြ၊ အဆုတ္ ၊ႏွလုံး ၊အသည္း စတဲ့ ေရာဂါသည္ေတြအတြက္ ပိုဆိုးႏိုင္ၿပီး ကိုယ္ခံအားေကာင္းသူေတြမွာလည္း က်န္းမာေရးအရ ထိခိုက္မႈေတြျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ေလထု #ရိုးရိုးMASKနဲ႔မရ

Related posts

Leave a Comment

VOM News

FREE
VIEW