ကိုရိုနာဗိုင်းရပ်ကူးစပ်မှုဂယက်ကြောင့် ပြန်လာတဲ့မြန်မာနိုင်ငံသားများ ကားအခက်အခဲကြုံနေရ

ကိုရိုနာဗိုင်းရပ်ကူးစပ်မှုဂယက်ကြောင့် ပြန်လာတဲ့မြန်မာနိုင်ငံသားများ ကားအခက်အခဲကြုံနေရ

မြစ်ကြီးနား၊ဖေဖော်ဝါရီ ၁-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှာကိုစိုးရိမ်ပြီး မြန်မာလုပ်သားတွေဟာ သူတို့အလုပ်လုပ်တဲ့နေရာတွေကနေ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်အထိ လာရောက်ကြတဲ့အခါ ကားအခက်အခဲကြုံရတယ်လို့ ပြန်လာသူတွေကပြောပါတယ်။

သူတို့ပြန်လာကြတဲ့အခါ နယ်စပ်ဂိတ်အထိ ကားခတွေကို ပုံမှန်ထက်ပိုပေးလာခဲ့ကြရတာပါ။ မြန်မာနိုင်ငံဘက်ဂိတ်ကတော့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တာတွေ နေရပ်လိပ်စာ မှတ်တမ်းတင်တာတွေ ပြုလုပ်ပေးနေပါတယ်။ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်ကနေ ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြန်မာနိုင်ငံသား ၂၀၀ကျော် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

ထိန်းချုန်းမြို့အနီးက စက်ရုံ ၊ အလုပ်ရုံတွေမှာ လုပ်ငန်းလုပ်ကိုင်ခဲ့ကြတဲ့ မြန်မာတွေရဲ့ပြောစကားအရတော့ သူတို့ပတ်ဝန်းကျင်မှာ ရောဂါဖြစ်ပွားသူ မတွေ့ခဲ့ရဘူးလို့ အများစုကပြောပါတယ်။

ထိန်ချုန်းမှာ ကိုရိုနာဗိုင်းရပ် ကူးစပ်ခံရသူနှစ်ဦး တွေ့ရတယ်ဆိုတဲ့သတင်းကြောင့် မိဘဆွေမျိုးတွေက စိတ်ပူပြီး ပြန်ခေါ်လို့ လာကြတာတွေ အလုပ်ရှင်ကလွှတ်လို့ ပြန်လာကြသူတွေပါဝင်ပါတယ်။ အခုအချိန်ထိ တရုတ်ပြည်ဘက်က ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသား နှစ်ထောင်ကျော်ရှိပြီလို့ သိရပါတယ်။

ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံသား ၃၀၀ ဝန်းကျင်ကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ ၃ ဦးကိုသာ ကိုယ်အပူချိန်များပြီး ဝင်ခွင့်မပေးခဲ့တာရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ ရောဂါကူးစက်ခံရတဲ့ ထူးခြားမှုတစ်ခုမှမတွေ့သေးသလို ဝင်ခွင့်ပေးထားသူတွေရဲ့ နေရပ်လိပ်စာကအစ အချက်အလက်တွေကို ကောက်ယူထားတယ်လို့ ကန်ပိုက်တီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #ကန်ပိုက်တီ #ပြန်လာတဲ့မြန်မာနိုင်ငံသား #အခက်အခဲကြုံ

Zawgyi

ကို႐ိုနာဗိုင္းရပ္ကူးစပ္မႈဂယက္ေၾကာင့္ ျပန္လာတဲ့ျမန္မာႏိုင္ငံသားမ်ား ကားအခက္အခဲႀကဳံေနရ

ျမစ္ႀကီးနား၊ေဖေဖာ္ဝါရီ ၁-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံရမွာကိုစိုးရိမ္ၿပီး ျမန္မာလုပ္သားေတြဟာ သူတို႔အလုပ္လုပ္တဲ့ေနရာေတြကေန တ႐ုတ္-ျမန္မာနယ္စပ္ ကန္ပိုက္တီဂိတ္အထိ လာေရာက္ၾကတဲ့အခါ ကားအခက္အခဲႀကဳံရတယ္လို႔ ျပန္လာသူေတြကေျပာပါတယ္။

သူတို႔ျပန္လာၾကတဲ့အခါ နယ္စပ္ဂိတ္အထိ ကားခေတြကို ပုံမွန္ထက္ပိုေပးလာခဲ့ၾကရတာပါ။ ျမန္မာႏိုင္ငံဘက္ဂိတ္ကေတာ့ က်န္းမာေရးစစ္ေဆးမႈ ျပဳလုပ္တာေတြ ေနရပ္လိပ္စာ မွတ္တမ္းတင္တာေတြ ျပဳလုပ္ေပးေနပါတယ္။ တ႐ုတ္-ျမန္မာနယ္စပ္ ကန္ပိုက္တီဂိတ္ကေန ဇန္နဝါရီ ၃၁ ရက္ေန႔မွာ ျမန္မာႏိုင္ငံသား ၂၀၀ေက်ာ္ ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။

ထိန္းခ်ဳန္းၿမိဳ႕အနီးက စက္႐ုံ ၊ အလုပ္႐ုံေတြမွာ လုပ္ငန္းလုပ္ကိုင္ခဲ့ၾကတဲ့ ျမန္မာေတြရဲ႕ေျပာစကားအရေတာ့ သူတို႔ပတ္ဝန္းက်င္မွာ ေရာဂါျဖစ္ပြားသူ မေတြ႕ခဲ့ရဘူးလို႔ အမ်ားစုကေျပာပါတယ္။

ထိန္ခ်ဳန္းမွာ ကို႐ိုနာဗိုင္းရပ္ ကူးစပ္ခံရသူႏွစ္ဦး ေတြ႕ရတယ္ဆိုတဲ့သတင္းေၾကာင့္ မိဘေဆြမ်ိဳးေတြက စိတ္ပူၿပီး ျပန္ေခၚလို႔ လာၾကတာေတြ အလုပ္ရွင္ကလႊတ္လို႔ ျပန္လာၾကသူေတြပါဝင္ပါတယ္။ အခုအခ်ိန္ထိ တ႐ုတ္ျပည္ဘက္က ျပန္ဝင္လာတဲ့ ျမန္မာႏိုင္ငံသား ႏွစ္ေထာင္ေက်ာ္ရွိၿပီလို႔ သိရပါတယ္။

ကန္ပိုက္တီနယ္စပ္ဂိတ္ကေန တ႐ုတ္ႏိုင္ငံသား ၃၀၀ ဝန္းက်င္ကို က်န္းမာေရးစစ္ေဆးမႈျပဳလုပ္ခဲ့ရာမွာ ၃ ဦးကိုသာ ကိုယ္အပူခ်ိန္မ်ားၿပီး ဝင္ခြင့္မေပးခဲ့တာရွိတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ ေရာဂါကူးစက္ခံရတဲ့ ထူးျခားမႈတစ္ခုမွမေတြ႕ေသးသလို ဝင္ခြင့္ေပးထားသူေတြရဲ႕ ေနရပ္လိပ္စာကအစ အခ်က္အလက္ေတြကို ေကာက္ယူထားတယ္လို႔ ကန္ပိုက္တီအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တာဝန္ရွိသူတစ္ဦးရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #ကန္ပိုက္တီ #ျပန္လာတဲ့ျမန္မာႏိုင္ငံသား #အခက္အခဲႀကဳံ

Related posts

Leave a Comment

VOM News

FREE
VIEW