ဘူးသီးတောင်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်၊ ထိခိုက်မှုရှိ

ဘူးသီးတောင်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်၊ ထိခိုက်မှုရှိ

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်မှာ မနေ့က ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် (၂) နာရီခန့်က ငှက်ပျောချောင်းကျေးရွာ မြောက်ဖက်မှာ တပ်မတော်နဲ့အေအေ တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတွေရှိကြောင်း အေအေက ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်တဲ့ နေရာဟာ ငှက်ပျောချောင်းကျေးရွာအနီးမှာဖြစ်ကာ၊ တပ်မတော်ရဲ့ စကခ(၁၅) လက်အောက်ခံ၊ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊ အေအေ လှုပ်ရှားစစ်ကြောင်းတွေနဲ့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေဖက်က ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက် သတင်းအရ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို ဆက်သွယ်ရာမှာ” ငှက်ပျောချောင်းမှာ၊ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ပွဲဖြစ်သံကြားတယ်။ မနေ့က ၂ နာရီလောက်မှာ တိုက်ပွဲဖြစ်ပြီးမှ သတင်းပို့တာ။ ငှက်ပျောချောင်းရွာကလူတွေကတော့ အနီအနားကျေးရွာတွေကို ထွက်ပြေးသွားတယ်လို့ကြားတယ်။” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ တပ်မတော်ဖက်က ၄ ဦးကျဆုံးကြောင်း အေအေရဲ့ သတင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူ းကြီး ဝင်းဇော်ဦး ကိုဆက်သွယ်ခဲ့ရာ ” ကျနော်မအားဘူး ခင်ဗျား။ ပြီးမှပြန်ဆက်ပါ။” လို့ ပြန်လည်ဖြေကြားပါတယ်။

ဒါကြောင့် အေအေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး တပ်မတော်ရဲ့ တုန့်ပြန်မှုကိုမတင်ပြနိုင်ပါ။

အဲ့ဒီ တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်တဲ့နေရာအနီးက ငှက်ပျောချောင်းကျေးရွာဟာ အိမ်ခြေ ၃၀ လောက်သာရှိကြောင်းနဲ့ တိုက်ပွဲကြောင့် ရွာသားတွေဟာ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးခိုလံှု နေကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲဖြစ်ပွားမှုဟာ အချိန်အားဖြင့် တစ်နှစ်ကျော်ကြာမြင်နေပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေမှာဆိုရင် မြင့်တက်နေပြီး၊ စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော်နေပြီးဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့စာရင်းအရ သိရပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင် #AA

Zawgyi

ဘူးသီးေတာင္မွာ တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္၊ ထိခိုက္မႈ႐ွိ

ဘူးသီးေတာင္၊ ေဖေဖာ္ဝါရီ ၁- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ မေန႔က ဇန္နဝါရီလ ၃၁ ရက္ေန႔၊ ေန႔လယ္ (၂) နာရီခန္႔က ငွက္ေပ်ာေခ်ာင္းေက်းရြာ ေျမာက္ဖက္မွာ တပ္မေတာ္နဲ႔ေအေအ တို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ထိခိုက္မႈေတြ႐ွိေၾကာင္း ေအေအက ထုတ္ျပန္ပါတယ္။

အဲ့ဒီ တိုက္ပြဲျဖစ္တဲ့ ေနရာဟာ ငွက္ေပ်ာေခ်ာင္းေက်းရြာအနီးမွာျဖစ္ကာ၊ တပ္မေတာ္ရဲ႕ စကခ(၁၅) လက္ေအာက္ခံ၊ တပ္ဖြဲ႔ဝင္ေတြျဖစ္ၿပီး၊ ေအေအ လႈပ္႐ွားစစ္ေၾကာင္းေတြနဲ႔ နာရီဝက္ခန္႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေအေအဖက္က ထုတ္ျပန္ပါတယ္။

ဒီထုတ္ျပန္ခ်က္ သတင္းအရ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံကို ဆက္သြယ္ရာမွာ” ငွက္ေပ်ာေခ်ာင္းမွာ၊ မြန္းလြဲ ၂ နာရီေလာက္မွာ တိုက္ပြဲျဖစ္သံၾကားတယ္။ မေန႔က ၂ နာရီေလာက္မွာ တိုက္ပြဲျဖစ္ၿပီးမွ သတင္းပို႔တာ။ ငွက္ေပ်ာေခ်ာင္းရြာကလူေတြကေတာ့ အနီအနားေက်းရြာေတြကို ထြက္ေျပးသြားတယ္လို႔ၾကားတယ္။” လို႔ ေျပာပါတယ္။

အဲ့ဒီတိုက္ပြဲအတြင္းမွာ တပ္မေတာ္ဖက္က ၄ ဦးက်ဆံုးေၾကာင္း ေအေအရဲ႕ သတင္းထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

ေအေအရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ဗိုလ္မွဴ းႀကီး ဝင္းေဇာ္ဦး ကိုဆက္သြယ္ခဲ့ရာ ” က်ေနာ္မအားဘူး ခင္ဗ်ား။ ၿပီးမွျပန္ဆက္ပါ။” လို႔ ျပန္လည္ေျဖၾကားပါတယ္။

ဒါေၾကာင့္ ေအေအရဲ႕ထုတ္ျပန္ခ်က္နဲ႔ပတ္သတ္ၿပီး တပ္မေတာ္ရဲ႕ တုန္႔ျပန္မႈကိုမတင္ျပႏိုင္ပါ။

အဲ့ဒီ တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္တဲ့ေနရာအနီးက ငွက္ေပ်ာေခ်ာင္းေက်းရြာဟာ အိမ္ေျခ ၃၀ ေလာက္သာ႐ွိေၾကာင္းနဲ႔ တိုက္ပြဲေၾကာင့္ ရြာသားေတြဟာ အနီးအနားက ေက်းရြာေတြကို ထြက္ေျပးခိုလံွဳ ေနေၾကာင္းသိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲျဖစ္ပြားမႈဟာ အခ်ိန္အားျဖင့္ တစ္ႏွစ္ေက်ာ္ၾကာျမင္ေနၿပီျဖစ္ကာ တိုက္ပြဲေတြေၾကာင့္ ထိခိုက္ဒဏ္ရာရေသဆံုးမႈေတြမွာဆိုရင္ ျမင့္တက္ေနၿပီး၊ စစ္ေဘးေ႐ွာင္ဦးေရ ၁ သိန္းေက်ာ္ေနၿပီးျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕စာရင္းအရ သိရပါတယ္။

#voiceofmyanmar #VOM #ဘူးသီးေတာင္ #AA

Related posts

Leave a Comment

VOM News

FREE
VIEW