NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမယ်

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀
အောင်ထူးနိုင်(VOM)

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၂ နဲ့ ဖေဖော်ဝါရီ ၃ ရက်အတွင်း ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနတို့မှာ တွေ့ဆုံသွားမှာဖြစ်ပြီး အားလုံးပါဝင်ရေးကိစ္စကို အလေးပေးဆွေးနွေးသွားမယ်လို့ မူဘောင်ညှိနှိုင်းရေးအဖွဲ့ကနေ သိရပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မနက်ဖြန်တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ပြင်ဆင်ရေးအစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“တစ်ဖက်က ကိုယ့်ဆွေးနွေးဖော်ဆွေးနွေးဖက်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါ အားလုံးပါဝင်ရေးကိစ္စကို အလေးပေး ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပါတယ်။ မနက်ဖြန် အစိုးရနဲ့ဆွေးနွေးညှိနှိုင်းအစည်းအဝေးဟာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေအကြား ပထမဆုံး တရားဝင်တွေ့ဆုံတဲ့ အစည်းအဝေးဖြစ်တဲ့အတွက် “အစကောင်းမှ အနှောင်းသေချာ” ဆိုတဲ့အတိုင်း နှစ်ဦးနှစ်ဖက်အတွက် မျှမျှတတဖြစ်စေမယ့်၊ အကျိုးဖြစ်စေမယ့်၊ ယုံကြည်မှုတည်ဆောက်ခြင်းကို အထောက်အကူပြုစေမယ့် ရလဒ်ကောင်းတွေ၊ သဘောတူညီချက်တွေရရှိရေး ဦးတည်ညှိနှိုင်းဆွေးနွေးသွားကြဖို့ သဘောထားချမှတ်နိုင်ခဲ့ပါတယ်”လို့ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

မနက်ဖြန်မှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အပြီးသတ်ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်ခဲ့ပြီး ညှိနှိုင်းဆွေးနွေးပွဲအတွက် အကြောင်းအရာအလိုက် တာဝန်ခွဲဝေမှုတွေကို ဒီအစည်းအဝေးမှာ တိတိကျကျ ပေးအပ်သတ်မှတ်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဒါ့အပြင် (၈)ကြိမ်မြောက် JICM အစည်းအဝေး သဘောတူညီချက် (၈) ချက်ကို အောင်မြင်စွာ အမြန်ဆုံးလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ နည်းနာတွေကို ဆုံးဖြတ်နိုင်ခဲ့ပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းစဉ်တွေ၊ လုပ်နည်းလုပ်ဟန်တွေကို အကျယ်တဝင့် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

#VOM #voiceofmyanmar #NRPC #PPWT #တွေ့ဆုံရန်

Zawgyi

NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕နဲ႔ အစိုးရကိုယ္စားလွယ္အဖြဲ႔ ေတြ႔ဆံုမယ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕နဲ႔ အစိုးရကိုယ္စားလွယ္အဖြဲ႕တို႔ ေဖေဖာ္ဝါရီ ၂ နဲ႔ ေဖေဖာ္ဝါရီ ၃ ရက္အတြင္း ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနတို႔မွာ ေတြ႕ဆုံသြားမွာျဖစ္ၿပီး အားလုံးပါဝင္ေရးကိစၥကို အေလးေပးေဆြးေႏြးသြားမယ္လို႔ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ကေန သိရပါတယ္။

အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ မနက္ျဖန္ေတြ႕ဆုံေဆြးေႏြးႏိုင္ဖို႔အတြက္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕အေနနဲ႔ ျပင္ဆင္ေရးအစည္းအေဝးကို ဒီေန႔ ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

“တစ္ဖက္က ကိုယ့္ေဆြးေႏြးေဖာ္ေဆြးေႏြးဖက္နဲ႔ ေဆြးေႏြးညႇိႏႈိင္းတဲ့အခါ အားလုံးပါဝင္ေရးကိစၥကို အေလးေပး ေဆြးေႏြးသြားဖို႔ သေဘာတူခဲ့ၾကပါတယ္။ မနက္ျဖန္ အစိုးရနဲ႔ေဆြးေႏြးညႇိႏႈိင္းအစည္းအေဝးဟာ ႏွစ္ဖက္ညႇိႏႈိင္းေရးအဖြဲ႕ေတြအၾကား ပထမဆုံး တရားဝင္ေတြ႕ဆုံတဲ့ အစည္းအေဝးျဖစ္တဲ့အတြက္ “အစေကာင္းမွ အေႏွာင္းေသခ်ာ” ဆိုတဲ့အတိုင္း ႏွစ္ဦးႏွစ္ဖက္အတြက္ မွ်မွ်တတျဖစ္ေစမယ့္၊ အက်ိဳးျဖစ္ေစမယ့္၊ ယုံၾကည္မႈတည္ေဆာက္ျခင္းကို အေထာက္အကူျပဳေစမယ့္ ရလဒ္ေကာင္းေတြ၊ သေဘာတူညီခ်က္ေတြရရွိေရး ဦးတည္ညႇိႏႈိင္းေဆြးေႏြးသြားၾကဖို႔ သေဘာထားခ်မွတ္ႏိုင္ခဲ့ပါတယ္”လို႔ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာပါတယ္။

မနက္ျဖန္မွာ ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ အၿပီးသတ္ျပင္ဆင္မႈေတြ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ညႇိႏႈိင္းေဆြးေႏြးပြဲအတြက္ အေၾကာင္းအရာအလိုက္ တာဝန္ခြဲေဝမႈေတြကို ဒီအစည္းအေဝးမွာ တိတိက်က် ေပးအပ္သတ္မွတ္ႏိုင္ခဲ့တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ဒါ့အျပင္ (၈)ႀကိမ္ေျမာက္ JICM အစည္းအေဝး သေဘာတူညီခ်က္ (၈) ခ်က္ကို ေအာင္ျမင္စြာ အျမန္ဆုံးလက္ေတြ႔အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားႏိုင္ဖို႔ နည္းနာေတြကို ဆုံးျဖတ္ႏိုင္ခဲ့ၿပီး အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲမ်ား ျပန္လည္က်င္းပႏိုင္ေရး လုပ္ငန္းစဥ္ေတြ၊ လုပ္နည္းလုပ္ဟန္ေတြကို အက်ယ္တဝင့္ ေဆြးေႏြးႏိုင္ခဲ့တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

#VOM #voiceofmyanmar #NRPC #PPWT #ေတြ႕ဆုံရန္

Related posts

Leave a Comment

VOM News

FREE
VIEW