ငှက်ပျောကုမ္ပဏီက ဝန်ထမ်း ၁၀ ဦးလောက်သာ တရုပ်ပြည်ဘက်‌ကနေ ဝင်ခွင့်ပေးခဲ့

တစ်သျှူးငှက်ပျောလုပ်ငန်းနဲ့ ဆက်စပ်သူ ၁၀ ဦးလောက်သာ တရုပ်ပြည်ဘက်‌ကနေ ဝင်ခွင့်ပေးခဲ့

ကန်ပိုက်တီ-ဖေဖေါ်ဝါရီ-၂-၂၀၂၀
ရန်အောင်ထွန်း (VOM)

တရုတ်နိုင်ငံကနေ ကန်ပိုက်တီ နယ်စပ်ဂိတ်ကိုဖြတ်ပြီး တစ်သျှူးငှက်ပျော လုပ်ငန်းက တရုတ်နိုင်ငံသား ဆယ်ယောက်လောက်သာ ဝင်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ ကန်ပိုက်တီအထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်ကူးစက်ဖြစ်စဉ်ကြောင့် နယ်စပ်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးပြီး ဝင်ခွင့်ပြုနေရာမှာ ဇန်နဝါရီ ၂၆ ရက်ကနေ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံသား ၄၉၈ ဦး ဝင်ရောက်ထားပါတယ်။

မြန်မာနိုင်ငံသား ပြန်လည် ဝင်ရောက်မှုကတော့ ၃၁၃၄ ယောက် ဝင်ထားတာပါ။ အဲ့ဒီလူတွေထဲက အများစုဟာ ဝင်ရောက်နေကြသူတွေပါ ဒါကြောင့် ဥပဒေအရ သတ်မှတ် ကာလပြည့်လို့ နယ်စပ်ဂိတ်မှာ ရက်လာတိုးပြီး ပြန်ဝင်ကြလို့ ဆိုပါတယ်။

ဝင်လာတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ထွက်ခွင့်ပြုခဲ့တဲ့ တရုတ်နိုင်ငံဘက်က အာမခံချက်တစ်စုံတစ်ပေးထားတာ မရှိပေမယ့် တိုက်ရိုက်စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်စီစစ်ပြီး WHO ချမှတ်ထားတဲ့ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ထားတယ်လို့ ဝိုင်းမော်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာသိန်းမြို့ ကပြောပါတယ်။

ကချင်ပြည်နယ်မှာ ငှက်ပျောစိုက်တဲ့ ကုမ္ပဏီ ၄၀ ခန့်ရှိပြီး ၁၃ ညအိပ် ၁၄ ရက်နေ့ခွင့် (BP) နဲ့ တရားမဝင် လုပ်ကိုင်နေတဲ့ အလုပ်သမား ငါးထောင်လောကရှိတယ်လို့ သိရပါတယ် ။ တရားဝင်အနေနဲ့ ရက်(၉၀) နေထိုင်ကာ အလုပ်လုပ်ကိုင်ခွင့် (Green Card) (GC) ပေးထားတဲ့ကုမ္ပဏီ ၆ ခုက အလုပ်သမား ၃၂၀ ရှိတယ်လို့ ပြည်နယ်လဝက ဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကန်ပိုက်တီ #တရုတ် #တစ်သျှူးငှက်ပျော

Zawgyi

တစ္သ်ွဴးငွက္ေပ်ာလုပ္ငန္းနဲ႕ ဆက္စပ္သူ ၁၀ ဦးေလာက္သာ တ႐ုပ္ျပည္ဘက္‌ကေန ဝင္ခြင့္ေပးခဲ့

ကန္ပိုက္တီ-ေဖေဖၚဝါရီ-၂-၂၀၂၀
ရန္ေအာင္ထြန္း (VOM)

တ႐ုတ္ႏိုင္ငံကေန ကန္ပိုက္တီ နယ္စပ္ဂိတ္ကိုျဖတ္ၿပီး တစ္သွ်ဴးငွက္ေပ်ာ လုပ္ငန္းက တ႐ုတ္ႏိုင္ငံသား ဆယ္ေယာက္ေလာက္သာ ဝင္ခြင့္ေပးခဲ့တာျဖစ္တယ္လို႔ ကန္ပိုက္တီအေထြေထြ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္ကူးစက္ျဖစ္စဥ္ေၾကာင့္ နယ္စပ္ဂိတ္ေတြမွာ က်န္းမာေရးစစ္ေဆးၿပီး ဝင္ခြင့္ျပဳေနရာမွာ ဇန္နဝါရီ ၂၆ ရက္ကေန ၃၁ ရက္ေန႔အထိ တ႐ုတ္ႏိုင္ငံသား ၄၉၈ ဦး ဝင္ေရာက္ထားပါတယ္။

ျမန္မာႏိုင္ငံသား ျပန္လည္ ဝင္ေရာက္မႈကေတာ့ ၃၁၃၄ ေယာက္ ဝင္ထားတာပါ။ အဲ့ဒီလူေတြထဲက အမ်ားစုဟာ ဝင္ေရာက္ေနၾကသူေတြပါ ဒါေၾကာင့္ ဥပေဒအရ သတ္မွတ္ ကာလျပည့္လို႔ နယ္စပ္ဂိတ္မွာ ရက္လာတိုးၿပီး ျပန္ဝင္ၾကလို႔ ဆိုပါတယ္။

ဝင္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြရဲ႕ က်န္းမာေရးကို ထြက္ခြင့္ျပဳခဲ့တဲ့ တ႐ုတ္ႏိုင္ငံဘက္က အာမခံခ်က္တစ္စုံတစ္ေပးထားတာ မရွိေပမယ့္ တိုက္႐ိုက္စစ္ေဆးေဆာင္႐ြက္မႈေတြ ျပဳလုပ္စီစစ္ၿပီး WHO ခ်မွတ္ထားတဲ့ လမ္းၫႊန္မႈအတိုင္း ေဆာင္႐ြက္ထားတယ္လို႔ ဝိုင္းေမာ္ၿမိဳ႕နယ္ က်န္းမာေရးမႉး ေဒါက္တာသိန္းၿမိဳ႕ ကေျပာပါတယ္။

ကခ်င္ျပည္နယ္မွာ ငွက္ေပ်ာစိုက္တဲ့ ကုမၸဏီ ၄၀ ခန႔္ရွိၿပီး ၁၃ ညအိပ္ ၁၄ ရက္ေန႔ခြင့္ (BP) နဲ႔ တရားမဝင္ လုပ္ကိုင္ေနတဲ့ အလုပ္သမား ငါးေထာင္ေလာကရွိတယ္လို႔ သိရပါတယ္ ။ တရားဝင္အေနနဲ႔ ရက္(၉၀) ေနထိုင္ကာ အလုပ္လုပ္ကိုင္ခြင့္ (Green Card) (GC) ေပးထားတဲ့ကုမၸဏီ ၆ ခုက အလုပ္သမား ၃၂၀ ရွိတယ္လို႔ ျပည္နယ္လဝက ဝန္ႀကီးရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ကန္ပိုက္တီ #တ႐ုတ္ #တစ္သွ်ဴးငွက္ေပ်ာ

Related posts

Leave a Comment

VOM News

FREE
VIEW