ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား

ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား

မနီလာ၊ ဖေဖော်ဝါရီ -၂- ၂၀၂၀
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦးသေဆုံးသွားပြီး ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါကြောင့် ပထမဆုံးသေဆုံးမှုလည်းဖြစ်ပါတယ်။
သေဆုံးသွားသူဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှ အသက်၄၄နှစ်အရွယ် တရုတ်အမျိုးသားဖြစ်ပါတယ်။

သူဟာ ဖိလစ်ပိုင်နိုင်ငံသို့မရောက်မီ ရောဂါကူးစက်ခံထားရပုံရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀ကျော်ရှိနေပြီး သေဆုံးသူအများစုဟာ ဟူဘေးပြည်နယ်မှဖြစ်ပြီး ရောဂါကူးစက်ထားရသူဦးရေး ၁၄၀၀၀ကျော်ရှိနေပါတယ်။

တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားသားတွေအားလုံးကို အမေရိကန်၊ သြစတြေးလျ၊ ရုရှား၊ ဂျပန်၊ ပါကစ္စတန်နဲ့ အီတလီနိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝင်ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုခရီးသွားလာတာကို တားမြစ်လိုက်တာဟာ သတင်းအချက်အလက်ရရှိမှုနဲ့ ဆေးဝါး ထောက်ပံ့ပေးပို့မှုကို နှောင့်နှေးစေပြီး အခြားကိစ္စရပ်တွေမှာပါ အခက်အခဲဖြစ်စေလို့ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုသာရှိလိမ့်မယ်လို့ WHO ကပြောဆိုပါတယ်။

Ref : BBC
Photo:AFP
#voiceofmyanamr #VOM #ဖိလစ်ပိုင် #ကိုရိုနာဗိုင်းရပ်စ်

Zawgyi

ဖိလစ္ပိုင္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ လူတစ္ဦးေသဆံုးမႈျဖစ္ပြား

မနီလာ၊ ေဖေဖာ္၀ါရီ -၂- ၂၀၂၀
မ်ိဳးဆက္ (VOM)

ဖိလစ္ပုိင္ႏုိင္ငံမွာ ကိုရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရတဲ႔ အမ်ိဳးသားတစ္ဦးေသဆံုးသြားျပီး ဒါဟာ တရုတ္ႏုိင္ငံျပင္ပမွာ ေရာဂါေၾကာင့္ ပထမဆံုးေသဆံုးမႈလည္းျဖစ္ပါတယ္။
ေသဆံုးသြားသူဟာ ဗုိင္းရပ္စ္စတင္ျဖစ္ပြားခဲ႔တဲ႔ တရုတ္နုိင္ငံ ဟူေဘးျပည္နယ္ ဝူဟန္ျမိဳ႔မွ အသက္၄၄ႏွစ္အရြယ္ တရုတ္အမ်ိဳးသားျဖစ္ပါတယ္။

သူဟာ ဖိလစ္ပုိင္ႏုိင္ငံသုိ႔မေရာက္မီ ေရာဂါကူးစက္ခံထားရပံုရိွေၾကာင္း ကမၻာ့က်န္းမာေရးအဖဲြ႔က ေျပာပါတယ္။

လက္ရိွအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူဦးေရ ၃၀၀ေက်ာ္ရိွေနျပီး ေသဆံုးသူအမ်ားစုဟာ ဟူေဘးျပည္နယ္မွျဖစ္ျပီး ေရာဂါကူးစက္ထားရသူဦးေရး ၁၄၀၀၀ေက်ာ္ရွိေနပါတယ္။

တရုတ္ႏုိင္ငံကို သြားေရာက္ခဲ႔တဲ႔ ႏုိင္ငံျခားသားေတြအားလံုးကုိ အေမရိကန္၊ ၾသစေၾတးလ်၊ ရုရွား၊ ဂ်ပန္၊ ပါကစၥတန္နဲ႔ အီတလီနိုုင္ငံတို႔အပါအ၀င္ ကမၻာ႔နိုင္ငံအေတာ္မ်ားမ်ားက ၀င္ခြင္႔မျပဳေတာ႔ဘူးလို႔ ထုတ္ျပန္ထားပါတယ္။

ဒီလိုခရီးသြားလာတာကို တားျမစ္လိုက္တာဟာ သတင္းအခ်က္အလက္ရရိွမႈနဲ႔ ေဆးဝါး ေထာက္ပံ့ေပးပုိ႔မႈကုိ ေနွာင္႔ေနွးေစျပီး အျခားကိစၥရပ္ေတြမွာပါ အခက္အခဲျဖစ္ေစလို႔ အနႈတ္လကၡဏာေဆာင္တဲ႔ သက္ေရာက္မႈသာရိွလိမ္႔မယ္လို႔ WHO ကေျပာဆိုပါတယ္။

Ref : BBC
Photo:AFP
#voiceofmyanamr #VOM #ဖိလစ္ပိုင္ #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW