ဝူဟန်က ပြန်ရောက်လာသူတွေမှာ ကိုရိုနာရာဂါလက္ခဏာ မတွေ့

ဝူဟန်က ပြန်ရောက်လာသူတွေမှာ ကိုရိုနာရာဂါလက္ခဏာ မတွေ့

မန္တလေး ဖေဖော်ဝါရီ ၂ ၊ ၂၀၂၀။

ဖြူဖြူ (VOM)

ဝူဟန်မြို့က ပြန်ရောက်လာတဲ့ မြန်မာကျောင်းသားတွေကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းက ကန်တော်နဒီဆေးရုံမှာ ထားရှိထားပြီး သူတို့ကို တစ်ရက် နှစ်ကြိမ် အဖျားရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်း ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

“အဖျားရှိမရှိ နေ့စဉ် တစ်နေ့ နှစ်ကြိမ်တိုင်းတာသွားမယ်။ တိုင်းပြီးရင် တိုင်းအစိုးရရော၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုရော သတင်းပို့ဆောင်ရွက်မယ်။ အဲဒီကြားထဲမှာ ထူးခြားမှုဖြစ်စဉ်ရှိလာခဲ့မယ်ဆိုရင် အချိန်နဲ့ တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပေါ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်မှာ ပညာတော်သင်ရောက်ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေကို အထူးလေယာဉ်နဲ့သွားရောက်ခေါ်ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် မနက် ၆ နာရီဝန်းကျင်မှာ ကန်တော်နဒီဆေးရုံကို ရောက်ရှိခဲ့ကြပါတယ်။

အဲဒီကျောင်းသားတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ၁၄ ရက်ကြာစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့ကို ကျန်းမာရေး စောင့်ရှောက်နေတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း စစ်ဆေးသွားမှာဖြစ်ပါတယ်။

သူတို့ကို အချိန်ပြည့်စောင့်ကြည့်စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်း သုံးဆိုင်းခွဲချထားပြီး တစ်ဆိုင်းကို ဆရာဝန်တစ်ဦး၊ သူနာပြု နှစ်ဦး၊ အထွေထွေလုပ်သားနှစ်ဦး တာဝန်ချထားကာ ဆေးရုံအုပ်ကြီးကတော့ အချိန်ပြည့်ကြီးကြပ်နေမှာဖြစ်တယ်လို့ သိရပါတယ်။

မူလက အဲဒီကျောင်းသားတွေကို သွားရောက်ကြိုဆိုခဲ့တဲ့ ယာဉ်မောင်းနဲ့ အဖွဲ့ကိုလည်း ၂ ပတ်ကြာစောင့်ကြည့်စစ်ဆေးမယ်လို့ ရည်ရွယ်ထားပေမယ့် ပြန်ရောက်လာတဲ့ ကျောင်းသားတွေဟာ ချောင်းဆိုးဖျားနာ လက္ခဏာမတွေ့ရတဲ့အပြင် စိုးရိမ်ရတဲ့ အနေအထားတွေ မတွေ့ရှိတာ၊ သွားရောက်ကြိုဆိုခဲ့တဲ့ ယာဉ်မောင်းနဲ့ အဖွဲ့ကိုလည်း (PPE) အကာအကွယ် ဝတ်စုံတွေ အပြည့်နဲ့ ကာကွယ်ခဲ့တာကြောင့် သူတို့ကို စစ်ဆေးမှုတွေမလုပ်တော့ဘူးလို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

ကျောင်းသား ကျောင်းသူ ၆၃ ဦးအနက် နှစ်ဦးဟာ ဝူဟန်လေဆိပ်မှာ အဖျားရှိမရှိ စစ်ဆေးစဉ် အပူချိန်လွန်ကဲမှုဖြစ်ပေါ်နေတဲ့ အတွက် ကျန်ရစ်ခဲ့ပြီး တစ်ဦးဟာလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းတွေနဲ့ မညီညွတ်တာ၊ တစ်ဦးက ပြည်နယ်ပြင်ပရောက်ရှိနေတာကြောင့် လိုက်ပါနိုင်ခြင်းမရှိခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။

အပူချိန်လွန်ကဲမှုဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ဦးကို ဆက်လက်စစ်ဆေးရာမှာ ဘာရောဂါမှမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် လက်ရှိမှာ သူတို့ရဲ့ တက္ကသိုလ်ကျောင်းဆောင်ကို ပြန်ပို့ထားပြီလို့ ပေကျင်းမြို့ ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

#VoiceOfMyanmar
#Coronavirus
#BurmeseStudentsfromWuhan
#Wuhan
#ဝူဟန်
#ကော်ရိုနာဗိုင်းရပ်စ်

…………

zawgyi

ဝူဟန္က ျပန္ေရာက္လာသူေတြမွာ ကိုရိုနာရာဂါလကၡဏာ မေတြ႔
မႏၲေလး ေဖေဖာ္ဝါရီ ၂ ၊ ၂၀၂၀။

ျဖဴျဖဴ (VOM)

ဝူဟန္ၿမိဳ႕က ျပန္ေရာက္လာတဲ့ ျမန္မာေက်ာင္းသားေတြကို မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းက ကန္ေတာ္နဒီေဆး႐ုံမွာ ထားရွိထားၿပီး သူတို႔ကို တစ္ရက္ ႏွစ္ႀကိမ္ အဖ်ားရွိမရွိ စစ္ေဆးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ မႏၲေလးတိုင္း ကုသေရးနဲ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဦးစီးမႉး ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။

“အဖ်ားရွိမရွိ ေန႔စဥ္ တစ္ေန႔ ႏွစ္ႀကိမ္တိုင္းတာသြားမယ္။ တိုင္းၿပီးရင္ တိုင္းအစိုးရေရာ၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကိုေရာ သတင္းပို႔ေဆာင္႐ြက္မယ္။ အဲဒီၾကားထဲမွာ ထူးျခားမႈျဖစ္စဥ္ရွိလာခဲ့မယ္ဆိုရင္ အခ်ိန္နဲ႔ တေျပးညီတင္ျပေပးသြားမွာျဖစ္ပါတယ္။” လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ေပၚလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဝူဟန္မွာ ပညာေတာ္သင္ေရာက္ရွိေနတဲ့ ေက်ာင္းသား ေက်ာင္းသူေတြကို အထူးေလယာဥ္နဲ႔သြားေရာက္ေခၚေဆာင္ခဲ့ၿပီး ေဖေဖာ္ဝါရီ ၂ ရက္ မနက္ ၆ နာရီဝန္းက်င္မွာ ကန္ေတာ္နဒီေဆး႐ုံကို ေရာက္ရွိခဲ့ၾကပါတယ္။

အဲဒီေက်ာင္းသားေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ၁၄ ရက္ၾကာေစာင့္ၾကည့္စစ္ေဆးမႈေတြ လုပ္ေဆာင္သြားမွာျဖစ္ၿပီး သူတို႔ကို က်န္းမာေရး ေစာင့္ေရွာက္ေနတဲ့ ဆရာဝန္နဲ႔ က်န္းမာေရးဝန္ထမ္းေတြကိုလည္း စစ္ေဆးသြားမွာျဖစ္ပါတယ္။

သူတို႔ကို အခ်ိန္ျပည့္ေစာင့္ၾကည့္စစ္ေဆးဖို႔ က်န္းမာေရးဝန္ထမ္း သုံးဆိုင္းခြဲခ်ထားၿပီး တစ္ဆိုင္းကို ဆရာဝန္တစ္ဦး၊ သူနာျပဳ ႏွစ္ဦး၊ အေထြေထြလုပ္သားႏွစ္ဦး တာဝန္ခ်ထားကာ ေဆး႐ုံအုပ္ႀကီးကေတာ့ အခ်ိန္ျပည့္ႀကီးၾကပ္ေနမွာျဖစ္တယ္လို႔ သိရပါတယ္။

မူလက အဲဒီေက်ာင္းသားေတြကို သြားေရာက္ႀကိဳဆိုခဲ့တဲ့ ယာဥ္ေမာင္းနဲ႔ အဖြဲ႕ကိုလည္း ၂ ပတ္ၾကာေစာင့္ၾကည့္စစ္ေဆးမယ္လို႔ ရည္႐ြယ္ထားေပမယ့္ ျပန္ေရာက္လာတဲ့ ေက်ာင္းသားေတြဟာ ေခ်ာင္းဆိုးဖ်ားနာ လကၡဏာမေတြ႕ရတဲ့အျပင္ စိုးရိမ္ရတဲ့ အေနအထားေတြ မေတြ႕ရွိတာ၊ သြားေရာက္ႀကိဳဆိုခဲ့တဲ့ ယာဥ္ေမာင္းနဲ႔ အဖြဲ႕ကိုလည္း (PPE) အကာအကြယ္ ဝတ္စုံေတြ အျပည့္နဲ႔ ကာကြယ္ခဲ့တာေၾကာင့္ သူတို႔ကို စစ္ေဆးမႈေတြမလုပ္ေတာ့ဘူးလို႔ ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။

ေက်ာင္းသား ေက်ာင္းသူ ၆၃ ဦးအနက္ ႏွစ္ဦးဟာ ဝူဟန္ေလဆိပ္မွာ အဖ်ားရွိမရွိ စစ္ေဆးစဥ္ အပူခ်ိန္လြန္ကဲမႈျဖစ္ေပၚေနတဲ့ အတြက္ က်န္ရစ္ခဲ့ၿပီး တစ္ဦးဟာလူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ စည္းကမ္းေတြနဲ႔ မညီၫြတ္တာ၊ တစ္ဦးက ျပည္နယ္ျပင္ပေရာက္ရွိေနတာေၾကာင့္ လိုက္ပါႏိုင္ျခင္းမရွိခဲ့ဘူးလို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သိရပါတယ္။

အပူခ်ိန္လြန္ကဲမႈျဖစ္ေပၚခဲ့တဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ႏွစ္ဦးကို ဆက္လက္စစ္ေဆးရာမွာ ဘာေရာဂါမွမရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ လက္ရွိမွာ သူတို႔ရဲ႕ တကၠသိုလ္ေက်ာင္းေဆာင္ကို ျပန္ပို႔ထားၿပီလို႔ ေပက်င္းၿမိဳ႕ ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားပါတယ္။

#VoiceOfMyanmar
#Coronavirus
#BurmeseStudentsfromWuhan
#Wuhan
#ဝူဟန္
#ေကာ္ရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW