ကျောက်တော်မြို့ပေါ်မှာ လက်နက်ကြီးကျည်ကျပြီး တစ်ဦးသေ၊ ၃ဦးဒဏ်ရာရ

ကျောက်တော်မြို့ပေါ်မှာ လက်နက်ကြီးကျည်ကျပြီး တစ်ဦးသေ၊ ၃ဦးဒဏ်ရာရ

ကျောက်တော်၊ ဖေဖော်ဝါရီ ၃- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ၊် ပြည်တော်သာရပ်ကွက်မှာ ဒီကနေ့မနက်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

သေဆုံသွားတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး မချေဘုဆိုသူဟာ ပေါင်နဲ့ ခါးမှာ ထိခိုက်သွားပြီး အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

” သေသွားတဲ့မိန်းကလေးကိုတော့ ဆေးရုံကို မပို့လိုက်တော့ဘူး။ အဲ့ဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်။ မနက် ၈ နာရီဝန်းကျင်က မိုင်းပေါက်တယ်။ ပေါက်တဲ့အချိန်မှာ ဖြိုပစ်ပစ်တယ်။ အဲ့ဒီအချိန်မှာ လက်နက်ကြီးလာကျတာ။” လို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦက ပြောပါတယ်။

အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့” ကျောက်တော်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက် မနက် ၈ နာရီလောက်က ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားအတွင်းမှာ လနဲ့ချီကြာပြီးတော့ စခန်းချနေထိုင်နေတဲ့ တပ်မတော်စစ်ကြောင်း တစ်ခုက ကျောက်တော်မြို့ထဲသို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားတာရှိတယ်။” လို့ပြောပါတယ်။

ဒဏ်ရာရရှိသူသုံးယောက်မှာ ပြည်တော်သာရပ်ကွက်မှ ဦးကျော်သိန်းထွန်း အသက်(၄၇) နှစ် လိင်အင်္ဂါထိခိုက်ဒဏ်ရာ၊ စောမောင်လှ အသက်(၆၇)၊ ညာဖက် လက်ဒဏ်ရာ၊ မောင်စောဖြူ အသက်(၁၉) နာရင်းအောက်ဖက်ဒဏ်ရာ စသည်ဖြင့် အသီးသီးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

” အိမ်ထဲမှာနေတာမှာ လက်နက်ကြီးလာကျတာ။ ပစ်တာကတော့ ဘုရားကြီးဖက်ကပစ်တာ။ တစ်ယောက်တော့နည်းနည်း စိုးရိမ်ရတယ်။ မအားတဲ့နေရာမှာ ထိသွားတယ်။” လို့ လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူ ၃ ဦးကို ကျောက်တော်ဆေးဆုံသို့ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေကို ဆယ်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မနေ့က ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #လက်နက်ကြီးကျည်ကျ #လူသေဆုံး

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ လက္နက္ႀကီးက်ည္က်ၿပီး တစ္ဦးေသ၊ ၃ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၃- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ၊္ ျပည္ေတာ္သာရပ္ကြက္မွာ ဒီကေန႔မနက္က လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲျပီး အမ်ိဳးသမီးတစ္ဦးေသဆံုးကာ အမ်ိဳးသား ၃ ဦးဒဏ္ရာရ႐ွိတယ္လို႔ သိရပါတယ္။

ေသဆံုသြားတဲ့ အသက္ ၂၅ ႏွစ္အရြယ္ အမ်ိဳးသမီး မေခ်ဘုဆိုသူဟာ ေပါင္နဲ႔ ခါးမွာ ထိခိုက္သြားၿပီး အဲ့ဒီေနရာမွာပဲ ပြဲခ်င္းၿပီးေသဆံုးသြားတယ္လုိ႔ သိရပါတယ္။

” ေသသြားတဲ့မိန္းကေလးကိုေတာ့ ေဆးရံုကို မပို႔လိုက္ေတာ့ဘူး။ အဲ့ဒီေနရာမွာ ပြဲခ်င္းၿပီးေသဆံုးသြားတယ္။ မနက္ ၈ နာရီဝန္းက်င္က မိုင္းေပါက္တယ္။ ေပါက္တဲ့အခ်ိန္မွာ ၿဖိဳပစ္ပစ္တယ္။ အဲ့ဒီအခ်ိန္မွာ လက္နက္ႀကီးလာက်တာ။” လို႔ ျဖဴစင္ေမတၱာပရဟိတအဖြဲ႔မွ တာဝန္႐ွိသူတစ္ဦက ေျပာပါတယ္။

ေအေအ ေျပာေရးဆိုခြင့္႐ွိသူ ခိုင္သုခကို ဆက္သြယ္ေမးျမန္းရာမွာေတာ့” ေက်ာက္ေတာ္မွာ ဒီကေန႔ ေဖေဖာ္ဝါရီလ ၃ ရက္ မနက္ ၈ နာရီေလာက္က ေက်ာက္ေတာ္ၿမိဳ႕ မဟာကံႀကီး႐ွင္ဘုရားအတြင္းမွာ လနဲ႔ခ်ီၾကာၿပီးေတာ့ စခန္းခ်ေနထိုင္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္း တစ္ခုက ေက်ာက္ေတာ္ျမိဳ ႔ထဲသို႔ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ပစ္ခတ္တာေၾကာင့္ အရပ္သား ၃ ဦး ဒဏ္ရာရ႐ွိၿပီး အမ်ိဳးသမီးတစ္ဦးေသဆံုးသြားတာ႐ွိတယ္။” လို႔ေျပာပါတယ္။

ဒဏ္ရာရ႐ွိသူသံုးေယာက္မွာ ျပည္ေတာ္သာရပ္ကြက္မွ ဦးေက်ာ္သိန္းထြန္း အသက္(၄၇) ႏွစ္ လိင္အဂၤါထိခိုက္ဒဏ္ရာ၊ ေစာေမာင္လွ အသက္(၆၇)၊ ညာဖက္ လက္ဒဏ္ရာ၊ ေမာင္ေစာျဖဴ အသက္(၁၉) နာရင္းေအာက္ဖက္ဒဏ္ရာ စသည္ျဖင့္ အသီးသီးဒဏ္ရာရ႐ွိသြားတယ္လုိ႔ သိရပါတယ္။

” အိမ္ထဲမွာေနတာမွာ လက္နက္ႀကီးလာက်တာ။ ပစ္တာကေတာ့ ဘုရားႀကီးဖက္ကပစ္တာ။ တစ္ေယာက္ေတာ့နည္းနည္း စိုးရိမ္ရတယ္။ မအားတဲ့ေနရာမွာ ထိသြားတယ္။” လို႔ လက္နက္ႀကီးက်ည္က်ၿပီး ဒဏ္ရာရသူတစ္ဦးက ေျပာပါတယ္။

လက္႐ွိမွာ ဒဏ္ရာရ႐ွိသူ ၃ ဦးကို ေက်ာက္ေတာ္ေဆးဆံုသို႔ ပို႔ေဆာင္ထားတယ္လုိ႔လည္း သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္ေျပာေရးဆိုခြင့္႐ွိသူေတြကို ဆယ္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

မေန႔က ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ပိန္းေတာေက်းရြာမွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီး ၃ ဦးဒဏ္ရာရ႐ွိသြားတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #လက္နက္ႀကီးက်ည္က် #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW