ပထမဆုံးတွေရှိတဲ့ သံသယလူနာနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံးကဆင်းခွင့်ပြု

ပထမဆုံးတွေရှိတဲ့ သံသယလူနာနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံးကဆင်းခွင့်ပြု

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ -၂၀၂၀
သိဂီ ၤ(VOM)

ကိုရိုရာဗိုင်းရပ်စ် သံသယလူနာအဖြစ်စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ကြေငြာမှုအရသိရပါတယ်။

စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားရှိတဲ့ တရုတ်နိုင်ငံသား အမျိုးသားဆီကနေ နှာခေါင်း၊ တို့ဖတ်နမူနာ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်းတာကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့အပြင် လူနာက ကျန်းမာရေးလည်းကောင်းမွန်တဲ့အတွက် ဆေးရုံ သီးခြားခန်းမှာ ဆက်လက်ကုသဖို့ မလိုအပ်တော့တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်းရာ ” ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ခုကအစည်းဝေးလုပ်နေလို့ပါ”လို့ ပြောဆိုပါတယ်။

တရုတ်နိုင်ငံသားနဲ့အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသားခရီးသည် ၂ ဦးလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ဖို့ မလိုအပ်တော့တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းရဲ့ စစ်ဆေးအတည်ပြုချက်အရ တရုတ်နိုင်ငံသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ကိုရိုနာဗိုင်းရပ်စ် #သံသယလူနာ #ဆေးရုံဆင်းခွင့်ပြု

Zawgyi

ပထမဆုံးေတြ႐ွိတဲ့ သံသယလူနာနဲ႔ ျမန္မာနိုင္ငံသား ၂ ဦးကို ေဆး႐ုံးကဆင္းခြင့္ျပဳ

ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၃ -၂၀၂၀
သိဂီ ၤ(VOM)

ကုိရုိရာဗုိင္းရပ္စ္ သံသယလူနာအျဖစ္စတင္ေတြ႔႐ွိခဲ့တဲ့ တရုတ္ႏုိင္ငံသားကို ေ၀ဘာဂီေဆးရုံကေန ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္တယ္လုိ႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ေၾကျငာမႈအရသိရပါတယ္။

ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ထားရွိတဲ့ တ႐ုတ္နိုင္ငံသား အမ်ိဳးသားဆီကေန ႏွာေခါင္း၊ တို႔ဖတ္နမူနာ ရယူၿပီး ရည္ညႊန္းဓာတ္ခြဲခန္းကုိ ေပးပို႔စစ္ေဆးခဲ့ရာ 2019 Novel Coronavirus ဗိုင္းရပ္(စ္) ေရာဂါပိုး မရွိေၾကာင္းတာကို စစ္ေဆးေတြ႕ရွိခဲ့ရတဲ့အျပင္ လူနာက က်န္းမာေရးလည္းေကာင္းမြန္တဲ့အတြက္ ေဆး႐ုံ သီးျခားခန္းမွာ ဆက္လက္ကုသဖို႔ မလိုအပ္ေတာ့တဲ့အတြက္ ေဆး႐ုံကေန ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးကို ဆက္သြယ္ေမးျမန္းရာ ” ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့အတိုင္းပါပဲ။ ခုကအစည္းေဝးလုပ္ေနလို႔ပါ”လို႔ ေျပာဆိုပါတယ္။

တ႐ုတ္ႏိုင္ငံသားနဲ႔အတူ ေလယာဥ္တစ္စီးတည္း အတူလိုက္ပါလာတဲ့ ျမန္မာနိုင္ငံသား အမ်ိဳးသားခရီးသည္ ၂ ဦးလည္း က်န္းမာေရးအေျခအေနေကာင္းမြန္ေနၿပီး ေရာဂါကူးစက္မွု ရွိ၊ မရွိ ေစာင့္ၾကပ္ၾကည့္ရွုမွု (quarantine) ဆက္လက္ေစာင့္ၾကည့္ဖို႔ မလိုအပ္ေတာ့တဲ့အတြက္ ေဆး႐ုံကေန ဆင္းခြင့္ျပဳလိုက္ၿပီလို႔ သိရပါတယ္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရိွ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲခန္းရဲ႕ စစ္ေဆးအတည္ျပဳခ်က္အရ တရုတ္ႏိုင္ငံသားမွာ ကိုရိုနာဗိုင္းရပ္စ္ပိုးမရိွဘူးလို႔ က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာနကေန သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ကိုရိုနာဗိုင္းရပ္စ္ #သံသယလူနာ #ေဆးရံုဆင္းခြင့္ျပဳ

Related posts

Leave a Comment

VOM News

FREE
VIEW