ဟောင်ကောင်-တရုတ် နယ်စပ်ပိတ်ပစ်ဖို့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေ ဆန္ဒပြ

ဟောင်ကောင်-တရုတ် နယ်စပ်ပိတ်ပစ်ဖို့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေ ဆန္ဒပြ

ဟောင်ကောင်၊ ဖေဖော်ဝါရီ-၃-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် တရုတ်ပြည်မကြီးနဲ့ ထိစပ်နေတဲ့ နယ်စပ်ပိုပိတ်ပစ်ဖို့ ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းတွေက ဆန္ဒပြတောင်းဆိုနေကြပါတယ်။

လက်ရှိမှာတော့ ဟောင်ကောင်-တရုတ် နယ်စပ်ဖြတ်ကျော်ရထားလမ်းနဲ့ ကူးတို့ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားပါတယ်။

ဒါပေမယ့်လည်း နယ်စပ်ကိုလုံးဝပိတ်ပေးဖို့အတွက် ဟောင်ကောင်ကျန်းမာရေး ဝန်ထမ်းများက တောင်းဆိုနေကြတာဖြစ်ပါတယ်။

နယ်စပ်ကို လုံးဝပိတ်ပစ်လိုက်တာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေကပြောပါတယ်။

လက်ရှိအချိန်ထိ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၅ ဦးထိရှိနေပါတယ်။

နယ်စပ် ဝင်ထွက်ပေါက်တွေကို ပိတ်မပစ်ဘူးဆိုရင် ကျန်းမာရေးဝန်ထမ်းအင်အား၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ လူနာတွေအတွက် သီးသန့်ခန်းတွေ လုံလောက်မှာမဟုတ်ဘူးလို့ ဆေးရုံဝန်ထမ်းများ မဟာမိတ်အဖွဲ့ ဥက္ကဌ ဝင်နီယူက ပြောပါတယ်။

တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် နောက်နေ့မှာလည်း ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မှုကြီးမှာ သေဆုံးသူ ၃၆၁ ဦးရှိနေပြီး ကူးစက်ခံရသူ ၁၇၀၀၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

Ref : BBC Photo: AFP
#VOM 3voiceofmyanmar #ဟောင်ကောင် #နယ်စပ်ပိတ်ဖို့ #ကျန်းမာရေးဝန်ထမ်းတွေဆန္ဒပြ

Zawgyi

ေဟာင္ေကာင္-တရုတ္ နယ္စပ္ပိတ္ပစ္ဖို႔ ေဟာင္ေကာင္က်န္းမာေရး၀န္ထမ္းေတြ ဆႏၵျပ

ေဟာင္ေကာင္၊ ေဖေဖာ္၀ါရီ-၃-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နို္င္ငံမွာျဖစ္ပြားေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရးအတြက္ တရုတ္ျပည္မၾကီးနဲ႔ ထိစပ္ေနတဲ႔ နယ္စပ္ပိုပိတ္ပစ္ဖို႔ ေဟာင္ေကာင္က်န္းမာေရး၀န္ထမ္းေတြက ဆႏၵျပေတာင္းဆိုေနၾကပါတယ္။

လက္ရိွမွာေတာ႔ ေဟာင္ေကာင္-တရုတ္ နယ္စပ္ျဖတ္ေက်ာ္ရထားလမ္းနဲ႔ ကူးတုိ႔၀န္ေဆာင္မႈေတြကို ဆုိင္းငံ႔ထားပါတယ္။

ဒါေပမယ္႔လည္း နယ္စပ္ကိုလံုး၀ပိတ္ေပးဖို႔အတြက္ ေဟာင္ေကာင္က်န္းမာေရး ၀န္ထမ္းမ်ားက ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

နယ္စပ္ကို လံုး၀ပိတ္ပစ္လိုက္တာဟာ ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕ အၾကံျပဳခ်က္ေတြနဲ႔ ဆန္႔က်င္ေနတယ္လို႔ ေဟာင္ေကာင္အာဏာပို္င္ေတြကေျပာပါတယ္။

လက္ရိွအခ်ိန္ထိ ေဟာင္ေကာင္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၁၅ ဦးထိရိွေနပါတယ္။

နယ္စပ္ ၀င္ထြက္ေပါက္ေတြကို ပိတ္မပစ္ဘူးဆိုရင္ က်န္းမာေရး၀န္ထမ္းအင္အား၊ ကာကြယ္ေရးပစၥည္းေတြနဲ႔ လူနာေတြအတြက္ သီးသန္႔ခန္းေတြ လံုေလာက္မွာမဟုတ္ဘူးလို႔ ေဆးရံု၀န္ထမ္းမ်ား မဟာမိတ္အဖြဲ႔ ဥကၠဌ ၀င္နီယူက ေျပာပါတယ္။

ေတာင္းဆိုခ်က္ေတြကို မလိုက္ေလ်ာဘူးဆိုရင္ ေနာက္ေန႔မွာလည္း ဆႏၵျပမႈေတြ ဆက္လုပ္သြားမယ္လို႔ သိရပါတယ္။

ေဟာင္ေကာင္ဟာ တရုတ္နုိ္င္ငံရဲ႕ အစိတ္အပိုင္းတစ္ရပ္ျဖစ္ျပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင႔္ရရိွထားတာ ျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ တရုတ္ျပည္မႈၾကီးမွာ ေသဆံုးသူ ၃၆၁ ဦးရိွေနျပီး ကူးစက္ခံရသူ ၁၇၀၀၀ ဦးအထိ ရိွေနျပီျဖစ္ပါတယ္။

Ref : BBC Photo: AFP
#VOM 3voiceofmyanmar #ေဟာင္ေကာင္ #နယ္စပ္ပိတ္ဖို႔ #က်န္းမာေရးဝန္ထမ္းေတြဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW