အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-SEAO ညှိနှိုင်းရေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးမှာ ရလဒ်ကောင်းထွက်ပေါ်ခဲ့

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ NCA-SEAO ညှိနှိုင်းရေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးမှာ ရလဒ်ကောင်းထွက်ပေါ်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ -၂၀၂၀
အောင်ထူးနိုင်(VOM)

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၂) ရက်နဲ့ (၃) ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကျင်းပခဲ့ပြီး ရလဒ်ကောင်းထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဉီးဆောင်ပြီး အစိုးရ ကိုယ်စားလှယ် ( ၉ ) ဦး တက်ရောက်ခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ EAO ကိုယ်စားလှယ်အဖွဲ့ JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းဦးဆောင်ပြီး EAO ကိုယ်စားလှယ် ( ၁၄ ) ဦး တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးကနေ JICM ဆုံးဖြတ်ချက် ( ၈ ) ချက်ထဲက
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁ ) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ခုနှစ် ပထမ ( ၄ ) အတွင်းကျင်းပဖို့၊ လာမယ့်နှစ်ပတ်အတွင်း – UPDJC ( Union Peace Dialogue Joint Committee ) ( ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ) နဲ့ JMC ( ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee ) အစည်းအဝေးတွေ ကျင်းပဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #အစိုးရကိုယ်စားလှယ်အဖွဲ့ #NCA-SEAOညှိနှိုင်းရေးအဖွဲ့ #ညှိနှိုင်းအစည်းအဝေး #ရလဒ်ကောင်းထွက်

Zawgyi

အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ NCA-SEAO ညႇိႏႈိင္းေရးအဖြဲ႕တို႔ ညႇိႏႈိင္းအစည္းအေဝးမွာ ရလဒ္ေကာင္းထြက္ေပၚခဲ့

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃ -၂၀၂၀
ေအာင္ထူးႏိုင္(VOM)

အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ (NCA-S EAO) ရဲ႕ ညႇိႏႈိင္းအစည္းအေဝးကို ေဖေဖာ္ဝါရီလ (၂) ရက္နဲ႔ (၃) ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) မွာ က်င္းပခဲ့ၿပီး ရလဒ္ေကာင္းထြက္ေပၚခဲ့တယ္လို႔ သိရပါတယ္။

အစိုးရကိုယ္စားလွယ္အဖြဲ႕ကို အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ဒုဥကၠ႒ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက ဉီးေဆာင္ၿပီး အစိုးရ ကိုယ္စားလွယ္ ( ၉ ) ဦး တက္ေရာက္ခဲ့ပါတယ္။

NCA လက္မွတ္ေရးထိုးထားတဲ့ EAO ကိုယ္စားလွယ္အဖြဲ႕ JICM ဆိုင္ရာ ညႇိႏႈိင္းေရးအဖြဲ႕ေခါင္းေဆာင္ RCSS အတြင္းေရးမႉး ၂ ဗိုလ္မႉးႀကီး စိုင္းငင္းဦးေဆာင္ၿပီး EAO ကိုယ္စားလွယ္ ( ၁၄ ) ဦး တက္ေရာက္ခဲ့ပါတယ္။

ဒီအစည္းအေဝးကေန JICM ဆုံးျဖတ္ခ်က္ ( ၈ ) ခ်က္ထဲက
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ – (၂၁ ) ရာစုပင္လုံ စတုတၳအစည္းအေဝးကို ၂၀၂၀ ခုႏွစ္ ပထမ ( ၄ ) အတြင္းက်င္းပဖို႔၊ လာမယ့္ႏွစ္ပတ္အတြင္း – UPDJC ( Union Peace Dialogue Joint Committee ) ( ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ ) နဲ႔ JMC ( ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (Joint Ceasefire Monitoring Committee ) အစည္းအေဝးေတြ က်င္းပဖို႔ သေဘာတူခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #အစိုးရကိုယ္စားလွယ္အဖြဲ႔ #NCA-SEAOညႇိႏႈိင္းေရးအဖြဲ႕ #ညႇိႏႈိင္းအစည္းအေဝး #ရလဒ္ေကာင္းထြက္

Related posts

Leave a Comment

VOM News

FREE
VIEW