ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုမှာ အင်တာနက်လိုင်း ထပ်မံဖြတ်တောက်

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုမှာ အင်တာနက်လိုင်း ထပ်မံဖြတ်တောက်

ရသေ့တောင်၊ ဖေဖော်ဝါရီ ၄- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းက မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်၊ ဘူသီးတောင်၊ မောင်တော၊ မြေပုံ စတဲ့မြို့နယ်တွေမှာ မနေ့က ဖေဖော်ဝါရီလ ၃ ရက် ညပိုင်း ၉ နာရီကျော်လောက်က စတင်ပြီး အင်တာနက်လိုင်းတွေကို ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Mytel၊ Telenor၊ Ooredoo၊ MPT စတဲ့ဆက်သွယ်ရေးကုမ္မဏီတွေရဲ့ အင်တာနက်လိုင်းတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ပိတ်ထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့မှာ မနေ့ ဖေဖော်ဝါရီ ၃ရက်နေ့ ညပိုင်းက Telenorနဲ့ Ooredoo အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာဖြစ်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရ ယာယီဖြတ်တောက်တာဖြစ်ကြောင်းကို မက်ဆေ့ချ် ပို့ခဲ့တယ်လို့ ရသေ့တောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” အင်တာနက်လိုင်းဖြတ်တောက်ခံရတာ ဟုတ်ပါတယ်။ မနေ့က ညပိုင်း ၉ နာရီကျော်လောက်မှာ စပြီးအဖြတ်ခံရတာ။ အခုလည်း မရသေးဘူး။ မနက်မိုးလင်းကတည်းက မရတော့ဘူး။” လို့ ရသေ့တောင်မြို့ရှိ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

အခုလိုအင်တာနက်လိုင်း ဖြတ်တောက်လိုက်ပေမယ့် ပြန်ဖွင့်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေက ဒေသခံတွေဆီမှာ ရှိနေပါတယ်။
အလားတူ ဘူးသီးတောင်မြို့နယ်မှာလည်း တစ်ပြိုင်တည်းဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

” ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမှာ မနေ့ကညပိုင်း ၉ နာရီကျော်ကတည်းက ဖြတ်တောက်လိုက်ပြီ။ MPT၊ Telenor၊ Mytel၊ Ooredoo ဘာမှမကျန် အကုန်လုံးဖြတ်တယ်။” လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဇွန်လ ၂၁ ရက်နေ့ကစပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုခွင့် ဖြတ်တောက်ရာမှာ စက်တင်တင်ဘာလ ၁ ရက်နေ့က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ စတဲ့မြို့နယ်တွေကိုတော့ ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ စတဲ့မြို့နယ်တွေမှာ အင်တာနက်လိုင်း ပြန်လည်ဖြတ်တောက်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး မနေ့ညက အင်တာနက်လိုင်းဖြတ်တောက်တာမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်လည်းပါဝင်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #မြို့နယ်လေးခု #အင်တာနက်လိုင်းဖြတ်တောက်

Zawgyi

ရခိုင္ျပည္နယ္ရိွ ၿမိဳ႕နယ္ ၄ ခုမွာ အင္တာနက္လိုင္း ထပ္မံျဖတ္ေတာက္

ရေသ့ေတာင္၊ ေဖေဖာ္ဝါရီ ၄- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္အတြင္းက ေျမာက္ပိုင္းၿမိဳ႕နယ္ေတြျဖစ္တဲ့ ရေသ့ေတာင္၊ ဘူသီးေတာင္၊ ေမာင္ေတာ၊ ေျမပံု စတဲ့ၿမိဳ႕နယ္ေတြမွာ မေန႔က ေဖေဖာ္ဝါရီလ ၃ ရက္ ညပိုင္း ၉ နာရီေက်ာ္ေလာက္က စတင္ၿပီး အင္တာနက္လိုင္းေတြကို ပိတ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

Mytel၊ Telenor၊ Ooredoo၊ MPT စတဲ့ဆက္သြယ္ေရးကုမၼဏီေတြရဲ႕ အင္တာနက္လိုင္းေတြကို ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အရ ပိတ္ထားလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ရေသ့ေတာင္ၿမိဳ႕မွာ မေန႔ ေဖေဖာ္ဝါရီ ၃ရက္ေန႔ ညပိုင္းက Telenorနဲ႔ Ooredoo အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံရတာျဖစ္ၿပီး ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ၫႊန္ၾကားခ်က္အရ ယာယီျဖတ္ေတာက္တာျဖစ္ေၾကာင္းကို မက္ေဆ့ခ်္ ပို႔ခဲ့တယ္လို႔ ရေသ့ေတာင္ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

” အင္တာနက္လိုင္းျဖတ္ေတာက္ခံရတာ ဟုတ္ပါတယ္။ မေန႔က ညပိုင္း ၉ နာရီေက်ာ္ေလာက္မွာ စၿပီးအျဖတ္ခံရတာ။ အခုလည္း မရေသးဘူး။ မနက္မိုးလင္းကတည္းက မရေတာ့ဘူး။” လို႔ ရေသ့ေတာင္ၿမိဳ႕ရိွ ေက်ာင္းဆရာမတစ္ဦးကေျပာပါတယ္။

အခုလိုအင္တာနက္လိုင္း ျဖတ္ေတာက္လိုက္ေပမယ့္ ျပန္ဖြင့္ေပးလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြဟာလည္း အင္တာနက္လိုင္းျဖတ္ေတာက္ခံထားရတဲ့ ၿမိဳ႕နယ္ေတြက ေဒသခံေတြဆီမွာ ႐ွိေနပါတယ္။
အလားတူ ဘူးသီးေတာင္ၿမိဳ႕နယ္မွာလည္း တစ္ၿပိဳင္တည္းျဖတ္ေတာက္ခံရတယ္လို႔ သိရပါတယ္။

” ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ေျမပံုမွာ မေန႔ကညပိုင္း ၉ နာရီေက်ာ္ကတည္းက ျဖတ္ေတာက္လိုက္ၿပီ။ MPT၊ Telenor၊ Mytel၊ Ooredoo ဘာမွမက်န္ အကုန္လံုးျဖတ္တယ္။” လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲျပင္းထန္ခဲ့တဲ့ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေမာင္ေတာ၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ ဇြန္လ ၂၁ ရက္ေန႔ကစၿပီး ဆက္သြယ္ေရးဝန္ႀကီးဌာနက အင္တာနက္လိုင္း အသုံးျပဳခြင့္ ျဖတ္ေတာက္ရာမွာ စက္တင္တင္ဘာလ ၁ ရက္ေန႔က ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမပံု စတဲ့ၿမိဳ႕နယ္ေတြကိုေတာ့ ျပန္လည္ဖြင့္ေပးခဲ့တယ္လုိ႔ သိရပါတယ္။

အခုလို ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမပံု စတဲ့ျမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္း ျပန္လည္ျဖတ္ေတာက္တာဟာ ဒုတိယအႀကိမ္ျဖစ္ၿပီး မေန႔ညက အင္တာနက္လိုင္းျဖတ္ေတာက္တာမွာ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္လည္းပါဝင္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #ၿမိဳ႕နယ္ေလးခု #အင္တာနက္လုိင္းျဖတ္ေတာက္

Related posts

Leave a Comment

VOM News

FREE
VIEW