ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အမေရိကန်ကျွမ်းကျင်သူတွေကူညီမှု တရုတ်လက်ခံ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အမေရိကန်ကျွမ်းကျင်သူတွေကူညီမှု တရုတ်လက်ခံ

ပေကျင်း၊ ဖေဖော်ဝါရီ-၄-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်နဲ့ ကူးစက်ခံရသူဦးရေ ဆက်လက်တိုးမြင့်လာချိန်မှာ ရောဂါကူးစက်မှုကို တားဆီးရေးကူညီဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ကျန်းမာရေးကျွမ်းကျင်သူတွ လာရောက်ဖို့ကို တရုတ်နိုင်ငံက လက်ခံလိုက်ပါတယ်။

အဲ့ဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်ကနေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကူးစက်ခံရမှုအသစ် ၂၃၄၅ ဦးနဲ့ နောက်ထပ် ၆၄ ဦးသေဆုံးခဲ့ကာ ဖေဖော်ဝါရီ ၃ ရက်အထိ သေဆုံးသူ ၄၁၄ ဦးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လေ့လာဖို့နဲ့ ကူညီဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ရဲ့ကမ်းလှမ်းမှုကို တရုတ်နိုင်ငံက လက်ခံခဲ့ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဝူဟန်ရှိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကိုကုသဖို့ ရှစ်ရက်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ ကုတင် ၁၀၀၀ ဆေးရုံမှာ လူနာတွေကို ဖေဖော်ဝါရီ ၃ ရက်ကစတင်လက်ခံကုသပေးနေပြီး ကုတင် ၁၆၀၀ ဒုတိယဆေးရုံတစ်ခုကိုလည်း ယခုသီတင်းပတ်နှောင်းပိုင်းမှာ လူနာများကိုစတင်ကုသမှု ပေးတော့မှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ရောဂါကြောင့် လူတစ်ဦးသေဆုံးခဲ့ကာ ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးသေဆုံးမှုဖြစ်တဲ့အပြင် ဟောင်ကောင်မှာလည်း လူတစ်ဦး သေဆုံးသွားပြီဖြစ်ပါတယ်။

Ref : Reuters Photo: AP
#VOM #voiceofmyanmar #ပေကျင်း #အမေရိကန် #ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး #တရုတ်လက်ခံ

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရး အေမရိကန္ကြ်မ္းက်င္သူေတြကူညီမႈ တရုတ္လက္ခံ

ေပက်င္း၊ ေဖေဖာ္၀ါရီ-၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ ေသဆံုးသူအေရအတြက္န႔ဲ ကူးစက္ခံရသူဦးေရ ဆက္လက္တိုးျမင္႔လာခ်ိန္မွာ ေရာဂါကူးစက္မႈကို တားဆီးေရးကူညီဖို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕အားထုတ္မႈ တစ္စိတ္တစ္ပိုင္းအျဖစ္ အေမရိကန္က်န္းမာေရးကြ်မ္းက်င္သူတြ လာေရာက္ဖို႔ကို တရုတ္နုိင္ငံက လက္ခံလိုက္ပါတယ္။

အဲ့ဒီဗိုင္းရပ္စ္ဟာ တရုတ္နုိင္ငံအလယ္ပိုင္း ဟူေဘးျပည္နယ္ကေန စတင္ျဖစ္ပြားခဲ႔ျခင္းျဖစ္ျပီး ကူးစက္ခံရမႈအသစ္ ၂၃၄၅ ဦးနဲ႔ ေနာက္ထပ္ ၆၄ ဦးေသဆံုးခဲ႔ကာ ေဖေဖာ္၀ါရီ ၃ ရက္အထိ ေသဆံုးသူ ၄၁၄ ဦးထိရိွလာျပီျဖစ္တယ္လုိ႔ သိရပါတယ္။

ဟူေဘးျပည္နယ္ ၀ူဟန္ျမိဳ႕ကေနစတင္ျဖစ္ပြားခဲ႔တဲ႔ ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ျပီး ေလ႔လာဖို႔နဲ႔ ကူညီဖို႔အတြက္ ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕ အစီအစဥ္တစ္စိတ္တစ္ပိုင္းအျဖစ္ အေမရိကန္ရဲ႕ကမ္းလွမ္းမႈကို တရုတ္နုိင္ငံက လက္ခံခဲ႔ေၾကာင္း အိမ္ျဖဴေတာ္က ေဖေဖာ္၀ါရီ ၃ ရက္မွာ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

၀ူဟန္ရိွ ဗိုင္းရပ္စ္ကူးစက္ခံထားရသူေတြကိုကုသဖို႔ ရွစ္ရက္အတြင္း အျပီးတည္ေဆာက္ခဲ႔တဲ႔ ကုတင္ ၁၀၀၀ ေဆးရံုမွာ လူနာေတြကို ေဖေဖာ္၀ါရီ ၃ ရက္ကစတင္လက္ခံကုသေပးေနျပီး ကုတင္ ၁၆၀၀ ဒုတိယေဆးရံုတစ္ခုကိုလည္း ယခုသီတင္းပတ္ေနွာင္းပိုင္းမွာ လူနာမ်ားကိုစတင္ကုသမႈ ေပးေတာ႔မွာျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ျပီး ကမၻာ႔လံုးဆိုင္ရာ အေရးေပၚအေျခအေနတစ္ရပ္အျဖစ္ ကမၻာ႔က်န္းမာေရးအဖြဲ႔က လြန္ခဲ႔တဲ႔ သီတင္းပတ္အတြင္းေၾကညာခဲ႔တာလည္း ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ဟာ နိုင္ငံေပါင္း ၂၃ နိုင္ငံမွာ ကူးစက္ပ်ံ႕နွံ႕ေနတာျဖစ္ၿပီး ဖိလစ္ပိုင္နိုင္ငံမွာ ေရာဂါေၾကာင္႔ လူတစ္ဦးေသဆံုးခဲ႔ကာ ဒါဟာ တရုတ္နုိင္ငံျပင္ပမွာ ပထမဆံုးေသဆံုးမႈျဖစ္တဲ့အျပင္ ေဟာင္ေကာင္မွာလည္း လူတစ္ဦး ေသဆံုးသြားျပီျဖစ္ပါတယ္။

Ref : Reuters Photo: AP
#VOM #voiceofmyanmar #ေပက်င္း #အေမရိကန္ #ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရး #တရုတ္လက္ခံ

Related posts

Leave a Comment

VOM News

FREE
VIEW