တိုင်းရင်းသားလက်နက်ကိုင်ဘက်က အားလုံးပါဝင်ရေးမူကို အဆိုပြုဆွေးနွေးပေမယ့် အစိုးရဘက်က ပါဝင်သင့်ပါဝင်ထိုက်သူကိုသာ လက်ခံဆွေးနွေး

တိုင်းရင်းသားလက်နက်ကိုင်ဘက်က အားလုံးပါဝင်ရေးမူကို အဆိုပြုဆွေးနွေးပေမယ့် အစိုးရဘက်က ပါဝင်သင့်ပါဝင်ထိုက်သူကိုသာ လက်ခံဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မူဘောင်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်လာရေးမူကို ချပြဆွေးနွေးခဲ့ပေမယ့် အစိုးရဘက်က ပါဝင်သင့်ပါဝင်ထိုက်သူအဖြစ်သာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မူဘောင်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့မှာ နှစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာ အစိုးရကိုယ်စားလှယ်ဘက်က နိုင်ငံတော်သမ္မရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးနဲ့ မူဘောင်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့ဘက်မှ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးတို့က မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်ဘက်က အားလုံးပါဝင်ရေးမူကို ဆွေးနွေးလာတဲ့အပေါ် အစိုးရရဲ့ သဘောထား ဘယ်လိုရှိပါသလဲလို့ VOM ရဲ့ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ ပါဝင်ရေးပါ၊ အားလုံးပါဝင်ရေးဆိုတဲ့ စကားလုံးအသုံးအနှုန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ လက်မှတ်ထိုးမယ့်အဖွဲ့တွေကို ဖိတ်တယ်။ ညီလာခံတိုင်းမှာလည်း ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ အဲဒီတော့ သူတို့ပါဝင်လာခြင်း၊မလာခြင်းကတော့ ညီလာခံသုံးကြိမ်လုံး ကျွန်တော်တို့ ဖိတ်ခဲ့တာပဲ။ ပထမဆုံးအကြိမ်မှာဆိုရင် ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ UNFC က စာတမ်းတွေ ဖတ်ကြားခဲ့တာ ရှိတယ်။ နောက် မိန့်ခွန်းပြောတာတွေ ရှိတယ်။ အဲဒါကြောင့် အစိုးရဘက်ကတော့ သူတို့ပါဝင်လာအောင်လို့ နည်းလမ်းတွေရှာပြီး လမ်းဖွင့်ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် စကားလုံးကတော့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးရေးပါပဲ”လို့ ဦးဇော်ဌေးကပြောပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မူဘောင်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး အကြိုပြင်ဆင်ရေးအစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီးစိုင်းငင်းက နိဂုံးချုပ်အမှာစကားပြောကြားရာမှာ အားလုံးပါဝင်ရေးကိစ္စကို အလေးပေးဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က အားလုံးပါဝင်ရေးလို့ သုံးနှုန်းခဲ့တာဖြစ်ပြီး အစိုးရဘက်ကတော့ ပါဝင်သင့်ပါဝင်ထိုက်သူပါဝင်ရေးဆိုပြီး ပြန်လည်သုံးနှုန်းသွားခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ငြိမ်းချမ်းရေး #အားလုံးပါဝင်ရေး #ပါဝင်သင့်ပါဝင်ထိုက်သူပါဝင်ရေး

Zawgyi

တိုင္းရင္းသားလက္နက္ကိုင္ဘက္က အားလုံးပါဝင္ေရးမူကို အဆိုျပဳေဆြးေႏြးေပမယ့္ အစိုးရဘက္က ပါဝင္သင့္ပါဝင္ထိုက္သူကိုသာ လက္ခံေဆြးေႏြး

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၄ ရက္၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ မူေဘာင္ေဖာ္ေဆာင္မႈဆိုင္ရာညႇိႏႈိင္းေရးအဖြဲ႕က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း အားလုံးပါဝင္လာေရးမူကို ခ်ျပေဆြးေႏြးခဲ့ေပမယ့္ အစိုးရဘက္က ပါဝင္သင့္ပါဝင္ထိုက္သူအျဖစ္သာ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ မူေဘာင္ေဖာ္ေဆာင္မႈဆိုင္ရာညႇိႏႈိင္းေရးအဖြဲ႕နဲ႔ အစိုးရကိုယ္စားလွယ္အဖြဲ႕တို႔ ရန္ကုန္ၿမိဳ႕မွာ ႏွစ္ရက္တာေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲအၿပီးမွာ အစိုးရကိုယ္စားလွယ္ဘက္က ႏိုင္ငံေတာ္သမၼ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးနဲ႔ မူေဘာင္ေဖာ္ေဆာင္မႈဆိုင္ရာညႇိႏႈိင္းေရးအဖြဲ႕ဘက္မွ မြန္ျပည္သစ္ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ႏိုင္ေအာင္မေငးတို႔က မီဒီယာေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ေတြ႕ဆုံပြဲမွာ တိုင္းရင္းသားလက္နက္ကိုင္ဘက္က အားလုံးပါဝင္ေရးမူကို ေဆြးေႏြးလာတဲ့အေပၚ အစိုးရရဲ႕ သေဘာထား ဘယ္လိုရွိပါသလဲလို႔ VOM ရဲ႕ ေမးျမန္းမႈအေပၚ ဦးေဇာ္ေဌးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ပါဝင္သင့္ပါဝင္ထိုက္တဲ့သူ ပါဝင္ေရးပါ၊ အားလုံးပါဝင္ေရးဆိုတဲ့ စကားလုံးအသုံးအႏႈန္းမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ လက္မွတ္ထိုးမယ့္အဖြဲ႕ေတြကို ဖိတ္တယ္။ ညီလာခံတိုင္းမွာလည္း ကြၽန္ေတာ္တို႔ ဖိတ္ေခၚတယ္။ အဲဒီေတာ့ သူတို႔ပါဝင္လာျခင္း၊မလာျခင္းကေတာ့ ညီလာခံသုံးႀကိမ္လုံး ကြၽန္ေတာ္တို႔ ဖိတ္ခဲ့တာပဲ။ ပထမဆုံးအႀကိမ္မွာဆိုရင္ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လတို႔ UNFC က စာတမ္းေတြ ဖတ္ၾကားခဲ့တာ ရွိတယ္။ ေနာက္ မိန႔္ခြန္းေျပာတာေတြ ရွိတယ္။ အဲဒါေၾကာင့္ အစိုးရဘက္ကေတာ့ သူတို႔ပါဝင္လာေအာင္လို႔ နည္းလမ္းေတြရွာၿပီး လမ္းဖြင့္ေဆာင္႐ြက္ေနတာျဖစ္တယ္။ ဒါေၾကာင့္ စကားလုံးကေတာ့ ပါဝင္သင့္ ပါဝင္ထိုက္သူအားလုံးေရးပါပဲ”လို႔ ဦးေဇာ္ေဌးကေျပာပါတယ္။

အစိုးရကိုယ္စားလွယ္အဖြဲ႕နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ မူေဘာင္ေဖာ္ေဆာင္မႈဆိုင္ရာညႇိႏႈိင္းေရးအဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ေရး အႀကိဳျပင္ဆင္ေရးအစည္းအေဝးမွာ အဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္မႉးႀကီးစိုင္းငင္းက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာမွာ အားလုံးပါဝင္ေရးကိစၥကို အေလးေပးေဆြးေႏြးဖို႔ သေဘာတူခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြဘက္က အားလုံးပါဝင္ေရးလို႔ သုံးႏႈန္းခဲ့တာျဖစ္ၿပီး အစိုးရဘက္ကေတာ့ ပါဝင္သင့္ပါဝင္ထိုက္သူပါဝင္ေရးဆိုၿပီး ျပန္လည္သုံးႏႈန္းသြားခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ၿငိမ္းခ်မ္းေရး #အားလုံးပါဝင္ေရး #ပါဝင္သင့္ပါဝင္ထိုက္သူပါဝင္ေရး

Related posts

Leave a Comment

VOM News

FREE
VIEW