မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်တဲ့ ရှင်းလင်းမှုပြုလုပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်တဲ့ ရှင်းလင်းမှုပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄-၂၀၂၀
အောင်ထူးနိုင်(VOM)

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့ပါတယ်။

“တရုတ်နိုင်ငံကဆောင်ရွက်နေတဲ့ ကာကွယ်ထိန်းချုပ်ရေးအစီအမံတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ အကြံပြုတဲ့ အစီအမံတွေထက်
များစွာကျော်လွန်နေပါတယ်။ လက်ရှိမှာ စောစောတွေ့၊ စောစောသတင်းပို့၊ စောစောအတည်ပြု၊ စောစောစောင့်ကြပ်ကြည့်ရှု၊ စောစောကုသဆိုတဲ့ ကုသရေးဗျူဟာအောက်မှာ ရောဂါကုသမှု
တွေဟာ အပြုသဘောဆောင်တဲ့ ရလဒ်‌တွေရရှိနေပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms.Li Xiaoyan (ခ) ဒေါ်နွဲ့ကလျာက ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံရောက် မြန်မာတိုင်းရင်းသား‌တွေအပါအဝင် တရုတ်နိုင်ငံရောက် နိုင်ငံခြားသားတို့ရဲ့ အသက်လုံခြုံမှုနဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို အလေးထားပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ကောလဟာလဖြန့်ဝေရမယ့်အချိန်မဟုတ်ဘဲ ရှုတ်ချရမယ့်အချိန်ဖြစ်တယ်လို့ Ms.Li Xiaoyan က ပြောပါတယ်။

မနေ့ကအချိန်ထိ ဟူပေပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့ပြီး ကုသပျောက်ကင်းသွားသူ နဲ့ ဆေးရုံဆင်းသွားတဲ့လူနာပေါင်း ၃၉၆ ဦးရှိကာ အခြားပြည်နယ်တွေမှာ
လည်း ကုသပျောက်ကင်းသွားလို့ ဆေးရုံကနေဆင်းရတဲ့ လူနာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညအချိန်ထိ တရုတ်နိုင်ငံမှာ စုစုပေါင်းအတည်ပြုကူးစက်ခံရသူလူနာ ၂၀၄၃၈ ဦး၊ ပြင်းထန်းစွာ ရောဂါခံစားနေရသူ ၂၇၈၈ ဦး၊ သေဆုံးသူ ၄၂၅ ဦး၊ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရသူ ၆၃၂ ဦး၊ စုစုပေါင်း သံသယရှိသူ ၂၃၂၁၅ ဦးရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #တရုတ်သံရုံး #သတင်းစာရှင်းလင်းမှု

Zawgyi

ျမန္မာႏိုင္ငံဆုိင္ရာ တရုတ္သံရံုးမွာ ကိုရိုနာဗုိင္းရပ္စ္နဲ႔ပက္သက္တဲ့ ရွင္းလင္းမွဳျပဳလုပ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၄-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားေနဆဲျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါနဲ႔ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွာ ဒီေန႔မနက္ပိုင္းက သတင္းစာရွင္းလင္းမွဳျပဳလုပ္ခဲ့ပါတယ္။

“တ႐ုတ္ႏိုင္ငံကေဆာင္႐ြက္ေနတဲ့ ကာကြယ္ထိန္းခ်ဳပ္ေရးအစီအမံေတြက ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)နဲ႔ ႏိုင္ငံတကာ က်န္းမာေရးစည္းမ်ဥ္းစည္းကမ္းေတြနဲ႔ အႀကံျပဳတဲ့ အစီအမံေတြထက္
မ်ားစြာေက်ာ္လြန္ေနပါတယ္။ လက္ရွိမွာ ေစာေစာေတြ႕၊ ေစာေစာသတင္းပို႔၊ ေစာေစာအတည္ျပဳ၊ ေစာေစာေစာင့္ၾကပ္ၾကည့္ရႈ၊ ေစာေစာကုသဆိုတဲ့ ကုသေရးဗ်ဴဟာေအာက္မွာ ေရာဂါကုသမႈ
ေတြဟာ အျပဳသေဘာေဆာင္တဲ့ ရလဒ္‌ေတြရရွိေနပါတယ္”လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ Ms.Li Xiaoyan (ခ) ေဒၚႏြဲ႕ကလ်ာက ေျပာပါတယ္။

တ႐ုတ္အစိုးရအေနနဲ႔ တ႐ုတ္ႏိုင္ငံေရာက္ ျမန္မာတိုင္းရင္းသား‌ေတြအပါအဝင္ တ႐ုတ္ႏိုင္ငံေရာက္ ႏိုင္ငံျခားသားတို႔ရဲ႕ အသက္လုံၿခဳံမႈနဲ႔ ကိုယ္ခႏၶာက်န္းမာေရးကို အေလးထားၿပီး ေဆာင္႐ြက္ေနၿပီျဖစ္တဲ့အတြက္ ေကာလဟာလျဖန႔္ေဝရမယ့္အခ်ိန္မဟုတ္ဘဲ ရႈတ္ခ်ရမယ့္အခ်ိန္ျဖစ္တယ္လို႔ Ms.Li Xiaoyan က ေျပာပါတယ္။

မေန႔ကအခ်ိန္ထိ ဟူေပျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ အဆုတ္ေရာင္ေရာဂါျဖစ္ပြားခဲ့ၿပီး ကုသေပ်ာက္ကင္းသြားသူ နဲ႔ ေဆး႐ုံဆင္းသြားတဲ့လူနာေပါင္း ၃၉၆ ဦးရွိကာ အျခားျပည္နယ္ေတြမွာ
လည္း ကုသေပ်ာက္ကင္းသြားလို႔ ေဆး႐ုံကေနဆင္းရတဲ့ လူနာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

ေဖေဖာ္ဝါရီ ၃ ရက္ေန႔ ညအခ်ိန္ထိ တ႐ုတ္ႏိုင္ငံမွာ စုစုေပါင္းအတည္ျပဳကူးစက္ခံရသူလူနာ ၂၀၄၃၈ ဦး၊ ျပင္းထန္းစြာ ေရာဂါခံစားေနရသူ ၂၇၈၈ ဦး၊ ေသဆုံးသူ ၄၂၅ ဦး၊ ေရာဂါေပ်ာက္ကင္းၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၆၃၂ ဦး၊ စုစုေပါင္း သံသယရွိသူ ၂၃၂၁၅ ဦးရွိတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #တရုတ္သံရံုး #သတင္းစာရွင္းလင္းမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW