သေလာပဗ္ဗတ သံခမောက်တောင်တော်

သေလာပဗ္ဗတ သံခမောက်တောင်တော်

စစ်ကိုင်း၊ ဇန်နဝါရီ ၄-၂၀၂၀
ရှိုင်းအောင် ( VOM )

စစ်ကိုင်းတိုင်း ၊ ကသာခရိုင်၊ ကောလင်းမြို့မှ အနောက်ဘက် ၄ မိုင် ခန့်သာကွာဝေးပြီး သစ်ပင်၊ ဝါးပင် များ သိပ်သည်းထူထပ်စွာဖြင့် မြူခိုးများ ဝေသီရစ်မှိုင်းလျှက် သံခမောက်တောင်တော်ကြီးကို ရေးရေးပြပြမြင်နိုင်ပါတယ်။

ခမောက်တောင်တော်မှာ အခြေကနေစပြီး တောင်ထိပ်တိုင်အောင် အမြင့် ( ၆၀၃ )ပေရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ( ၁၂၂၁ )ပေရှိကာ ခန့်ညားထယ်ဝါမတ်စောက်စွာ ခမောက်တစ်လုံးရဲ့ ပုံသဏ္ဍာန် တည်ရှိတဲ့အတွက် မျက်မှောက်ခေတ်မှာ ခမောက်တောင်လို့ ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။

တောင်တော်အနီးနားမှာ ဂွေးချို တောင်ရွာ၊ မြောက်ရွာ၊ လွှဲမောက်ရွာ၊ ပန်းတင်ရွာ၊ သက္ကယ်ကျင်းရွာ၊ နတ်ရေတွင်းရွာ၊ ရေကန်သာရွာ နဲ့ သဖန်းကုန်ရွာ စသဖြင့် ရွာပေါင်းမြောက်များစွာ ခြံရံပြီး လုံကွဲတောင်၊ ဒုတ္တာတောင်၊ ကြေးနီတောင်၊ နတ်တောင်၊ ရွှေကူတောင်၊ မြစိမ်းတောင်တို့ထက် မြင့်မားစွာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ခမောက်တောင်တော်ပေါ်က ကြည့်မယ်ဆိုလျှင် ပတ်ဝန်းကျင်မှာ များစွာသာယာလှပပြီး တောင်ခြေတစ်လျောက် ပြန့်ဖြူးသော လယ်ကွင်းတွေရှိတဲ့အတွက် အခြားတောင်တွေနဲ့မတူဘဲ တမူထူးခြားကာ ခမောက်အုံတစ်ဖွယ် ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အရင်က တောင်တော်အနေအထားဟာ လူသူအရောက်အပေါက်မရှိတဲ့အတွက် မဟာမြိုင်ကလေးသဖွယ်ရှိရာကနေ အခုခေတ် တောင်တော်ပေါ်မှာတော့ စေတီတော်များ၊ ရုပ်ပွားတော်များ၊ သာသနာ အဆောက်အဦးများ၊ ဘုရားဝတ်ပြုသူများ၊ တရားအားထုတ်သူများ၊ အဓိဌာန် ပုတီးစိတ်သူများ၊ ဘုရားဖူးလာ ဧည့်သည်များနဲ့ စည်ကားနေပါပြီ။

တောင်ခြေအနီးက ရွာတွေမှာတော့ ရှမ်း၊ ကချင်၊ ပလောင်၊ ကဒူး၊ ကဏန်း၊ ဗမာ စတဲ့ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပါတယ်။

ဒီကနေ့ခေတ် ခမောက်တောင်လို့ လူသိများတဲ့ တောင်တော်ကို မူလက လွှဲမောက်တောင်လို့ အမည်ရှိခဲ့ပါတယ်။ လွှဲမောက်ဆိုတဲ့ အမည်က ရှမ်းစကား “လွယ်မောက်” နဲ့ ဆင်တူတယ်လို့လည်း အဆိုရှိပါတယ်။ ‘လွယ်’သည် တောင် ဖြစ်၍ ‘မောက်’သည် ပန်း ဖြစ်တာကြောင့် ပန်းစုံပေါတဲ့တောင်တော်လို့လည်း ဆိုနိုင်ပါတယ်။

ယခင်က ခမောက်တောင်မှာ အင်ကြင်း၊ ကျွန်း၊ အင်/ကညင်၊ သစ်စည်း၊ ဖက်ဆွတ်ပင်တို့ ထူထပ်စွာ ပေါက်ရောက်ပြီး ကျား၊ ကျားသစ် သားရဲတိရစ္ဆာန် အန္တရာယ်၊ မြွေဆိုး အန္တရာယ်တို့လည်း ပေါများတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ တောင်ပေါ်ကိုမဆိုထားပဲ တောင်ခြေကိုတောင် သွားလာဝံ့သူ ရှားပါးပါတယ်။

ခမောက်တောင်တော်မှာ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အချိန်က ညီတော် အာနန္ဒာနဲ့တကွ နောက်ပါရဟန်းငါးရာ ခြံရံကာ ဒေသစာရီကြွချီတော်မူစဉ် အဲ့ဒီတောင်တော်ပေါ်ကို ရောက်ရှိခဲ့ပါတယ်။

ထိုသို့ရောက်ရှိစဉ် တန်ခိုးကြီးကျယ်သော ဇရာပထ နဂါးကြီး လေးကောင်က ဖူးမြော်ကြပါတယ်။မြတ်စွာဘုရားသခင်က ဒိဗ္ဗစက္ခုဉာဏ်တော်၊ အာသဝက္ခယဉာဏ်တော်၊ ဗုပ္ဗေနိဝါသ ဉာဏ်တော်တို့ဖြင့် ဆင်ခြင်ပြီး အနာဂါတ်ကာလမှာ သတ္တဝါအနန္တကျွတ်တမ်းဝင်ကြမည်ကို မြင်တော်မူပြီး ပြုံးတော်မူသည်ကို ညီတော် အာနန္ဒာက မြင်တော်မူကာ ပြုံးတော်မူရခြင်း အကြောင်းအရင်းကို လျှောက်ထားမေးမြန်းတော်မူသောအခါ မြတ်စွာဘုရားသခင်က “ငါ၏သာသနာတော် ၂၅၀၀ ကုန်အပြီးမှာ ဤနေရာတွင် မြူခိုးရစ်မှောင် နဂါးရစ်တောင်ဟု အမည်တွင်ကာ သာသနာတော် ပွင့်လင်းမည်၊ ‘ပ လဲ လဲ’ တောတွင် ဗျာဒိတ်ပန်းဆင်မြန်းခဲ့တဲ့ မဟိ ကျီးမင်းသည် ဒီနေရာကို ထွက်ပြီး သာသနာပြုမည်၊ ထ့ိုအတူ ဒေဝပုတ္တနဂရတိုင်း သုဒဿမြို့လို့ တွင်လိမ့်မည်”လို့ ဗျာဒိတ်တော်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားတည်ရာမှာ တောင်တော်ကို နဂါးကြီးလေးကောင် ပတ်၍လည်းကောင်း၊ ဗျာဒိတ်ပေး ကိုယ်ပွားတော်ကြီးကို လည်းကောင်း၊ ကျီးမင်းဗျာဒိတ်ခံ စေတီတော်ကိုလည်းကောင်း၊ ညီတော်အာနန္ဒာ ပုံတော်ကို လည်းကောင်း တည်ထားခဲ့ကြပါတယ်။

ခမောက်တောင်တော်ဟာ သာမညတောင်မဟုတ်ပဲ မြတ်စွာဘုရားရှင်ရဲ့ ဗျာဒိတ်ခံ တောင်တော်တစ်ခု ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကောလင်း #သံခမောက်တောင်

Zawgyi

ေသလာပဗၺတ သံခေမာက္ေတာင္ေတာ္

စစ္ကိုင္း၊ ဇန္နဝါရီ ၄-၂၀၂၀
ရႈိင္းေအာင္ ( VOM )

စစ္ကိုင္းတိုင္း ၊ ကသာခ႐ိုင္၊ ေကာလင္းၿမိဳ႕မွ အေနာက္ဘက္ ၄ မိုင္ ခန႔္သာကြာေဝးၿပီး သစ္ပင္၊ ဝါးပင္ မ်ား သိပ္သည္းထူထပ္စြာျဖင့္ ျမဴခိုးမ်ား ေဝသီရစ္မႈိင္းလွ်က္ သံခေမာက္ေတာင္ေတာ္ႀကီးကို ေရးေရးျပျပျမင္ႏိုင္ပါတယ္။

ခေမာက္ေတာင္ေတာ္မွာ အေျခကေနစၿပီး ေတာင္ထိပ္တိုင္ေအာင္ အျမင့္ ( ၆၀၃ )ေပရွိၿပီး ပင္လယ္ေရ မ်က္ႏွာျပင္အထက္ ( ၁၂၂၁ )ေပရွိကာ ခန႔္ညားထယ္ဝါမတ္ေစာက္စြာ ခေမာက္တစ္လုံးရဲ႕ ပုံသ႑ာန္ တည္ရွိတဲ့အတြက္ မ်က္ေမွာက္ေခတ္မွာ ခေမာက္ေတာင္လို႔ ေခၚတြင္ခဲ့ၾကတာျဖစ္ပါတယ္။

ေတာင္ေတာ္အနီးနားမွာ ေဂြးခ်ိဳ ေတာင္႐ြာ၊ ေျမာက္႐ြာ၊ လႊဲေမာက္႐ြာ၊ ပန္းတင္႐ြာ၊ သကၠယ္က်င္း႐ြာ၊ နတ္ေရတြင္း႐ြာ၊ ေရကန္သာ႐ြာ နဲ႔ သဖန္းကုန္႐ြာ စသျဖင့္ ႐ြာေပါင္းေျမာက္မ်ားစြာ ၿခံရံၿပီး လုံကြဲေတာင္၊ ဒုတၱာေတာင္၊ ေၾကးနီေတာင္၊ နတ္ေတာင္၊ ေ႐ႊကူေတာင္၊ ျမစိမ္းေတာင္တို႔ထက္ ျမင့္မားစြာ တည္ရွိေနတာလည္း ျဖစ္ပါတယ္။

ခေမာက္ေတာင္ေတာ္ေပၚက ၾကည့္မယ္ဆိုလွ်င္ ပတ္ဝန္းက်င္မွာ မ်ားစြာသာယာလွပၿပီး ေတာင္ေျခတစ္ေလ်ာက္ ျပန႔္ျဖဴးေသာ လယ္ကြင္းေတြရွိတဲ့အတြက္ အျခားေတာင္ေတြနဲ႔မတူဘဲ တမူထူးျခားကာ ခေမာက္အုံတစ္ဖြယ္ ျဖစ္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။

အရင္က ေတာင္ေတာ္အေနအထားဟာ လူသူအေရာက္အေပါက္မရွိတဲ့အတြက္ မဟာၿမိဳင္ကေလးသဖြယ္ရွိရာကေန အခုေခတ္ ေတာင္ေတာ္ေပၚမွာေတာ့ ေစတီေတာ္မ်ား၊ ႐ုပ္ပြားေတာ္မ်ား၊ သာသနာ အေဆာက္အဦးမ်ား၊ ဘုရားဝတ္ျပဳသူမ်ား၊ တရားအားထုတ္သူမ်ား၊ အဓိဌာန္ ပုတီးစိတ္သူမ်ား၊ ဘုရားဖူးလာ ဧည့္သည္မ်ားနဲ႔ စည္ကားေနပါၿပီ။

ေတာင္ေျခအနီးက ႐ြာေတြမွာေတာ့ ရွမ္း၊ ကခ်င္၊ ပေလာင္၊ ကဒူး၊ ကဏန္း၊ ဗမာ စတဲ့ တိုင္းရင္းသားေပါင္းစုံ ေနထိုင္ၾကပါတယ္။

ဒီကေန႔ေခတ္ ခေမာက္ေတာင္လို႔ လူသိမ်ားတဲ့ ေတာင္ေတာ္ကို မူလက လႊဲေမာက္ေတာင္လို႔ အမည္ရွိခဲ့ပါတယ္။ လႊဲေမာက္ဆိုတဲ့ အမည္က ရွမ္းစကား “လြယ္ေမာက္” နဲ႔ ဆင္တူတယ္လို႔လည္း အဆိုရွိပါတယ္။ ‘လြယ္’သည္ ေတာင္ ျဖစ္၍ ‘ေမာက္’သည္ ပန္း ျဖစ္တာေၾကာင့္ ပန္းစုံေပါတဲ့ေတာင္ေတာ္လို႔လည္း ဆိုႏိုင္ပါတယ္။

ယခင္က ခေမာက္ေတာင္မွာ အင္ၾကင္း၊ ကြၽန္း၊ အင္/ကညင္၊ သစ္စည္း၊ ဖက္ဆြတ္ပင္တို႔ ထူထပ္စြာ ေပါက္ေရာက္ၿပီး က်ား၊ က်ားသစ္ သားရဲတိရစာၦန္ အႏၲရာယ္၊ ေႁမြဆိုး အႏၲရာယ္တို႔လည္း ေပါမ်ားတဲ့ေနရာတစ္ခု ျဖစ္ပါတယ္။ ေတာင္ေပၚကိုမဆိုထားပဲ ေတာင္ေျခကိုေတာင္ သြားလာဝံ့သူ ရွားပါးပါတယ္။

ခေမာက္ေတာင္ေတာ္မွာ ျမတ္စြာဘုရားသက္ေတာ္ထင္ရွားရွိစဥ္အခ်ိန္က ညီေတာ္ အာနႏၵာနဲ႔တကြ ေနာက္ပါရဟန္းငါးရာ ၿခံရံကာ ေဒသစာရီႂကြခ်ီေတာ္မူစဥ္ အဲ့ဒီေတာင္ေတာ္ေပၚကို ေရာက္ရွိခဲ့ပါတယ္။

ထိုသို႔ေရာက္ရွိစဥ္ တန္ခိုးႀကီးက်ယ္ေသာ ဇရာပထ နဂါးႀကီး ေလးေကာင္က ဖူးေျမာ္ၾကပါတယ္။ျမတ္စြာဘုရားသခင္က ဒိဗၺစကၡဳဉာဏ္ေတာ္၊ အာသဝကၡယဉာဏ္ေတာ္၊ ဗုေပၺနိဝါသ ဉာဏ္ေတာ္တို႔ျဖင့္ ဆင္ျခင္ၿပီး အနာဂါတ္ကာလမွာ သတၱဝါအနႏၲကြၽတ္တမ္းဝင္ၾကမည္ကို ျမင္ေတာ္မူၿပီး ၿပဳံးေတာ္မူသည္ကို ညီေတာ္ အာနႏၵာက ျမင္ေတာ္မူကာ ၿပဳံးေတာ္မူရျခင္း အေၾကာင္းအရင္းကို ေလွ်ာက္ထားေမးျမန္းေတာ္မူေသာအခါ ျမတ္စြာဘုရားသခင္က “ငါ၏သာသနာေတာ္ ၂၅၀၀ ကုန္အၿပီးမွာ ဤေနရာတြင္ ျမဴခိုးရစ္ေမွာင္ နဂါးရစ္ေတာင္ဟု အမည္တြင္ကာ သာသနာေတာ္ ပြင့္လင္းမည္၊ ‘ပ လဲ လဲ’ ေတာတြင္ ဗ်ာဒိတ္ပန္းဆင္ျမန္းခဲ့တဲ့ မဟိ က်ီးမင္းသည္ ဒီေနရာကို ထြက္ၿပီး သာသနာျပဳမည္၊ ထ့ိုအတူ ေဒဝပုတၱနဂရတိုင္း သုဒႆၿမိဳ႕လို႔ တြင္လိမ့္မည္”လို႔ ဗ်ာဒိတ္ေတာ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဘုရားတည္ရာမွာ ေတာင္ေတာ္ကို နဂါးႀကီးေလးေကာင္ ပတ္၍လည္းေကာင္း၊ ဗ်ာဒိတ္ေပး ကိုယ္ပြားေတာ္ႀကီးကို လည္းေကာင္း၊ က်ီးမင္းဗ်ာဒိတ္ခံ ေစတီေတာ္ကိုလည္းေကာင္း၊ ညီေတာ္အာနႏၵာ ပုံေတာ္ကို လည္းေကာင္း တည္ထားခဲ့ၾကပါတယ္။

ခေမာက္ေတာင္ေတာ္ဟာ သာမညေတာင္မဟုတ္ပဲ ျမတ္စြာဘုရားရွင္ရဲ႕ ဗ်ာဒိတ္ခံ ေတာင္ေတာ္တစ္ခု ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေကာလင္း #သံခေမာက္ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW