အနည်းဆုံးအခကြေးငွေ ပြောင်းလဲမယ့်ပြင်ဆင်ချက်ကို အလုပ်သမားအဖွဲ့အစည်း (၉)ခုကကန့်ကွက်

အနည်းဆုံးအခကြေးငွေ ပြောင်းလဲမယ့်ပြင်ဆင်ချက်ကို အလုပ်သမားအဖွဲ့အစည်း (၉)ခုကကန့်ကွက်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄-၂၀၂၀
သိင်္ဂီ (VOM)

အနည်းဆုံးအခကြေးငွေကို ၂ နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်ဆိုတဲ့အချက်ကို ပြောင်းလဲမယ့်ပြင်ဆင်ချက်အပေါ် အလုပ်သမားအဖွဲ့အစည်း ၉ ခုကလက်မခံကြောင်း ၊ကန့်ကွက်ကြောင်း ပြောဆိုလိုက်ပါတယ်။

အနည်းဆုံးအခကြေးငွေဥပဒေကို ၂နှစ် လျှင်အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ့်အချက်ကို ပြောင်းလဲတဲ့ပြင်ဆင်ချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်တွင်း ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်ထွေးက ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၅ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့အပေါ် အလုပ်သမားအဖွဲ့အစည်းတွေက ကျေနပ်မှုမရှိဘူးလို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

” အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရာမှာ အစိုးရမှတာဝန်ရှိသူ ၁၂ဦး၊အလုပ်ရှင် ၅ဦး၊ အလုပ်သမားကိုယ် စားလှယ် ၅ဦး၊ တက်သိပညာရှင် ၅ ဦးနဲ့ အစည်းအဝေးပြုလုပ်ပြီးမှသာ လွှတ်တော်မှာ အဆိုတင်သွင်းသင့်တယ်။ ခုတော့အလုပ်ရှင်တွေဘက်ကို ဘက်လိုက်ပြီး အနည်းဆုံးအခကြေးငွေ ပြင်ဆင်ချက်ကိုတင်ခဲ့တာ၊ အလုပ်သမားအဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးတာမရှိဘူး။ ကန့်ကွက်တယ် သဘောမတူပါဘူး”လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ရဲ့ တာဝန်ခံဒေါ်ခခက ပြောပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာနိုင်ငံအလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့၊ အနာဂတ်အလင်းတန်းဆုံမှတ် အပါအဝင်WE Generation Network အစရှိတဲ့ အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်း ၉ခုက ကန့်ကွက်ကြောင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

” လက်ရှိ မြန်မာနိုင်ငံမှာက အနည်းဆုံးအခကြေးငွေကို ၂နှစ်တစ်ကြိမ်ပြင်ဆင်ရမယ်လို့ ဥပဒေမှာပြ ဌာန်းထားပေမယ့် တကယ်တမ်းကျ ၂နှစ်ခွဲလောက်မှ ပြင်ဆင်သတ်မှတ်နေတာကို တွေ့နေရတယ်။ ဒါဟာ ဥပဒေကိုချိုးဖောက်နေတာဖြစ်တယ် ” လို့ WE Generation Network ရဲ့ ဒါရိုက်တာ ကိုနန္ဒစစ်အောင်က ပြောပါတယ်။

အနည်ဆုံးအခကြေးငွေ ဥပဒေ၂၀၁၃အရ အလုပ်သမားတစ်ဦးကို တစ်နာရီ ၄၅၀ နှုန်းနဲ့ ၈နာရီ ၃၆၀၀ ကျပ်သတ်မှတ်ခဲ့ပြီး ၂၀၁၈ ပြဌာန်းသော အနည်းဆုံးအခကြေးငွေဥပဒေတွင်မူ အလုပ်သမားတစ်ဦးကို တစ်နာရီ ၆၀၀နှုန်း နဲ့ ၈နာရီ ၄၈၀၀ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် မေလမှာတော့ လုပ်ခလစာနူန်းထားအသစ်ကို ထပ်မံပြင်ဆင်သတ်မှတ်ရမှာဖြစ်ပြီး အလုပ်သမားတွေကတော့ ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာအဖြစ် တစ်ရက်ကို လုပ်ခလစာ ၉၈၀၀ ရရှိဖို့တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #လုပ်ခလစာ #ပြင်ဆင်ချက် #ကန့်ကွက်

Zawgyi

အနည္းဆုံးအခေၾကးေငြ ေျပာင္းလဲမယ့္ျပင္ဆင္ခ်က္ကို အလုပ္သမားအဖြဲ႔အစည္း (၉)ခုကကန႔္ကြက္

ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၄-၂၀၂၀
သိဂႌ (VOM)

အနည္းဆုံးအခေၾကးေငြကို ၂ ႏွစ္လၽွင္ အနည္းဆုံးတစ္ႀကိမ္ ျပင္ဆင္သတ္မွတ္ရမယ္ဆိုတဲ့အခ်က္ကို ေျပာင္းလဲမယ့္ျပင္ဆင္ခ်က္အေပၚ အလုပ္သမားအဖြဲ႔အစည္း ၉ ခုကလက္မခံေၾကာင္း ၊ကန္႔ကြက္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

အနည္းဆုံးအခေၾကးေငြဥပေဒကုိ ၂နွစ္ လ်ွင္အနည္းဆုံးတစ္ၾကိ္မ္ ျပင္ဆင္သတ္မွတ္ရမယ့္အခ်က္ကို ေျပာင္းလဲတဲ့ျပင္ဆင္ခ်က္ကို လူ၀င္မႈၾကီးၾကပ္ေရးနွင္႔ျပည္တြင္း ျပည္ပအလုပ္သမားဆုိင္ရာ ေကာ္မတီဥကၠဌ ဦးေက်ာ္ေထြးက ဒုတိယအၾကိမ္အမ်ိဳးသားလႊတ္ေတာ္ ၁၅ၾကိမ္ေျမာက္ ပုံမွန္အစည္းအေ၀းမွာ တင္သြင္းခဲ့တဲ့အေပၚ အလုပ္သမားအဖြဲ႔အစည္းေတြက ေက်နပ္မႈမရွိဘူးလို႔ ေျပာဆိုလုိက္တာျဖစ္ပါတယ္။

” အမ်ိဳးသားအဆင္႔ အနည္းဆုံးအခေၾကးေငြသတ္မွတ္ရာမွာ အစုိးရမွတာ၀န္ရွိသူ ၁၂ဦး၊အလုပ္ရွင္ ၅ဦး၊ အလုပ္သမားကုိယ္ စားလွယ္ ၅ဦး၊ တက္သိပညာရွင္ ၅ ဦးနဲ႔ အစည္းအေ၀းျပဳလုပ္ျပီးမွသာ လႊတ္ေတာ္မွာ အဆုိတင္သြင္းသင့္တယ္။ ခုေတာ့အလုပ္ရွင္ေတြဘက္ကုိ ဘက္လုိက္ျပီး အနည္းဆုံးအခေၾကးေငြ ျပင္ဆင္ခ်က္ကုိတင္ခဲ႔တာ၊ အလုပ္သမားအဖြဲ႔အစည္းေတြ နဲ႔ ေဆြးေႏြးတာမရွိဘူး။ ကန္႔ကြက္တယ္ သေဘာမတူပါဘူး”လို႔ အလုပ္သမားအခ်င္းခ်င္းရုိင္းပင္းကူညီေရးအဖြဲ႔ရဲ႕ တာ၀န္ခံေဒၚခခက ေျပာပါတယ္။

အလုပ္သမားအဖြဲ႔အစည္းေတြျဖစ္တဲ့ ျမန္မာႏိုင္ငံအလုပ္သမားမ်ားသမဂၢမ်ားအဖြဲ႔ခ်ဳပ္အပါအဝင္ အလုပ္သမားအခ်င္းခ်င္းရုိင္းပင္းကူညီေရးအဖြဲ႔၊ အနာဂတ္အလင္းတန္းဆုံမွတ္ အပါအဝင္WE Generation Network အစ႐ွိတဲ့ အလုပ္သမားမ်ားအေရး ကူညီေဆာင္ရြက္ေပးေနတဲ့အဖြဲ႔အစည္း ၉ခုက ကန္႔ကြက္ေၾကာင္းေျပာဆိုလိုက္တာျဖစ္ပါတယ္။

” လက္ရွိ ျမန္မာႏိုင္ငံမွာက အနည္းဆုံးအခေၾကးေငြကုိ ၂ႏွစ္တစ္ၾကိမ္ျပင္ဆင္ရမယ္လို႔ ဥပေဒမွာျပ ဌာန္းထားေပမယ့္ တကယ္တမ္းက် ၂နွစ္ခြဲေလာက္မွ ျပင္ဆင္သတ္မွတ္ေနတာကို ေတြ႔ေနရတယ္။ ဒါဟာ ဥပေဒကုိခ်ိဳးေဖာက္ေနတာျဖစ္တယ္ ” လို႔ WE Generation Network ရဲ့ ဒါရုိက္တာ ကုိနႏၵစစ္ေအာင္က ေျပာပါတယ္။

အနည္ဆုံးအခေၾကးေငြ ဥပေဒ၂၀၁၃အရ အလုပ္သမားတစ္ဦးကို တစ္နာရီ ၄၅၀ နႈန္းနဲ႔ ၈နာရီ ၃၆၀၀ က်ပ္သတ္မွတ္ခဲ႔ျပီး ၂၀၁၈ ျပဌာန္းေသာ အနည္းဆုံးအခေၾကးေငြဥပေဒတြင္မူ အလုပ္သမားတစ္ဦးကို တစ္နာရီ ၆၀၀နႈန္း နဲ႔ ၈နာရီ ၄၈၀၀ သတ္မွတ္ခဲ႔တာ ျဖစ္ပါတယ္။

လာမယ့္ ေမလမွာေတာ့ လုပ္ခလစာႏူန္းထားအသစ္ကို ထပ္မံျပင္ဆင္သတ္မွတ္ရမွာျဖစ္ၿပီး အလုပ္သမားေတြကေတာ့ ေခတ္နဲ႔ေလ်ာ္ညီတဲ့ လုပ္ခလစာအျဖစ္ တစ္ရက္ကို လုပ္ခလစာ ၉၈၀၀ ရ႐ွိဖို႔ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #လုပ္ခလစာ #ျပင္ဆင္ခ်က္ #ကန္႔ကြက္

Related posts

Leave a Comment

VOM News

FREE
VIEW