အိပ်ချ်အိုင်ဗီကာကွယ်ဆေး ထုတ်လုပ်မှု အောင်မြင်ဖို့ အလားအလာမရှိသေး

အိပ်ချ်အိုင်ဗီကာကွယ်ဆေး ထုတ်လုပ်မှု အောင်မြင်ဖို့ အလားအလာမရှိသေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၀
မျိုးဆက် (VOM)

အေအိုင်ဒီအက်စ်ရောဂါကိုဖြစ်ပွားစေတဲ့ အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်ကိုဟန့်တားမယ့် ကာကွယ်ဆေးစမ်းသပ်မှုဟာ မအောင်မြင်ခဲ့ပဲ ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပျက်ပြားသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကာကွယ်ဆေးဟာ အိပ်ချ်အိုင်ဗီဗိုင်းရပ်ကို မကာကွယ်နိုင်ဘူးလို့ တွေ့ရှိခဲ့တဲ့အတွက် အမျိုးသားကျန်းမာရေးအင်စတီကျုဟာ HVTN 702 လို့အမည်ရတဲ့ ကာကွယ်ဆေးသစ်တစ်မျိုးကို တောင်အာဖရိကရှိ လူပေါင်း ၅၀၀၀ကျော်ကို စမ်းသပ်နေတာကနေ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဒီရလဒ်အတွက် အလွန်အမင်းစိတ်ပျက်မိကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အိပ်ချ်အိုင်ဗီကာကွယ်ဆေးကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်ဟာ အမျိုးအစားကွဲပြားမှုတွေရှိပြီး စမ်းသပ်ခဲ့တဲ့ အဲဒီကာကွယ်ဆေးဟာ ကမ္ဘာပေါ်မှာ အိပ်ချ်အိုင်ဗီကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်တဲ့ တောင်အာဖရိကမှာ အများဆုံးဖြစ်ပွားလေ့ရှိတဲ့ အမျိုးအစားကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အိပ်ချ်အိုင်ဗီကာကွယ်ဆေးဟာ မဖြစ်မနေလိုအပ်ပြီး ထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးမှာ အာနိသင်သက်ရောက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ထင်သလိုဖြစ် မလာကြောင်း အမျိုးသားကျန်းမာရေးအင်စတီကျုမှ ဒေါက်တာအန်တိုနီဖာစီကပြောပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဝါရှင်တန် #အိပ်ချ်အိုင်ဗီကာကွယ်ဆေး #ထုတ်လုပ်မှုအောင်မြင်ဖို့ #အလားအလာမရှိ

Zawgyi

အိပ်ခ်ျအိုင်ဗီကာကွယ်ဆေး ထုတ်လုပ်မှု အောင်မြင်ဖို့ အလားအလာမရှိသေး

မျိုးဆက် (VOM)

အေအိုင်ဒီအက်စ်ရောဂါကိုဖြစ်ပွားစေတဲ့ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ကိုဟန့်တားမယ့် ကာကွယ်ဆေးစမ်းသပ်မှုဟာ မအောင်မြင်ခဲ့ပဲ ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပျက်ပြားသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကာကွယ်ဆေးဟာ အိပ်ခ်ျအိုင်ဗီဗိုင်းရပ်ကို မကာကွယ်နိုင်ဘူးလို့ တွေ့ရှိခဲ့တဲ့အတွက် အမျိုးသားကျန်းမာရေးအင်စတီကျုဟာ HVTN 702 လို့အမည်ရတဲ့ ကာကွယ်ဆေးသစ်တစ်မျိုးကို တောင်အာဖရိကရှိ လူပေါင်း ၅၀၀၀ကျော်ကို စမ်းသပ်နေတာကနေ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဒီရလဒ်အတွက် အလွန်အမင်းစိတ်ပျက်မိကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အိပ်ခ်ျအိုင်ဗီကာကွယ်ဆေးကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

အိပ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ဟာ အမျိုးအစားကွဲပြားမှုတွေရှိပြီး စမ်းသပ်ခဲ့တဲ့ အဲဒီကာကွယ်ဆေးဟာ ကမ္ဘာပေါ်မှာ အိပ်ခ်ျအိုင်ဗီကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်တဲ့ တောင်အာဖရိကမှာ အများဆုံးဖြစ်ပွားလေ့ရှိတဲ့ အမျိုးအစားကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အိပ်ခ်ျအိုင်ဗီကာကွယ်ဆေးဟာ မဖြစ်မနေလိုအပ်ပြီး ထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးမှာ အာနိသင်သက်ရောက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ထင်သလိုဖြစ် မလာကြောင်း အမျိုးသားကျန်းမာရေးအင်စတီကျုမှ ဒေါက်တာအန်တိုနီဖာစီကပြောပါတယ်။

#VOM #voiceofmyanmar #ဝါရှင်တန် #အိပ်ခ်ျအိုင်ဗီကာကွယ်ဆေး #ထုတ်လုပ်မှုအောင်မြင်ဖို့ #အလားအလာမရှိ

Related posts

Leave a Comment

VOM News

FREE
VIEW