ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကျေးရွာ(၇)ရွာကဆန္ဒပြ

ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကျေးရွာ(၇)ရွာကဆန္ဒပြ

ပဲခူး ဖေဖော်ဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဝေါမြို့နယ်ရှိ ကျေးရွာ(၇)ရွာက ပြည်သူ(၅၀၀)ခန့်က ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ကို အာဏာရှင် ဆန်ဆန်ပြုလုပ်နေတယ်လို့ဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

‟ပြည်သူ့ဆန္ဒနဲ့မညီဘဲ အာဏာရှင်ဆန်ဆန်ပြုလုပ်နေတဲ့ တိုင်းလွှတ်တော်အမတ ်ဒေါ်ရီရီထိုက်ကို ဆန္ဒဖော်ထုတ်တာပါ။ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးဆောင်ရွက်ထားတာကို NEPစီမံကိန်းဆိုပြီး အခြားရွာက မီးလာရောက်ချိတ်ဆက်တယ်၊ ဒါကိုဒေသခံတွေကကန့်ကွက်တယ်၊ ဒေသအာဏာပိုင်တွေကို တိုင်ကြားထားတာ အရေးမယူဘူး၊ တာဝန်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်က ဖြေရှင်းညှိနှိုင်းပေးခြင်းမရှိဘူး၊ သူတို့ကိုယ်တိုင်က တစ်ဖက်ကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ တနော်ကျွန်းကျေးရွာနေ ကိုအောင်ဝင်းကပြောပါတယ်။

အငြင်းပွားပြဿနာဖြစ်နေတဲ့ စားကျက်မြေပြဿနာ၊ လျှပ်စစ်မီးလင်းရေးပြဿနာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုပြဿနာစတဲ့ပြသနာတွေမှာ ဝေါမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ဝင်ရောက်စွက်ဖက်နေတယ်လို့ဆိုကာ ဆန္ဒပြရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြခံရတာနဲ့ပတ်သက်ပြီး ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ကို မေးမြန်းဖို့ဆက်သွယ် ကြိုးစားကြည့်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြည်သူ့ဆန္ဒနဲ့မညီဘဲ အာဏာရှင်ဆန်စွာ ပြုလုပ်နေသော ဒေါ်ရီရီထိုက်အား(အလိုမရှိ)။ တင်ပြတိုင်ကြားထားသော်လည်း တာဝန်မခံသော NLDပါတီတာဝန်ရှိသူများ နုတ်ထွက်ပေးရေး(ဒို့အရေး)။ ပြည်သူများအား တရားစွဲဆိုမှုကိုရုပ်သိမ်းပေးရေး(ဒို့အရေး)။ အစိုးရ၊ လွှတ်တော်၊ ဒေသခံပြည်သူ(၃)ပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းပေးရေး(ဒို့အရေး)စတဲ့ကြွေးကြော်သံတွေနဲ့ လွှတ်တော်ရုံးရှေ့ကနေ NLDပါတီရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

“တနော်ကျွန်း မီးပြဿနာကိစ္စကို ဗဟို(ရုံးချုပ်က)စုံစမ်းစစ်ဆေးနေပါတယ်။ တိုင်ကြားတဲ့သူတွေသိပါတယ်။ တိုင်ကြားစာထဲမှာ ပါတီကစွက်ဖက်နေတယ်ဆိုလို့ ပါတီကဆောင်ရွက်တာပါ။ စားကျက်မြေကိစ္စဆိုတာကလည်း သက်ဆိုင်ရာအစိုးရပိုင်းက ဆောင်ရွက်ပေးရမှာ၊ ပါတီဝင်တွေက ဝင်ရောက်စွက်ဖက်ရင်တော့ စုံစမ်းစစ်ဆေးတယ်၊ ဗဟိုကနေစစ်ဆေးပြီးရင် နှုတ်နဲ့သတိပေးတယ်၊ စာနဲ့သတိပေးတာတွေရှိတယ်၊ ပါတီတာဝန်က ရပ်ဆိုင်းတာတွေရှိပါတယ်”လို့ ပဲခူးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌဦးသန်းဒန်ကပြောပါတယ်။

ဆန္ဒပြရာမှာတော့ ဝေါမြို့နယ်မှ မြစ်ကျိုးကျေးရွာ၊ တနော်ကျွန်းကျေးရွာ၊ ရှမ်းကိုင်းကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ ဖိုးမစိန်ကျေးရွာ၊ ခင်တန်းကြီးကျေးရွာ၊ အဘားကျေးရွာတို့က ဒေသခံကျေးရွာသား(၅၀၀)ဦးခန့်က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပဲခူး #လွှတ်တော်ကိုယ်စားလှယ်ကို #ကျေးရွာသားတွေဆန္ဒပြ

Zawgyi

ပဲခူးတိုင္းက လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကို ေက်းရြာ(၇)ရြာကဆႏၵျပ

ပဲခူး ေဖေဖာ္ဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္းလႊတ္ေတာ္႐ုံးေရွ႕မွာ ဒီကေန႔မနက္ပိုင္းက ေဝါၿမိဳ႕နယ္ရိွ ေက်း႐ြာ(၇)႐ြာက ျပည္သူ(၅၀၀)ခန္႔က ေဝါၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီထိုက္ကို အာဏာရွင္ ဆန္ဆန္ျပဳလုပ္ေနတယ္လို႔ဆိုကာ ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

‟ျပည္သူ႔ဆႏၵနဲ႔မညီဘဲ အာဏာရွင္ဆန္ဆန္ျပဳလုပ္ေနတဲ့ တိုင္းလႊတ္ေတာ္အမတ ္ေဒၚရီရီထိုက္ကို ဆႏၵေဖာ္ထုတ္တာပါ။ ကိုယ္ထူကိုယ္ထ လွ်ပ္စစ္မီးေဆာင္႐ြက္ထားတာကို NEPစီမံကိန္းဆိုၿပီး အျခား႐ြာက မီးလာေရာက္ခ်ိတ္ဆက္တယ္၊ ဒါကိုေဒသခံေတြကကန္႔ကြက္တယ္၊ ေဒသအာဏာပိုင္ေတြကို တိုင္ၾကားထားတာ အေရးမယူဘူး၊ တာဝန္ရွိတဲ့လႊတ္ေတာ္ကိုယ္စားလွယ္က ေျဖရွင္းညႇိႏႈိင္းေပးျခင္းမရွိဘူး၊ သူတို႔ကိုယ္တိုင္က တစ္ဖက္ကေန ပါဝင္ေဆာင္႐ြက္ေပးေနတဲ့အတြက္ အခုလို ဆႏၵေဖာ္ထုတ္ရျခင္းျဖစ္တယ္”လုိ႔ တေနာ္ကြၽန္းေက်း႐ြာေန ကိုေအာင္ဝင္းကေျပာပါတယ္။

အျငင္းပြားျပႆနာျဖစ္ေနတဲ့ စားက်က္ေျမျပႆနာ၊ လွ်ပ္စစ္မီးလင္းေရးျပႆနာ၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေ႐ြးခ်ယ္မႈျပႆနာစတဲ့ျပသနာေတြမွာ ေဝါၿမိဳ႕နယ္၊ အမွတ္(၂)တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီထိုက္က ဝင္ေရာက္စြက္ဖက္ေနတယ္လို႔ဆိုကာ ဆႏၵျပရျခင္းျဖစ္တယ္လုိ႔ သိရပါတယ္။

ဆႏၵျပခံရတာနဲ႔ပတ္သက္ၿပီး ေဝါၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီထိုက္ကို ေမးျမန္းဖို႔ဆက္သြယ္ ႀကိဳးစားၾကည့္ရာမွာ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ျပည္သူ႔ဆႏၵနဲ႔မညီဘဲ အာဏာရွင္ဆန္စြာ ျပဳလုပ္ေနေသာ ေဒၚရီရီထိုက္အား(အလိုမရွိ)။ တင္ျပတိုင္ၾကားထားေသာ္လည္း တာဝန္မခံေသာ NLDပါတီတာ၀န္ရွိသူမ်ား ႏုတ္ထြက္ေပးေရး(ဒို႔အေရး)။ ျပည္သူမ်ားအား တရားစြဲဆိုမႈကို႐ုပ္သိမ္းေပးေရး(ဒို႔အေရး)။ အစိုးရ၊ လႊတ္ေတာ္၊ ေဒသခံျပည္သူ(၃)ပြင့္ဆိုင္ ညႇိႏႈိင္းေျဖရွင္းေပးေရး(ဒို႔အေရး)စတဲ့ေႂကြးေၾကာ္သံေတြနဲ႔ လႊတ္ေတာ္႐ုံးေရွ႕ကေန NLDပါတီ႐ုံးေရွ႕အထိ လမ္းေလွ်ာက္ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

“တေနာ္ကြၽန္း မီးျပႆနာကိစၥကို ဗဟို(႐ုံးခ်ဳပ္က)စုံစမ္းစစ္ေဆးေနပါတယ္။ တိုင္ၾကားတဲ့သူေတြသိပါတယ္။ တိုင္ၾကားစာထဲမွာ ပါတီကစြက္ဖက္ေနတယ္ဆိုလို႔ ပါတီကေဆာင္႐ြက္တာပါ။ စားက်က္ေျမကိစၥဆိုတာကလည္း သက္ဆိုင္ရာအစိုးရပိုင္းက ေဆာင္႐ြက္ေပးရမွာ၊ ပါတီဝင္ေတြက ဝင္ေရာက္စြက္ဖက္ရင္ေတာ့ စုံစမ္းစစ္ေဆးတယ္၊ ဗဟိုကေနစစ္ေဆးၿပီးရင္ ႏႈတ္နဲ႔သတိေပးတယ္၊ စာနဲ႔သတိေပးတာေတြရွိတယ္၊ ပါတီတာဝန္က ရပ္ဆိုင္းတာေတြရွိပါတယ္”လို႔ ပဲခူးတိုင္း၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ဥကၠဌဦးသန္းဒန္ကေျပာပါတယ္။

ဆႏၵျပရာမွာေတာ့ ေဝါၿမိဳ႕နယ္မွ ျမစ္က်ိဳးေက်း႐ြာ၊ တေနာ္ကြၽန္းေက်း႐ြာ၊ ရွမ္းကိုင္းေက်း႐ြာ၊ သူေဌးကုန္းေက်း႐ြာ၊ ဖိုးမစိန္ေက်း႐ြာ၊ ခင္တန္းႀကီးေက်း႐ြာ၊ အဘားေက်း႐ြာတို႔က ေဒသခံေက်း႐ြာသား(၅၀၀)ဦးခန္႔က ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပဲခူး #လႊတ္ေတာ္ကိုယ္စားလွယ္ကို #ေက်းရြာသားေတြဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW