မြို့ပတ်ရထားကို အရှုံးနဲ့ပြေးဆွဲနေရတဲ့အတွက် လက်မှတ်နူန်ုးထားတိုးကောက်ဖို့ရှိ

မြို့ပတ်ရထားကို အရှုံးနဲ့ပြေးဆွဲနေရတဲ့အတွက် လက်မှတ်နူန်ုးထားတိုးကောက်ဖို့ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၅ -၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်မြို့ပတ်ရထားကို အရှုံးနဲ့ပြေးဆွဲနေရတာဖြစ်တယ်လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)ကနေ သိရပါတယ်။

မီးရထားလက်မှတ်ခဟာ ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်သာကောက်ခံတာဖြစ်တဲ့အတွက် လက်မှတ်ရောင်းရငွေနဲ့ လည်ပတ်နိုင်ဖို့ခက်တာကြောင့် ရထားလမ်းအဆင့်မြှင့်တင်တာတွေ၊ ရထားတွဲဆိုင်းအစားထိုးပြေးဆွဲတာတွေ ပြီးပြည့်စုံစွာပြေးဆွဲချိန်မှာတော့ ရထားလက်မှတ်နူန်းထားတွေကို တိုးမြှင့်ကောက်ခံသွားဖို့ရှိတယ်လို့ သိရပါတယ်။

” လူစီးရထားက ဘယ်နိုင်ငံမှာ မှ မမြတ်ပါဘူး။ ကားတောင်မှ ၅၀၀ ၁၀၀၀ ပြောင်းသွားတဲ့အချိန်မှာ ကျွန်တော်တို့က ၁၅ မိုင်အောက်ကို ၁၀၀ အထက်မှ ၂၀၀ ပဲကာက်တာ လည်ပတ်နိုင်လားဆိုတော့ တော်တော်ကိုခက်ပါတယ်။ နိုင်ငံတကာ ရထားနဲ့အောင်မြင်နေတဲ့နိုင်ငံကိုကြည့်ရင် အဓိကကုန်ပို့တာကို အားထည့်တယ်။ ဒါလည်းအရင်းရရုံပဲ။ တကယ်မြတ်တာက ရထားနယ်မြေအသုံးချတာဖြစ်တယ်။ ပြည်သူတွေပေးနိုင်မယ့်နှုန်းထား ၊ထိုက်သင့်မယ့် ရနိုင်မယ့်နှုန်းထား တောင်းဖို့တော့ရှိနိုင်ပါတယ်။ ဒါကြောင့် အရင်းအနှီးတစ်ခုစိုက်ပြီးရင် တက်ရမယ့်နှုန်းထားတော့ရှိပါတယ်။”လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)အထွေထွေမန်နေဂျာ ဦးအောင်သူလတ်ကပြောပါတယ်။

လစဉ်ဘယ်လောက်ပမာဏအထိ ရှုံးနေတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောပြတာမရှိသလို တစ်နေ့တာ ကုန်ကျမှုစရိတ်ကိုလည်း ဖြေကြားခဲ့တာမရှိပါဘူး။

” ရထားလက်မှတ်ခ တက်မယ်ဆိုတာ လက်ခံပါတယ်။ တက်တာနဲ့အညီ ဝန်ဆောင်မှုကောင်းဖို့လည်း လိုအပ်ပါတယ်။ ရထားတောင် ရုံးတက်ရုံးဆင်းဆို ကျပ်ပါတယ်။ ဒီအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားစေလိုပါတယ်။”လို့ မြို့ပတ်ရထားအသုံးပြုနေသူ ကိုထွန်းလင်းကပြောပါတယ်။

လက်ရှိမှာ မြို့ပတ်ရထားလမ်းတွေကို အဆင့်မြှင်မှုပြုလုပ်နေပြီး လမ်းတချို့ကို ယာယီပိတ်ထားတဲ့အတွက် ရထားစီးနင်းသူဦးရေ တစ်ရက်ကို ၅၀၀၀၀ ဝန်းကျင်သာရှိနေပါတယ်။ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကတော့ လာမယ့်ဇူလိူင်လမှာ ပြီးစီးမှာဖြစ်ပေမယ့် အားလုံးပြီးပြည့်စုံမယ့်အချိန်ကတော့ ၂၀၂၂ မှသာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #မြို့ပတ်ရထား #လက်မှတ်နူန်းထားတိုးကောက်ဖို့ရှိ

Zawgyi

ၿမိဳ႕ပတ္ရထားကို အ႐ႈံးနဲ႔ေျပးဆြဲေနရတဲ့အတြက္ လက္မွတ္ႏူန္ုးထားတိုးေကာက္ဖို႔႐ွိ

ရန္ကုန္ ေဖေဖာ္ဝါရီ ၅ -၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ၿမိဳ႕ပတ္ရထားကို အ႐ႈံးနဲ႔ေျပးဆြဲေနရတာျဖစ္တယ္လို႔ ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္႐ုံး)ကေန သိရပါတယ္။

မီးရထားလက္မွတ္ခဟာ ၁၀၀ က်ပ္ကေန ၂၀၀ က်ပ္သာေကာက္ခံတာျဖစ္တဲ့အတြက္ လက္မွတ္ေရာင္းရေငြနဲ႔ လည္ပတ္ႏိုင္ဖို႔ခက္တာေၾကာင့္ ရထားလမ္းအဆင့္ျမႇင့္တင္တာေတြ၊ ရထားတြဲဆိုင္းအစားထိုးေျပးဆြဲတာေတြ ၿပီးျပည့္စုံစြာေျပးဆြဲခ်ိန္မွာေတာ့ ရထားလက္မွတ္ႏူန္းထားေတြကို တိုးျမႇင့္ေကာက္ခံသြားဖို႔႐ွိတယ္လို႔ သိရပါတယ္။

” လူစီးရထားက ဘယ္ႏုိင္ငံမွာ မွ မျမတ္ပါဘူး။ ကားေတာင္မွ ၅၀၀ ၁၀၀၀ ေျပာင္းသြားတဲ့အခ်ိန္မွာ ကၽြန္ေတာ္တုိ႔က ၁၅ မုိင္ေအာက္ကို ၁၀၀ အထက္မွ ၂၀၀ ပဲကာက္တာ လည္ပတ္ႏုိင္လားဆိုေတာ့ ေတာ္ေတာ္ကိုခက္ပါတယ္။ ႏိုင္ငံတကာ ရထားနဲ႔ေအာင္ျမင္ေနတဲ့နိုင္ငံကိုၾကည့္ရင္ အဓိကကုန္ပို႔တာကုိ အားထည့္တယ္။ ဒါလည္းအရင္းရ႐ုံပဲ။ တကယ္ျမတ္တာက ရထားနယ္ေျမအသုံးခ်တာျဖစ္တယ္။ ျပည္သူေတြေပးနုိင္မယ့္ႏႈန္းထား ၊ထုိက္သင့္မယ့္ ရႏုိင္မယ့္ႏႈန္းထား ေတာင္းဖုိ႔ေတာ့ရွိႏုိင္ပါတယ္။ ဒါေၾကာင့္ အရင္းအႏွီးတစ္ခုစိုက္ၿပီးရင္ တက္ရမယ့္ႏႈန္းထားေတာ့ရွိပါတယ္။”လို႔ ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္႐ုံး)အေထြေထြမန္ေနဂ်ာ ဦးေအာင္သူလတ္ကေျပာပါတယ္။

လစဥ္ဘယ္ေလာက္ပမာဏအထိ ႐ႈံးေနတယ္ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာျပတာမ႐ွိသလို တစ္ေန႔တာ ကုန္က်မႈစရိတ္ကိုလည္း ေျဖၾကားခဲ့တာမ႐ွိပါဘူး။

” ရထားလက္မွတ္ခ တက္မယ္ဆိုတာ လက္ခံပါတယ္။ တက္တာနဲ႔အညီ ဝန္ေဆာင္မႈေကာင္းဖို႔လည္း လိုအပ္ပါတယ္။ ရထားေတာင္ ႐ုံးတက္႐ုံးဆင္းဆို က်ပ္ပါတယ္။ ဒီအေျခအေနကိုလည္း ထည့္သြင္းစဥ္းစားေစလိုပါတယ္။”လို႔ ၿမိဳ႕ပတ္ရထားအသုံးျပဳေနသူ ကိုထြန္းလင္းကေျပာပါတယ္။

လက္႐ွိမွာ ၿမိဳ႕ပတ္ရထားလမ္းေတြကို အဆင့္ျမႇင္မႈျပဳလုပ္ေနၿပီး လမ္းတခ်ိဳ႕ကို ယာယီပိတ္ထားတဲ့အတြက္ ရထားစီးနင္းသူဦးေရ တစ္ရက္ကို ၅၀၀၀၀ ဝန္းက်င္သာ႐ွိေနပါတယ္။ ၿမိဳ႕ပတ္ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္မႈကေတာ့ လာမယ့္ဇူလိူင္လမွာ ၿပီးစီးမွာျဖစ္ေပမယ့္ အားလုံးၿပီးျပည့္စုံမယ့္အခ်ိန္ကေတာ့ ၂၀၂၂ မွသာ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ၿမိဳ႕ပတ္ရထား #လက္မွတ္ႏူန္းထားတိုးေကာက္ဖို႔ရိွ

Related posts

Leave a Comment

VOM News

FREE
VIEW