ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်စိတ်ကြောင့် စင်ကာပူမှချစ်သူနှစ်ဦး Facebook Live လွှင့်ပြီး မင်္ဂလာဆောင်ခဲ့ရ

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်စိတ်ကြောင့် စင်ကာပူမှချစ်သူနှစ်ဦး Facebook Live လွှင့်ပြီး မင်္ဂလာဆောင်ခဲ့ရ

စင်ကာပူ၊ ဖေဖော်ဝါရီ-၆-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်အရှိန်မြင့်နေချိန်မှာ ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေကြောင့် စင်ကာပူနိုင်ငံမှ ချစ်သူနှစ်ဦးဟာ Facebook Live လွှင့်ပြီး မင်္ဂလာဆောင်ခဲ့ရပါတယ်။

စင်ကာပူစုံတွဲတွေဖြစ်တဲ့ ဂျိုးဇက်ယူနဲ့ ချစ်သူကန်တင်တို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲနေ့ရက်မတိုင်မီ တရုတ်နိုင်ငံကို ခရီးထွက်ပြီး ပြန်လာခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေကို မင်္ဂလာပွဲတက်ရောက်ကြမယ့်သူတွေဆီက ကြားသိရပြီးနောက် ဒီစိုးရိမ်စိတ်တွေကို ဖြေလျှော့ပေးမယ့်နည်းလမ်းတစ်ခုကို စင်ကာပူစုံတွဲက တွေ့ရှိသွားခဲ့ပါတယ်။

သူတို့ဟာ မင်္ဂလာခန်းမကို မသွားတော့ပဲ မိသားစုဝင်တွေနဲ့အတူ Facebook Live လွှင့်ပြီး မင်္ဂလာပွဲတက်ရောက်လာသူတွေနဲ့ အပြန်အလှန်စကားပြောတာတွေ၊ ဧည့်ခံတာတွေလုပ်ပြီး သတ်မှတ်ရက်မှာ လုပ်တဲ့မင်္ဂလာပွဲကို အပျက်မခံဘဲ အထမြောက်စေခဲ့ပါတယ်။

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူ ၅၅၀ ဦးသေဆုံးခဲ့ပြီး နိုင်ငံပေါင်းနှစ်ဒါဇင်ကို ကူးစက်မှုတွေရှိနေပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ကူးစက်ခံရသူ ၂၈ ဦးရှိနေပြီး ဂျပန်နိုင်ငံပြီးရင် တရုတ်နိုင်ငံပြင်ပ ရောဂါကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

Ref : BBC Photo: Joseph Yew
#VOM #voiceofmyanmar #စင်ကာပူ #ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်စိတ်ကြောင့် #Liveလွင့်ပြီး #မင်္ဂလာဆောင်

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ စိုးရိမ္စိတ္ေၾကာင္႔ စင္ကာပူမွခ်စ္သူနွစ္ဦး Facebook Live လႊင္႔ျပီး မဂၤလာေဆာင္ခဲ႔ရ

စင္ကာပူ၊ ေဖေဖာ္၀ါရီ-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံကေန စတင္ျဖစ္ပြားခဲ႔တဲ႔ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ဆက္လက္အရိွိန္ျမင္႔ေနခ်ိန္မွာ ေရာဂါနဲ႔ပတ္သက္ျပီး စိုးရိမ္စိတ္ေတြေၾကာင္႔ စင္ကာပူနုိင္ငံမွ ခ်စ္သူနွစ္ဦးဟာ Facebook Live လႊင္႔ျပီး မဂၤလာေဆာင္ခဲ႔ရပါတယ္။

စင္ကာပူစံုတြဲေတြျဖစ္တဲ႔ ဂ်ိဳးဇက္ယူနဲ႔ ခ်စ္သူကန္တင္တို႔ဟာ သူတို႔ရဲ႕ မဂၤလာပြဲေန႔ရက္မတိုင္မီ တရုတ္နုိင္ငံကို ခရီးထြက္ျပီး ျပန္လာခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔ရဲ႕ တရုတ္နုိင္ငံခရီးစဥ္နဲ႔ပတ္သက္ျပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လာမလားဆိုတဲ႔စိုးရိမ္ပူပန္မႈေတြကို မဂၤလာပြဲတက္ေရာက္ၾကမယ္႔သူေတြဆီက ၾကားသိရျပီးေနာက္ ဒီစိုးရိမ္စိတ္ေတြကို ေျဖေလွ်ာ႔ေပးမယ္႔နည္းလမ္းတစ္ခုကို စင္ကာပူစံုတြဲက ေတြ႔ရိွသြားခဲ႔ပါတယ္။

သူတို႔ဟာ မဂၤလာခန္းမကို မသြားေတာ႔ပဲ မိသားစု၀င္ေတြနဲ႔အတူ Facebook Live လႊင္႔ျပီး မဂၤလာပြဲတက္ေရာက္လာသူေတြနဲ႔ အျပန္အလွန္စကားေျပာတာေတြ၊ ဧည္႔ခံတာေတြလုပ္ျပီး သတ္မွတ္ရက္မွာ လုပ္တဲ႔မဂၤလာပြဲကို အပ်က္မခံဘဲ အထေျမာက္ေစခဲ႔ပါတယ္။

လက္ရိွအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ တရုတ္နုိင္ငံမွာ လူ ၅၅၀ ဦးေသဆံုးခဲ႔ျပီး နုိင္ငံေပါင္းနွစ္ဒါဇင္ကို ကူးစက္မႈေတြရိွေနပါတယ္။ စင္ကာပူနုိင္ငံမွာေတာ႔ ကူးစက္ခံရသူ ၂၈ ဦးရိွေနျပီး ဂ်ပန္နိုင္ငံျပီးရင္ တရုတ္နုိ္င္ငံျပင္ပ ေရာဂါကူးစက္မႈ ဒုတိယအမ်ားဆံုးနုိင္ငံျဖစ္ပါတယ္။

Ref : BBC Photo: Joseph Yew
#VOM #voiceofmyanmar #စင္ကာပူ #ကိုရိုနာဗိုင္းရပ္စ္စိုးရိမ္စိတ္ေၾကာင့္ #Liveလြင့္ၿပီး #မဂၤလာေဆာင္

Related posts

Leave a Comment

VOM News

FREE
VIEW