ရသေ့တောင်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်

ရသေ့တောင်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်

ရသေ့တောင်၊ ဖေဖော်ဝါရီ ၆- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့အေအေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ပွဲတွေအတွင်း အနီးအနားကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါး ဘေးလွှတ်ရာသို့ထွက်ပြေး တိမ်းရှာင်နေကြရတာဆိုရင် ယနေ့အထိဖြစ်နေတယ်လို့ ဒေသခံကျေးရွာသားတွေဆီကနေ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်သူတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ တိုက်ပွဲမရှိတဲ့ ရွာတွေကို ထွက်ပြေးခိုလံှုကြတယ်လို့ သိရပါတယ်။

” တိုက်ပွဲဖြစ်တဲ့အပြင် အခုပြေးနေကြရတယ်။ ဘယ်ရွာတွေက ပြေးနေကြလဲဆိုတာမသိဘူး ပြေးနေကြရတာတွေရှိတယ်။” လို့ သမီးလှရွာသစ်ကျေးရွာက ဦးလုံးယေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ဒေသက ကျေးရွာတွေဖြစ်တဲ့ သမီးလှကျေးရွာအုပ်စုနဲ့ စဖိုကျွန်းအုပ်စုတို့ကနေ ဒေသခံပြည်သူ ၂၀၀၀ နီးပါးဟာ ထွက်ပြေးနေကြတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

” လွန်ခဲ့တဲ့ သုံးရက်လောက်က တပ်မတော်နဲ့ အေအေ တိုက်ပွဲ ဖြစ်ကြတယ်။ ထွက်ပြေးတာ လူပေါင်းနှစ်ထောင်နီးပါးလောက် ရှိမယ်ထင်တယ်။ သမီးလှကျွန်း တစ်ကျွန်းလုံး၊ ပြီးတော့ စဖိုကျွန်း တစ်ကျွန်းလုံးပြေးနေရတယ်။ အခုလည်းတိုက်ပွဲဖြစ်ဖို့ အလားအလာတွေမြင်နေရတယ်။” လို့ ရသေ့တောင်မြို့နယ် ရွာသစ်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

ရသေ့တောင် ပိန်းတောကျေးရွာက ဒေသခံတွေဟာလည်း တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးမှုတွေရှိသလို ဖေဖော်ဝါရီ၂ ရက်နေ့က ကျေးရွာတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် မိသားစုသုံးဦးဒဏ်ရာရရှိပြီး ရသေ့တောင်ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ယခုအပတ်မှာတော့ ရသေ့တောင်မြို့နယ်ဖက်မှာ တိုက်ပွဲပြင်းထန်ပြီး တပ်မတော်ဖက်က ရဟတ်ယာဉ်သုံးတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့လည်း အေအေရှိနိုင်တဲ့နေရာတွေကို ပစ်ခတ်မှုတွေပြုလုပ်တဲ့အတွက် ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲမှုတွေရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း သမီးလှကုန်တန်းကျေးရွာက မူလတန်းပြကျောင်းဆရာမတစ်ဦးဟာ တပ်မတော် ဇက်ရေယာဉ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ရင်ဘတ်ကိုကျည်ဖောက်ပြီး စစ်တွေဆေးရုံကြီးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #တိုက်ပွဲကြောင့် #ဒေသခံ၂၀၀၀ထောင်ကျော်ထွက်ပြေး

Zawgyi

ရေသ့ေတာင္မွာ တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲေတြေၾကာင့္ ေဒသခံ ၂၀၀၀ ခန္႔ထြက္ေျပးတိမ္းေ႐ွာင္

ရေသ့ေတာင္၊ ေဖေဖာ္ဝါရီ ၆- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ေအေအၾကား ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က တိုက္ပြဲေတြအတြင္း အနီးအနားေက်းရြာေတြက ေဒသခံ ၂၀၀၀ နီးပါး ေဘးလႊတ္ရာသို႔ထြက္ေျပး တိမ္း႐ွာင္ေနၾကရတာဆိုရင္ ယေန႔အထိျဖစ္ေနတယ္လုိ႔ ေဒသခံေက်းရြာသားေတြဆီကေန သိရပါတယ္။

ထြက္ေျပးတိမ္းေ႐ွာင္သူေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚနဲ႔ တိုက္ပြဲမ႐ွိတဲ့ ရြာေတြကို ထြက္ေျပးခိုလံွဳၾကတယ္လုိ႔ သိရပါတယ္။

” တိုက္ပြဲျဖစ္တဲ့အျပင္ အခုေျပးေနၾကရတယ္။ ဘယ္ရြာေတြက ေျပးေနၾကလဲဆိုတာမသိဘူး ေျပးေနၾကရတာေတြ႐ွိတယ္။” လို႔ သမီးလွရြာသစ္ေက်းရြာက ဦးလံုးေယက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့ေဒသက ေက်းရြာေတြျဖစ္တဲ့ သမီးလွေက်းရြာအုပ္စုနဲ႔ စဖိုကြၽန္းအုပ္စုတို႔ကေန ေဒသခံျပည္သူ ၂၀၀၀ နီးပါးဟာ ထြက္ေျပးေနၾကတယ္လို႔ ေဒသခံျပည္သူေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

” လြန္ခဲ့တဲ့ သံုးရက္ေလာက္က တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲ ျဖစ္ၾကတယ္။ ထြက္ေျပးတာ လူေပါင္းႏွစ္ေထာင္နီးပါးေလာက္ ႐ွိမယ္ထင္တယ္။ သမီးလွကြၽန္း တစ္ကြၽန္းလံုး၊ ၿပီးေတာ့ စဖိုကြၽန္း တစ္ကြၽန္းလံုးေျပးေနရတယ္။ အခုလည္းတိုက္ပြဲျဖစ္ဖို႔ အလားအလာေတြျမင္ေနရတယ္။” လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ရြာသစ္ေက်းရြာက လံုျခံဳေရးအရ အမည္မေဖာ္လိုသူတစ္ဦးက ေျပာပါတယ္။

ရေသ့ေတာင္ ပိန္းေတာေက်းရြာက ေဒသခံေတြဟာလည္း တိုက္ပြဲေတြျဖစ္လာမွာကို စိုးရိမ္ၿပီး ထြက္ေျပးမႈေတြ႐ွိသလို ေဖေဖာ္ဝါရီ၂ ရက္ေန႔က ေက်းရြာတြင္း လက္နက္ႀကီးက်ေရာက္ေပါက္ကြဲတဲ့အတြက္ မိသားစုသံုးဦးဒဏ္ရာရ႐ွိၿပီး ရေသ့ေတာင္ေဆးရံုကို ပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။

ယခုအပတ္မွာေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ဖက္မွာ တိုက္ပြဲျပင္းထန္ၿပီး တပ္မေတာ္ဖက္က ရဟတ္ယာဥ္သံုးတိုက္ခိုက္တာေတြအျပင္ လက္နက္ႀကီးေတြနဲ႔လည္း ေအေအ႐ွိႏိုင္တဲ့ေနရာေတြကို ပစ္ခတ္မႈေတြျပဳလုပ္တဲ့အတြက္ ေက်းရြာေတြအတြင္း က်ေရာက္ေပါက္ကြဲမႈေတြ႐ွိၿပီး ထိခိုက္ဒဏ္ရာရသူေတြလည္း႐ွိတယ္လို႔ သတင္းရင္းျမစ္ေတြအရ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ကလည္း သမီးလွကုန္တန္းေက်းရြာက မူလတန္းျပေက်ာင္းဆရာမတစ္ဦးဟာ တပ္မေတာ္ ဇက္ေရယာဥ္က ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ေၾကာင့္ ရင္ဘတ္ကိုက်ည္ေဖာက္ၿပီး စစ္ေတြေဆးရံုႀကီးကုိ ေရာက္႐ွိေနတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #တုိက္ပြဲေၾကာင့္ #ေဒသခံ၂၀၀၀ေထာင္ေက်ာ္ထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW